Wednesday, October 29, 2008

Happy B!rthday CMS

မွေးနေ့မှာ ပျော်ရွှင်ပါစေ တူလေးချမ်းချမ်းရေ
(စလုံးမှာ 29th October ရောက်ပီမို့ စောတင်သလိုဖြစ်သွားပီထင်ပ ဘာပဲဖြစ်ဖြစ် မြန်မာစံတော်ချိန်နဲ့ဆို ကေတယ်မို့လား)

အသက်တစ်နှစ်ကြီးလာသလို တစ်နှစ်စာအတွေ့အကြုံတွေနဲ့အတူ ပိုရင့်ကျက်လို့ အခက်အခဲတွေကို လွယ်လွယ်ကူကူဖြတ်ကျော်နိုင်ပါစေ
လာမဲ့နှစ်အတွက် စာမေးပွဲလဲ အခက်အခဲမရှိ ဖြေနိုင်လို့ အလုပ်အကိုင်ကောင်းတွေ လွယ်လွယ်ကူကူ အမြန်ရပါစေ
အချိန်အားတွေရလို့ ဝေမျှသင်ခန်းစာတွေ သီချင်းသစ်တွေနဲ့လဲ ဘလော့ဂင်းနိုင်ပါစေ
သဘောကောင်းရုပ်ချော ကောင်မလေးတွေလဲ ၀ိုင်းဝိုင်းလည်ပါစေ
ပျော်လဲပျော် ၀မ်းလဲနည်းတယ် ဆိုတဲ့ရက်တွေလဲ ကုန်ပါစေ :P (မသိရင် ပြောပြမယ် ကော်ဖီတိုက်)
ဘ၀ပင်လယ်မှာ လှိုင်းတွေထန်တိုင်း အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားနိုင်တဲ့ အမေဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အမေရဲ့ ရည်မှန်းချက်တွေကို ဆက်လက်ဖြည့်ဆည်းနေရင်း နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်မှု အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် smile








P.S
ကဲ တတ်သမျှ မှတ်သမျှ နင်နဲ့ပတ်သက်သမျှ ဆုတွေတော့ တစ်သီတစ်တန်းကြီးတောင်းပေးပီးသွားပီ ကိုချမ်းရ။ ဖြစ်နိုင်ရင် အွန်လိုင်းကနေ နင့်မွေးနေ့ဆုတောင်းတာမျိုးမဟုတ်ပဲ ငါတို့တွေ အတူဆုံပြီး ပျော်ရွှင်တဲ့မွေးနေ့ပွဲလေး ကျင်းပချင်ပါရဲ့။ ခုတော့ ဘလော့ကနေပဲဆုတောင်းပေးပြီး အွန်လိုင်းကနေပဲ 3-pr3s3ent အနေနဲ့ အင်္ကျီနှစ်ထည်ပို့လိုက်တယ်။ နင်နဲ့တော်မယ်ထင်ပ :P
ငါ့ကိုတော့ အီးကိတ် တို့ ချာဘာဂီးတို့ ပြန်ကျွေးနဲ့ ကြိုက်ဘူး ကိုယ်ဘာသာပဲစား မွေးနေ့အရှင်ကြီးရေ...

4 comments:

မီးငယ် said...

Happy Birthday Ko Pho Chan!
မမီ ဆီကနေပဲဆုတောင်းပေးလိုက်တယ်နော်....
မမီပြောသလိုပဲ အီးကိတ်တွေ လာမကျွေးနဲ့...ချားပူး..
မြန်မာပြန်ရောက်မှပဲကျွေး..အကြွေးမှတ်ထားမယ်.. :D

Steve Evergreen said...

Pink shirt, nice. I have 4 :)

CMS said...

မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ အန်တီမီ :)

ပျော်ရွှင်ချမ်းမြေ့ပါစေ

Pinkgold said...

ဖိုးချမ်းမွေးနေ့ကိုတောင် မသိလိုက်ဘူးတော့

Happy Belated Birthday ပါ ဖိုးချမ်းရေ

မုန့်လည်း ကျွေးဝူးတော့ အိအိ