Thursday, October 9, 2008

ခါးသက်သက် ဘ၀တကွက်

တခါတလေတော့လည်း
ဘ၀က ခါးသက်သက်
လွယ်မယောင်နဲ့ခက်

ထင်သလောက်မလွယ်တာလား
ထင်တာထက်ပိုခက်တာလား
ဘာမှန်းမသိတော့ပါလား

လွမ်းရေးထက် ၀မ်းရေးခက်
ကံကြမ္မာက တအားရက်စက်
အလုပ်ရှာရင်း အသက်ထွက်..

အဟိဟိ ဘာရယ်မဟုတ် အလုပ်မရလို့ ဒီကဗျာ စပ်လိုက်တာ
စိတ်မပူပါနဲ့ လာမခြောက်ဘူးနော်..
အော်..ပိုပူနေဦးမယ် အေးဆေးပါ အားလုံးပုံမှန်ပဲ :P








2 comments:

မိုးကြယ် said...

မမီရေ အားလုံးပုံမှန်ပဲလား..
တစ်ခါတစ်လေ ချိုစိမ့်လေးပြောင်းသောက်ကြည့်ပါလား .. :)

ကောင်းကင်ကို said...

အသက်ထွက်သွားရှာပြီကိုး ဟီးဟီး