Wednesday, October 1, 2008

လူတစ်ခု ပူမှုဆယ်ကုဋေ

ခေါင်းစဉ်တပ်ထားတာကြည့်ပီး လာဖတ်တဲ့သူတွေ စိတ်ညစ်ပါနဲ့ဦးနော်
အပူတွေမျှတယ်ရယ်လို့မဟုတ်ပါဘူး
ဒီရက်အတောအတွင်း ကိုယ်တွေအပါအ၀င် ကြုံရကြားရ နားဝမှာရော ရင်ထဲမှာပါ မသက်မသာခံစားရလို့ပါ။
ဟိုးအဝေးကြီးက နွေရာသီကုန်လို့ ဆောင်းဦးပေါက်ရောက်နေတဲ့ တစ်နိုင်ငံက သူငယ်ချင်းလေးကလဲ ဘာတွေတွေ့ကြုံစိတ်ညစ်နေလဲမသိ စိတ်ညစ်သတဲ့
ဟိုတစ်လောက သွားလည်ဖြစ်တဲ့ နိုင်ငံက သူငယ်ချင်းလေးကလဲ လူမှုရေးရော အလုပ်ပါပါမယ်ထင်တယ် အဆင်မပြေတာတွေများ ကံများမကောင်းလေသလား စိတ်ညစ်သတဲ့
ကျမကလဲ အလုပ်ကရှာမရသေး အိမ်ပြောင်းဖို့အရေး အလုပ်တွေရှုပ်သွားလို့ စိတ်ညစ်နေခဲ့ပါရဲ့ (ခုတော့ ပြောင်းပြီးသွားပီ)
ရန်ကုန်မှာတုန်းက အလုပ်အတူလုပ် ထရိန်နင်းအတူဆင်းခဲ့တဲ့ သူငယ်ချင်းလေးကလဲ ဗီဇာနှစ်ပတ်သာကျန်တော့တာ အလုပ်အတွက် အင်တာဗျူးက နှစ်ခါပဲဖြေရသေးတော့ ဘာဆက်လုပ်ဖို့ မဆုံးဖြတ်နိုင်သေးပဲ စိတ်ညစ်နေပုံပဲ
အခန်းမှာ အတူနေတဲ့ အသက်နှစ်ဆယ်စွန်းစွန်း ညီမငယ်လေးကလဲ အလုပ်တဖက် supply ထိတာကတစ်ဖက်နဲ့ အဖြေရှာခက်အောင် စိတ်ညစ်သတဲ့
ဟိုးအဝေးကြီးက ဆရာဝန်အစ်ကိုကြီးတစ်ယောက်ကလဲ .....စိတ်ညစ်သတဲ့
အင်း...အဲဒါတွေကို ဘယ်လိုကူဖြေရှင်းပေးရမလဲလေ
ပြောမယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို မကူနိုင်တဲ့အခါ ကိုယ်လဲကိုယ့်အပူနဲ့ကိုယ် ရှိတဲ့အခါ
အော်...လူတစ်ခု ပူမှုဆယ်ကုဋေ အော်သာငိုလိုက်ချင်တယ်လေ
ဒါပေသိ အဲလိုနဲ့ ပီးသွားမှာမဟုတ်
ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲဟုတ်
ကိုယ့်ကိုယ်ကိုလဲအားပေးတယ်
သူငယ်ချင်းတွေကိုလဲ အားပေးချင်တယ်

အမှောင်ဆုံးသန်းခေါင်ပီးရင် အာရုဏ်နဲ့အတူ ရောင်နီဦးအလင်းရောင်လာမယ်လေ

555
5tee
Never Never Give up!

2 comments:

Min Min said...

လူတိုင်းဟာ ဒီလိုပါပဲ . ကိုယ့်အပူနဲ့ ကိုယ်ရှိနေကြတယ်။ လူဖြစ်နေသရွေ့ ရှိနေမှာပါပဲ၊ ဒီတော့ Strong ပေါ့။ အဆင်မပြေရင် စိတ်ညစ်တာပါပဲ။ စိတ်ညစ်တယ်ဆိုတာ အဆင်မပြေလို့ပေါ့၊ အဆင်ပြေရင် ဘယ်သူက စိတ်ညစ်မှာလဲ။

nobody is perfect ကို သိနေကြလို့ အဲဒါကြီးကို ရင်ဆိုင်ပြီး ဘဝကို ဖြတ်သန်းသွားလာနေကြတာပါပဲ။ အားပေးပါတယ်၊ ကျွန်တော်ခံစားဘူးတယ်၊ ဗီစာကုန်တဲ့ အလုပ်ကို စိတ်ညစ်ခဲ့ဘူးတယ်၊ အဲဒါကြောင့်လည်း ဝေးဝေးလန်လန်နေရာကို လာခဲ့တာ။ အဲဒီ ဒဏ်တွေ မခံနိုင်တော့လို့ပါ။ နောက်တစ်ခုက မြန်မာပြည်သားဖြစ်နေတော့ ပိုပြီးတော့ စိတ်ညစ်ရတယ်၊ ကျွန်တော်တို့ကို ပြင်ပနိုင်ငံတွေက အမှိုက်တွေလို့ ထင်ကြတယ်း(၊ ဒါပေမဲ့ အမှိုက်တွေဟာ တစ်နေ့ အသုံးပြုလို့ ရတယ်ဆိုတာ သူတို့ သိနိုင်တဲ့ နေ့အထိ ကျွန်တော်လည်း လက်တွေ့လုပ်ပြခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အောင်နိုင်ခြင်းပါပဲ။ အားလုံးအဆင်ပြေပါစေ

သကြားမင်း
ထိုက်မင်း

Zin Ko Latt said...

စိတ်ညစ်နဲ့။ လာ မောင်ပွတ်အိမ်နားက ကုလားဆိုင်မှာ ပလာတာ သွားစားမယ်။