Sunday, September 7, 2008

World Blog Day အထိမ်းအမှတ် SG MMbloggers gathering party


World Blog Day အထိမ်းအမှတ် စင်ကာပူရှိမြန်မာဘလော့ဂါများပါဝင်ဆင်နွှဲသော gathering party ကို ဒီနေ့ ၆ရက် စက်တင်ဘာ ၂၀၀၈ စနေနေ့ ညနေ ၄နာရီမှာစတင်ပြီး ည၁၀နာရီခွဲအချိန်မှာ အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပါပြီ။
ကွန်ဖန်းစာရင်းထဲမှ ၄ဦးမှလွဲ၍ အားလုံး ဘလော့ဂါ၂၅ဦး ပါဝင်ဆင်နွှဲခဲ့ပြီး ဧည့်သည်တော် ကိုဂျွန်မိုး(MMITPROS) မိသားစုနှင့် ဖြိုးမင်းထွန်း(MMITPROS) တို့ပါ လာရောက်ဆင်နွှဲခဲ့သည်။

၁) MrDBA
၂) မယ်လိုဒီမောင်
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ်
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind
၁၀) ToMMyGiRL
၁၁) မဗေဒါ
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁
၁၅) မိုးကြယ်
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) ၂၁) ညီညီ (သံလွင်)+ စကားပန်း
၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
၂၃) စက်တင်ဘာဒရင်းမ်
၂၄) ပုလုကွေး
၂၅) happy cloud
၂၆) ကိုငယ်(မန္တလေး)


ဓာတ်ပုံတွေလည်း မေးလ်နဲ့လဲရောက်တာတွေရောက်ပီး MBS တွင်လည်းတင်တာတွေတင်ကုန်ကြပီ။ ပုံများကို ကျမတော့ကြည့်လို့မ၀နိုင်ဘူး x အကြိမ်တစ်သိန်းပါ
ဒီနေ့ပွဲကြီး ဒီလိုအောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ စပွန်ဆာပေးသူများ၊ organizer များ၊ အသီးသီးအသက တာဝန်ကိုယ်စီယူပေးကြသူများ၊ လာရောက်တွေ့ဆုံပါဝင်ကြသူများ၊ မလာနိုင်သောသူများရော ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ဒီပွဲရဲ့ ပုံများကိုလဲ ဦးဦးဖျားဖျားလာတင်ပေးထားတဲ့ emotion of mind ကိုလဲ အထူးကျေးဇူးတင်ကြောင်း၊ ဓာတ်ပုံများပို့ပေးလာသော MrDBA ကိုလဲအထူးကျေးဇူးတင်ကြောင်း။

ဒီလင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။
photos from Emotion of Mind
photos from MrDBA

အရမ်းပျော်တယ်၊ ၀မ်းသာတယ်... (မျက်ရည်များတောင်လည်ချင်တယ်လေ) :)

ဒီနေ့အစီအစဉ်လေးကို အရင်ပြောမယ်နော်

ကျမတို့ ညနေ၃နာရီကတည်းက pasir risk MRT ကနေ bus no. 403ရှိတဲ့ interchange မှာရောက်ပြီးစောင့်နှင့်ပါတယ်။ မတ်ဆေ့ခ်ျတွေဝင်လာ၊ ဖုန်းတွေဝင်လာပြီး လူစုတယ်၊ စောင့်တယ်။ မဗေဒါက pasir risk park မှာရောက်နှင့်တယ်။ MrDBA တို့ ၈ယောက်လောက်တစ်အုပ်စုက ဘတ်စ်နဲ့အရင်သွားကြည့်တယ်။ လမ်းကြောင်းသိပ်မသိလို့လေ(ရှေ့ပြေးအနေနဲ့ အဟဲ)။ ကျမတို့ ကျန်ခဲ့တဲ့ ၁၄ယောက်လောက်က တော့ ၅နာရီလောက်မှာ taxi နဲ့အမြန်ပြေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ BBQ လာပို့တဲ့ကားက ရောက်နေပြီး ၁၅မိနစ်အတွင်း လာယူပါ့မယ်ပြောမိလို့လေ :P

အဲလိုနဲ့ pasir risk park, area 1, pit no. 8 မှာ လူတွေတဖြည်းဖြည်းစုံသွားပီး ၆နာရီလောက်မှာ attendance စကောက်တယ်။ organizers တွေရဲ့ လက်ဆောင် mbs sticker လေးတွေလဲ ကပ်ဖို့ဝေပေးလိုက်တယ်။ ပြီးတော့ ယိမ်းနွဲ့ပါး(ကိုနေ၊မိုးကြယ်) တို့ကလဲ သူတို့လုပ်ထားတဲ့ gathering party အမှတ်တရ bookmark လေးတွေလဲဝေပေးသေးတယ်။ နောက်ကျနေတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းတို့လဲလာရော တစ်ယောက်ချင်းစီမိတ်ဆက်ကြတာပေါ့။(အပေါ်က လစ်အတိုင်းအလှည့်ကျလေ) ဧည့်သည်တော်ကြီး ကိုဂျွန်မိုးကတော့ ဒီပွဲမှာ MC လုပ်ပေးသွားတယ်(ကျေးဇူးပါဗျို)
မီးတွေလဲမွှေးပြီး ကိုဇေယျာနဲ့ စိုးမင်းထိုက်(တောင်ပေါ်သား)တို့ကလဲ အကင်တွေစကင်လို့ လက်စွမ်းပြနေပီ။ သူတို့မိတ်ဆက်ကလှည့်ကျတော့ အကင်တွေတူးတူးပေါ့ထားခဲ့တယ်လေ(အဲ ဟုတ်ဘူး ကျမတို့ ၀င်ကင်ပေးတယ်)

အားလုံးမိတ်ဆက်ပြီးကြတော့ ကျမတို့ဘာလုပ်သလဲဆိုတော့ ကျမတို့ရဲ့ ချစ်သူငယ်ချင်းဘလော့ဂါကြီး နေဘုန်းလတ် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ၃မိနစ်လောက်ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်လေ။(ဒီနေ့ပွဲကို သူသာဆင်နွှဲခွင့်ရှိရင်သိပ်ပျော်ရှာမှာပဲလို့တွေးမိရင်း တနေ့လုံး သတိတွေလဲရနေပါရဲ့) :-(

ပြီးတော့ sharing contribute လုပ်ဖို့ပြောထားတဲ့အတိုင်း စက္ကူအိတ်လေးနဲ့လိုက်ကောက်လိုက်တော့ နှမြောတွန့်တိုမရှိ ၀ိုင်းထည့်ကြတာ များနေမစိုးလို့ မနည်းတောင် ထိန်းလိုက်ရတယ်(ယုံလားတော့မသိဘူး) တကယ်ပါ အဲဒါပိုတဲ့ပိုက်ဆံတွေကို စပွန်ဆာတွေကို ပြန်ခွဲပေးဖို့ပြောကြည့်တော့ သူတို့တတ်နိုင်တဲ့ပမာဏကို စပွန်ဆာပေးထားတာဖြစ်လို့ ပိုတာကို MBS ကလုပ်တဲ့ အလှူတခုခု သို့မဟုတ် လိုအပ်တာတခုခုအတွက်ပဲ donation အနေနဲ့သုံးပေးပါတဲ့လေ။ ကောင်းလေစွ ဂွတ်ထပေါ့နော်။

အဲဒီလိုကောက်နေတုန်း MC ကလဲ bloggers တွေရဲ့ လက်ရှိအလုပ်အကိုင်အကြောင်း စိတ်လိုလက်ရလိုက်မေးပေးရင်း လာရောက်ကြသူများကို ပိုပြီးရင်းနှီးစေပြန်ပါတယ်။

ပြီးတော့ ကျမကလှည့်ရောက်ပါပြီ။ ဘာလုပ်မလဲဆိုတော့ ကျမ ရန်ကုန်မှာ ဆီမီနာမလုပ်ရလို့ ပြောခွင့်မကြုံတဲ့ ‘Socialization on Net’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျမနားလည် ခံယူမိသလောက်လေးကို အားလုံးရှေ့မှာ ချပြလိုက်ပါတယ်။ (ပို့စ်တစ်ခုအနေနဲ့ သီးသန့်တင်ပါမယ်နော်)
အဲဒီကျမပြောသွားတဲ့ခေါင်းစဉ်လေးပေါ်မှာပဲ MC ကိုဂျွန်မိုးက သူ့အမြင်နဲ့ သဘောထားခံယူချက်လေးကို ၀င်ရောက်ဖြည့်စွက်ပြောသွားပေးတာ အားရစရာပါ။
အဲဒီအချိန်မှာ ဗိုက်ဆာနေပြီဖြစ်တာကတစ်ကြောင်း အကင်ဆရာတွေလက်စွမ်းပြထားတာကလဲ အဆင်သင့်ဖြစ်နေတာကတစ်ကြောင်းမို့ စားရင်းသောက်ရင်းနဲ့ အားပေးကြတာပေါ့နော်။

ခဏတာ အစားအသောက်အချိန်လေး ပေးပြီးနောက်မှာ fun game တာဝန်ယူထားတဲ့ ဇင်ကိုလတ်ကနေပြီး ပျော်ရွှင်စရာ game တခုကို စမိတ်ဆက်ပြောပြပြီး စကစားပါတယ်။ ၃ယောက်တစ်ဖွဲ့နှုန်းနဲ့ ၈ဖွဲ့ပေါ့နော်။ ပျော်စရာပါ။ နောက် game တစ်ခုကိုအစပျိုးချိန်မှာတော့ မိုးကရွာလာပါတယ်။ တနေ့လုံးမိုးမရွာစေဖို့ဆုတောင်းတာကို ကျမရဲ့ ဒီနေ့အလုပ်အင်တာဗျူးထက် ပိုပြီးဆုတောင်းထားခဲ့တာပါ။ အပြည့်အ၀ဆုတောင်းမပြည့်တာပေါ့နော်။ ၉နာရီလောက်ရှိမယ်ထင်တယ်။ ကျမတို့က ဟိုဘက် အမိုးအောက်ကို ရွှေ့နေတုန်း ဇင်ကိုလတ်တို့က ထီးတွေသွားယူကြတယ်။ မိုးတွေသည်းကြီးမည်းကြီးဖြစ်တော့အားလုံးအမိုးအောက်ရောက်နေပြီမို့ တော်ပါသေးသည်။ အဲဒီအမိုးအောက်မှာပဲ နောက်ထပ်ပျော်ရွှင်စရာ game များဆက်ကစားဖြစ်ကြသည်။ သူများအဖွဲ့တွေရှိသော်လည်း အဆင်ပြေသည်။ ခြေထောက်အောက်က မြက်ခင်းတွင် ရွှံ့တွေအစကတည်းကရှိသည်။ မိုးများတော့ ခြေမျက်စိပါမြုပ်လာသည်။ ဇွဲကားမလျှော့ ဆက်ဆော့ဆဲ။ ၁၀နာရီကျော်တော့ မိုးစဲပီ။ ဝေးသူများလည်းပြန်ချင်လာသည်။ တချို့ကလည်း မပြန်ချင်သေး။ သို့သော်ကြားချ၍ ၁၀နာရီခွဲတွင် အောင်မြင်စွာပွဲသိမ်းကာ လူစုခွဲ၍ပြန်လာကြသည်။ ကျမတို့က ပစ္စည်းတွေသိမ်းရသေးသည်။ ပွဲမှာ ကြက်တောင်ပံကိုက်နေသောပုံနှင့် ကျမ တကယ်သေချာမစားဖြစ်၍ ဗိုက်ဆာနေသောကြောင့် ang mo kio က ကုလားဆိုင်တွင် ကီးမားပလာတာစားကာ အိမ်ပြန်လာသည်။ ညတစ်နာရီထိုးချေပြီ။ ခုတော့ ဒီပို့စ်ကို ကြိုးစားပမ်းစားတင်တာ ၃နာရီထိုးတော့မည်။ စောင့်ဖတ်မည်ဆိုသော ဘလော့ဂါမောင်နှမသူငယ်ချင်းများ ကျေနပ်ကြမည်ထင်ပါသည်။

9 comments:

Steve Evergreen said...

all looked happy. nice. a marvellous barbecue party !. noticed that it's in open space. signs of freedom and free! wondering some ?Singaporean Chinese also enjoying, not sure.

your style also good. healthy and strong teeth with white belt :)

Mr.Pooh @ မောင်ပွတ် said...

မမီရေ -
ဒီလိုမှတ်တမ်းတစ်ခု၊ အစီအစဉ်တစ်ခု ဖြစ်မြောက်အောင်မြင်အောင် အဓိကကြိုးပမ်းကူညီပေးခဲ့ မမီ၊ စပွန်ဆာတွေနဲ့ တက်ရောက်လာပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပွဲလေးကိုကြည့်ပြီး မနှစ်က ရန်ကုန်ပွဲတုန်းက ဘယ်လောက်တောင် ပျော်စရာကောင်းခဲ့မယ်ဆိုတာ ကျွန်တော်ခန့်မှန်းနိုင်ပါတယ်။ သူဖြစ်စေချင်တဲ့ “စည်းလုံးတဲ့ Blog အသိုင်းအဝိုင်းလေး” တဖြည်းဖြည်းပုံပေါ်လာနေတာကို သိရင် ကိုနေဘုန်းလတ်တစ်ယောက် အတိုင်းမသိ ဝမ်းသာနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

MrDBA said...

ကျွန်တော်လဲ အိမ်ပြန်ရောက်တော့ ခေါက်ဆွဲပြုတ်စားလိုက်ရသေးတယ် နောက် ပုံတွေတင်၊ ပို့စ်လေးတစ်ခုရေးနဲ့ ည ၁ နာရီမှ အိပ်လိုက်ရပါကြောင်း၊ နောက် မနက် ၅ နာရီလန့်နိုးလာတော့ ညက မအိပ်ခင် Upload လုပ်ထားတဲ့ ပုံတွေရဲ့ လင့်ကို အိပ်ချင်မူးတူး အီးမေးပို့လိုက်ရပါကြောင်း ...

MrDBA said...

ကျွန်တော် ပီကာဆာကပုံတွေမှာ လူနာမည်တွေ ကျိုးစားပြီး တွဲထားတယ်ဗျ စစ်ပေးပါဦး။

Ka Daung Nyin Thar said...

မမီရေ.. ဒီနေ့မှ မီမီ့ဘလော့ကို ၀င်ကြည့်မိတယ်။
အားရစရာကြီးပါလားကွယ်တို့။ တို့ကို အပြစ်မတင်ပါနဲ့နော်။ မနေ့က အိုရင်း တီသွားလို့ပါ။

ဓာတ်ပုံတွေကိုလဲ အခု ထမင်းစားပြီး ထိုင်ကြည့်နေတယ်။ ရိုက်တဲ့သူက အတော်ရိုက်တတ်တာပဲ။ ကြက်တောင်ပံဆွဲနေတဲ့ပုံနဲ့ အန်းကုန်းဘိုးဘိုး ရယ်နေတဲ့ပုံနဲ့ ဟိ (ချတာ)

မစ်(စ်)သွန်းသွန်း said...

ချစ်မကြီး .. ပျော်ဖို့ကောင်းတယ်နော့

လူသစ် said...

ပျော်စရာကြီးနော်။ ကလူသစ်လဲ ပါချင်လိုက်တာ ဟီး

Ye Naing Soe said...

Happy MBS gathering, thanks for organizers and participants. Thanks Ma Mi.

soeminhtike said...

ဒီလိုပျော်ရွှင်ဖွယ်ပွဲလေးကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်.. နောက်ပွဲများရှိရင် ခေါ်ပါအုံးနော့် အကင် ထပ်ကင်ကျွေးမယ်လေ