Saturday, September 20, 2008

Happy Birthday My Friend, Eye

အပြင်မှာလဲသူငယ်ချင်း
ဘလော့ရေးတော့လဲသူငယ်ချင်း
အရင်းခေါက်ခေါက် တူနယ်ဂျင်း
သူ့နာမည်က ငါခေါ်နေကျ ညက်လုံး
မြင်နိုင်တာတွေရော မမြင်နိုင်တာတွေပါ မြင်အောင်ကြည့်ရင်း
လောကရဲ့ သဘာဝအလှတရားတွေနဲ့ ဒီနေ့မွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာ ချစ်တဲ့မိသားစု၊ အသိုင်းအ၀ိုင်း သူငယ်ချင်းတွေနဲ့အတူ
အေးချမ်းသာယာစွာ ခံစားကြည့်မြင် ပျော်ရွှင်ပါစေဏော်

အသားအရေ ဖြူ၊နီ၊၀ါ မတူပစေ
ဆင်းရဲချမ်းသာ ဂုဏ်ဒြပ်တွေမတူပစေ
ဆူ၊ကြုံ၊ နိမ့်မြင့် ပညတ်တွေမတူပစေ
ငါတို့ရဲ့ ခင်မင်မှုတွေ ထာဝရယူလေ
နင့်မွေးနေ့မှာပျော်ရွှင်ပါစေ
အဝေးကနေပဲ တောင်းဆုခြွေ
ဟတ်ပီးဘတ်ဒေးလေ

မျက်လုံးရဲ့ ထာဝရ တူနယ်ဂျင်းကြီး နားရွက်
(မှတ်ချက်။ ။ mi mi မိမိ ဆိုတာ ဂျပန်လိုအဓိပ္ပါယ် နားရွက်တဲ့ဟ)

မယ်လိုဒီမောင်

3 comments:

မျက်လုံး said...

မမီရေ..။ ဆုတောင်းပေးတာ ကျေးဇူးပါပဲဗျာ။ မမီဆုတောင်းသလို မမီကိုယ်တိုင်လည်း အစစအရာရာ အဆင်ပြေစွာနဲ့ မိမိစိတ်တိုင်းကျ အလုပ်အကိုင် ကောင်းကောင်း အမြန်ဆုံး ရပါစေခင်ဗျာ..။

Steve Evergreen said...

wondering you still have a time to blog even after what you said something in prev post. Wonderful

MELODYMAUNG said...

>>Steve,ဒါကပြန်ဘလော့တာ ဟုတ်သေးဘူး တူနယ်ဂျင်းကြီးမွေးနေ့မို့ လာဆုတောင်းပေးထားတာ လေနော်..ရတယ်လို့ထားလိုက်လေနော်.နော်..အဟီးဟီးးးးး :)