Friday, September 5, 2008

Gotta go to BKK Trip on coming Monday

မနက်ဖန် စင်ကာပူက မြန်မာဘလော့ဂါတွေနဲ့ တွေ့ဆုံပွဲလေးပီးသွားရင် ပုံတွေတင်ဖို့ကြိုးစားရမယ်
ဆန်းဒေးကတော့ အားနေသေးတယ်
မန်းဒေးမှာတော့ ဘန်ကောက်သွားလည်လိုက်ဦးမယ်ဗျို
ပိုက်ဆံသိပ်ပေါလို့တော့ဟုတ်ဘူး မွေးနေ့လေးသွားစရာရှိတယ်
ပြီးတော့ မြန်မာမပြန်ချင်သေးလို့ စတေးရှောင် အဲလေ..ယောင်လို့ ..အဟိဟိ သွားချင်လို့သွားတယ်ပေါ့နော်
သွားသွားနိုင်လွန်းတယ်ဆိုပီး မနာလိုမဖြစ်ကြေးနော် ပြန်လာရင် တခုခုဝယ်လာခဲ့မယ်လေ
ကဲ..ဘန်ကောက်ကနေ မလာနဲ့လို့ စွတ်အော်နေတဲ့ မျိုးကျော်ထွန်းရေ လုံအောင်ပုန်း မယ်လိုဒီမောင် လာပီနော်
အဲဒီခရီးသွားဖြစ်ရင် မီထရိုတို့ ဘလော့ဂ်ဖတ်ပရိသတ်တို့ကတော့ ဘလာဂေါက်လို ခရီးသွားပို့စ်လေးတင်ဖို့ တောင်းဆိုထားတယ်ဗျ
အရင် ၂၀၀၆တုန်းက သွားတုန်းကတော့ ဘလော့ဂါမဖြစ်သေးလို့ မဘလော့တတ်သေးတာနဲ့ မတင်ဖြစ်ဘူး။
သွားထားပြီးတာကြာမှလဲ မတင်ချင်ခဲ့ဘူးလေ။
ခုတော့ မလှတမပတပုံလေးတွေပဲအမြည်းတင်ထားနှင့်မယ်နော်
အဲဒီပုံက Grand Palace မှာပေါ့လေးမျက်နှာ ဘုရားရှေ့မှာ
မြို့လယ်က ခရစ်စမတ်မီးတွေထွန်းထားတဲ့ရှေ့မှာ
(ဘလော့စရေးတုန်းကတင်ဖူးတယ် တချို့လဲတွေ့ဖူးလိုက်မယ်နော်)

8 comments:

Harry said...

လာလည်သွားတယ် Melody ..
လေးမျက်နှာက ဘုရားမဟုတ်ဘူး .. ဘရမာဗုဒ္ဓ လို့ သူတို့ခေါ်တယ် .. နတ်ဘုရားပေါ့နော်
ထိုင်းမှာ အဆောက်အဦးကြီးကြီးတိုင်းမှာ သူ့အတွက် သီးခြားနတ်စင်တွေ ထားပြီး ကိုးကွယ်ကြပါတယ်။ တတ်နိုင်ရင် တတ်နိုင်သလို ကြီးကြီးပေါ့၊ အိမ်တွေမှာလည်း နတ်စင်လေးတွေနဲ့ ကိုးကွယ်ကြပါတယ်။
အလွန်တန်ခိုးကြီးသလို ဆုတောင်းလဲပြည့်ပါတယ်။
ပျော်စရာခရီးဖြစ်ပါစေ

MELODYMAUNG said...

>>Harry, အိအိ အဲဂလိုလား four buddha images ဆိုပြီး လမ်းလယ်ကြီးမှာ ရှိတာလေ အဲဒါကို ညန်မာလိုပြန်တော့ လေးမျက်နှာဘုရားပဲပေါ့ ဟုတ်ဘူးလားဆို :)10Q Harry

MyMetro said...

ဓာတ်ပုံတွေကတော့ ရှုမဝပဲ။ နုပျိုနေဆဲပဲနော်။ ဘန်ကောက်ရောက်ရင် ကျွန်တော်မှာတာ မမေ့နဲ့နော်။

MrDBA said...

ဘန်ကောက်မှာ ငြိမ်းချမ်းသွားအောင် မယ်လိုဒီလေး ဖွင့်ပြလိုက်ပေါ့(အဲ) ပြန်လာရင် အလုပ်ရပြီလို့သာမှတ်လိုက် ...

Steve Evergreen said...

i think you're sexy, want to see more.i still dont believe you're only 5 2.

Steve Evergreen said...

now i'm making your face with Angelina Jolie beach pic. I will let you know once I've uploaded on flickr. :)

MELODYMAUNG said...

Ok Steve, I loved to see your creation. I believe IT literate person can decide either original one or make-over one or new creation one. correct?

Harry said...

>> Melody .. နရွိုင်းဟိုတယ် ဘေးမှာ ရှိတာကို ပြောတာမဟုတ်လား။ Silom Road နဲ့ Rama IV Road လမ်းဆုံကလေ ...
ဘုရားဟုတ်ဘူး မယ်လိုဒီရဲ့ .. Buddha ဆိုပေမယ့် သူက ဟိန္ဒူဘုရား၊ တနည်းအားဖြင့် ဗြဟ္မာလို့ဆိုရမှာပေါ့။ သူ့ကြင်ယာတော်က ကိုယ်ယောင်ဖျောက်တမ်းကစားလို့ သူက အရပ်လေးမျက်နှာကို ပြိုင်တူကြည့်ပြီး ရှာလို့ရအောင် မျက်နှာလေးခု ဖန်ဆင်းထားတယ်လို့ ကြားဖူးတာပဲ။
အဲဒီ ဟိုတယ် အပြီးမသတ်နိုင်လို့ သူ့ဆီမှာဆုတောင်းတာ ပြည့်လို့ အဲလို သူ့နတ်ကွန်းအကြီးကြီးဆောက်ပေးထားတာ တဲ့ ... အဲဒါက Main ပဲ။ နန်းရင်း ခေါ်မှာပေါ့။
ထိုင်းရုပ်ရှင်မင်းသမီးတယောက်လည်း အကယ်ဒမီ ဆိုလား ရဖို့ဆုတောင်းတယ်တဲ့၊ အဲဒါပြည့်ရင် ကိုယ်လုံးတီးအကနဲ့ လာပူဇော်ပါမယ်ဆိုပြီး အဓိဋ္ဌာန်တာ ပြည့်လို့ နတ်ကွန်းအပြည့် အပြင်လူ မမြင်အောင် ပိတ်ဖြူတွေကာပြီး လာပူဇော်တယ် ပြောတာပဲ။
စင်ကာပူမှာလည်းအရင်ကတော့တွေ့ဖူးတယ်။ Aljunied MRT နားက လမ်းကြားလေးထဲက ထိုင်းဘုရားကျောင်း တခုထဲမှာရှိတယ်။ အခုတော့ ရှိသေးလား မပြောတတ်ဘူး။