Monday, September 29, 2008

ကျမနှင့်ပထမဆုံးများ

ပထမဆုံးတွေရေးရမတဲ့ ဘလော့ပို့စ်ထဲမှာ မေတ္တာစာနဲ့တင်မက ဖုန်းဆက်ပြီးပါတက်တဲ့သူကလဲရှိသေး(ဘယ်သူရှိမလဲ ဟွင်းဟွင်း)

ကဲ..ရေးတယ်ကွာ

ပထမဆုံး နေခဲ့တဲ့မြို့ — မန်းသမီးမို့ မန်းလေးလေ..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.ထ.က (၁၃) မန်းလေးမြို့(ဆရာမတွေကို အမကြီးလို့ခေါ်တဲ့ကျောင်းပေါ့)။

ပထမဆုံး အတန်း — မူကြိုလို့ ထည့်ပြောရင်တော့ မှန်ဦးမလားမသိဘူး(ထွန်းလဟိုတယ်မှာ ဖွင့်တယ်၊ မန်းကလူတွေသိတယ်)။

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — မွေးကတည်းက သူငယ်ချင်းနဲ့။ သူက တစ်လတော့ကြီးတယ်၊ ဇော်ဝင်းအေးတဲ့။ ၉တန်းတုန်းက ရည်းစားစကားလိုက်ပြောလို့ စက်ဘီးနဲ့ပစ်တိုက်ဖူးတယ်(ခုတော့ ကလေးဘယ်နှစ်ယောက်လဲတောင် သိတော့ဘူးအဟီး)။ ပထမဆုံးရတဲ့ ကျောင်းသူငယ်ချင်းကတော့ ပပတဲ့ မူကြိုကနေ တက္ကသိုလ် ဒုတိယနှစ်ထိတွဲခဲ့တာ(သူလဲ အခုအိမ်ထောင်နဲ့ပဲ)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — နေလင်းအောင်(တရုတ်သိုင်းဝတ္ထု ၅အုပ်တွဲထင်တယ် သိပ်မှတ်မိတော့ဘူး) အဲဒါသူငယ်တန်းကတည်းကဖတ်တာ ယုံချင်ယုံ မယုံချင်နေ။

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — ကမ္ဘာမကျေ(အဲဒါဆိုပြီးရင် အိမ်ပြန်ရတယ်လေ အဟဲ)


ပထမဆုံး အရိုက်ခံရခြင်း — သူငယ်တန်းမှာ စအရိုက်ခံဘူးတာ။ အရပ်ရှည်လို့အနောက်မှာထိုင်ရတော့ အရှေ့ကနေ ထိုင်လိုက်ထလိုက်လုပ်တာ မျက်စေ့နောက်လို့ ကွန်ပါဗူးနဲ့ သွားခေါက်မိလို့လေ အဟီး

ပထမဆုံး ရတဲ့ဆု — မူကြိုကတည်းက ဆုတွေအများကြီးစရတယ် (အာလူးကောက်တို့ အပြေးပြိုင်တာတို့ ....)

ပထမဆုံး သွားဖူးတဲ့ခရီး — မိသားစအတူတူ မော်လမြိုင်သွားလည်ကြတယ်။(၅တန်းအရွယ်လောက်က)

ပထမဆုံး စီးဖူးတဲ့ကား — မူကြိုကျောင်း ဖယ်ရီကားပါ။

ပထမဆုံး ဆိုတဲ့သီချင်း — မိုးရွာရင်မိုးရေချိုးမယ်..

ပထမဆုံး ရေးတဲ့ကဗျာ — ရိုးရိုးလေးပြောမယ် တိတ်တိတ်လေးနားထောင် သုံးလုံးထဲရယ် ငါချစ်တယ်(သူငယ်ချင်းအတွက် ကိုယ်စားရေးပေးတာ)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — စာပြန်တာပဲဖြစ်မှာပါ။ ကိုယ်ကတော့ ဘယ်လာစပေးမလဲလေနော်။ “သေတောင် နင့်ကို စိတ်ကူးထဲထည့်မယဉ်ဘူး” လို့ ဟီးဟီး

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — နိုင်တီးနိုင်းတီး အိတ်..ကြော်ငြာဝင်ပါပြီ။ ဒီမှာဖတ်ကြည့် အသေးစိတ်ရှိ၏။ http://melodymaungmm.myanmarbloggers.org/2007/05/urmmuduusofwfwju.html

ပထမဆုံး ချစ်သူ — အော် အပေါ်မှာပြောပြီးပြီလေ

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — readers digest (ကာတွန်းတွေအင်္ဂလိပ်လိုဖတ်ရတာ သဘောကျလို့)

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ဇော်ဝင်းထွဋ်ရဲ့ ရှင်သန်ခြင်း(၁) (၂) အခွေ

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — ၁၁ရက် ၅လပိုင်း ၉၅ ပါ။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — မွေးကတည်းက ရတာတွေများတယ်ဆိုပေသိ မှတ်မှတ်ရရ သုံးနှစ်သမီးမှာ ချစ်သောဖေဖေ ၀ယ်ပေးတဲ့ ဂျင်းဘောင်းဘီနဲ့ ရှူးဖိနပ်အဖြူလေး(မွေးနေ့လက်ဆောင်)

ပထမဆုံး အလုပ် — ပလုံဂွမ်ဆရာ(programmer) ၁၉၉၆။

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ရန်ကုန်ကနေ မန်းလေးကိုအပြန်ခရီး(၁၉၉၈)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ငွေတောင် ဆေးပေါ့လိပ်(မန်းကလူတွေ သိတယ်) ၆တန်းလောက်က ခိုးသောက်တယ်။. အရက်လား... ဖေဖေတိုက်တဲ့ မန်းလေးဘီယာ(သောက်ရင် မူးသတဲ့)

ပထမဆုံး တက်ဖူးသော ဆေးရုံ — အရိုးဆေးရုံ(မန်းမှာ) ၁၉၉၉ တုန်းက။ ဒီမှာဖတ်ကြည့်ဦး အသည်းယားတယ်။ http://melodymaungmm.myanmarbloggers.org/2007/12/blog-post_22.html

ပထမဆုံး ဘလော့ပို့စ် — မြန်မာလက်ကွက် ရိုက်မတတ်သေးခင် သိုးဆောင်းနဲ့စရေးတုန်းကပို့စ်ပါ http://melodymaung.myanmarbloggers.org/2007/03/my-first-step-to-write-blog-on-13-mar.html

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ အွန်လိုင်းမှာဆိုရင်တော့ ဇင်ကိုလတ်၊ အပြင်မှာတော့ နေဘုန်းလတ်

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — မုံ့ဖိုးရတာတွေစုထားပြီး အဖေ၊အမေတွေဆီမှာ အတိုးနှုံးနဲ့ ပြန်အပ်ပြီး သုံးတာလေ အဟီး

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ပထမတန်းမှာ သူငယ်ချင်းကို အနိုင်ကျင့်တဲ့ တရုတ်တစ်ယောက်ကို တံမြက်စည်းနဲ့ ကျောင်းလမ်းရှေ့တစ်ပြထိ လိုက်ရိုက်ဖူးတယ်လေ

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — ပေါက်ဖူးတယ်၊ မှတ်မိဘူး(ပေါက်ရင်ပေါက်တယ်ပဲမှတ် အဟတ်ဟတ်)

ပထမဆုံး ရင်ခုန်ဖူးခြင်း — ကျောင်းထဲမှာတင် စာမသင်ချင်လို့ စာကြည့်တိုက်ထဲသွားစာဖတ်ပြီး ကျောင်းလစ်တုန်းက(အဲလိုပြောလို့ရလား) မရရင် ထပ်ပြောမယ် ဆယ်တန်းအောင်စာရင်းထွက်တုန်းက.. အဟီး

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — အဲဒါ ဘိုဘို(emotion of mind) နဲ့တူသွားတယ်။ အစ်ကို့ဂစ်တာကို မတီးတတ်ဘဲတီးတာ ကြိုးတွေပြတ်ကုန်တယ်လေ။ အဲဒီအစ်ကိုကတော့ လိဒ်ရောဘေ့စ်ပါတီးရင်းခုတော့ သင်တန်းလဲဖွင့်ထားတယ်။(တစ်ရက်ပဲကြီးတဲ့ အစ်ကိုဝမ်းကွဲပေါ့)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — ထိုင်းနိုင်ငံပါ(ရောက်ရောက်ချင်း တော်တော်ထိုင်းတာပဲလို့လဲ ခံစားဖူးပါတယ်)

ကဲ..ဒီလောက်ဆိုရင် လာတက်ထားတဲ့ (emotion of mind)ဘိုဘို တော့ ကျေနပ်မယ်ထင်ပါရဲ့
ပြန်တော့မတက်တော့ပါဘူး။ ကိုယ့်ကိုကိုယ်ဖေါ် ...ပဲပြောပြော လာဖတ်ရင်း မှတ်မှတ်ရရပထမဆုံးလေးတွေ ပြန်ဖေါ်ပြဖို့ စိတ်ဝင်စားတယ်ဆိုရင် ရေးကြပါဦးလို့ပဲ ဖိတ်ခေါ်ပါတယ်။

စာကြွင်း။ ။ ကဒေါင်းတို့မစ်သွန်းသွန်းတို့တက်ထားတဲ့ တက်ကြွေးတွေတော့ နားနားပီးဆပ်မယ်နော်..နော်

9 comments:

မစ်(စ်)သွန်းသွန်း said...

တို့ ချဲထီပေါက်တုန်းက 92 နဲ့။ ဟိ..ဆရာတော်က နိုင်းနိုင်းတဲ့ ။ အမေက 99 ပဲထိုးတာ။ သွန်းသွန်းက 9 နှစ်လုံးမို့ 92 ကောက်ထိုးလိုက်တာ။ အဟား ကွက်တိပဲ။

MrDBA said...

ခုတလော ရည်းစားထားဘူးကြောင်း သိပ်ပြောတာဘဲ။ အဟိ။ မနိုင်တော့ဘူး။ တွားဘီ။

puluque said...

မမရေ..
မမရေးထားတာကို ဖတ်ပြီးရီနေတာ ရုံးက အတွင်းရေးမှုးမက ဘာလိုရီနေတာလဲတဲ့ဗျ.ဘယ်လိုပြောရမလဲနော်..ဟားဟား

pandora said...

သိုင်းလောကသားတွေပါလား။

လူသစ် said...

ရည်းစားထားဘူးကြောင်း သေသေချာချာသိထားပါတယ်။ နောက်ထပ် မကြေညာပါရန် ပြင်းထန်စွာ သတိပေးပါတယ်။

MELODYMAUNG said...

eek
တစ်ခါလေးထားဖူးပါတယ် ပြောမိပါတယ် ဂယ်ပဲ ဟွန့်
မပြောတော့လဲ မူးလို့တောင် ရှူစရာမရှိဘူးလို့ပြောသူပြော
ဝန်ခံထားတော့လဲ ပြင်းထန်စွာ သတိပေးခံရ
အော် တော်တော်သနားဖို့ကောင်းတယ် မယ်လိုဒီမောင်လေးရယ် အဟိဟိ

Zin Ko Latt said...

မမီက ဆေးပေါ့လိပ်သောက်တာလား။ သိတောင်မသိဘူး။ ဒါနဲ့ စကားမစပ် အမရယ် မီးတတို့လောက်။ :)

mabaydar said...

မမီရဲ့ ပထမဆုံးတွေဖတ်ရင်း ... အချစ်ဦးနဲ့ပိုစ့်ပါသွားဖတ်လိုက်တယ်.. ခံစားသွားရပြီ...

ဂျစ်တူး - gyit_tu said...

အချစ်ဦးနဲ့ ပို့စ်လေးကို ဖတ်ပြီး စိတ်မကောင်းဘူး မမီ ။

ပထမဆုံး ရည်းစားစာကို ဖတ်တော့ .. ဟိုက်ရှားပါးလို့ အော်မိပါရဲ့း)