Friday, September 26, 2008

အချစ်ငှက်ဆီ ...(၀ှက်ထားတာဏော်)

ဘလော့ပေါ်တင်ရင် အလုပ်ရတယ်ထင်မစိုးလို့ back date နဲ့ခဏ၀ှက်ထားလိုက်ချင်တဲ့ကဗျာ တစ်ပုဒ်
(ကျေးဇူးပြု၍ မမြင်ချင်ယောင်ဆောင်ပေးကြနော်)

မင်းရဲ့အနမ်းတွေက
ဝိဥာဉ်နှုတ်တဲ့ လိပ်ပြာတစ်ကောင်ရဲ့
နှုတ်ခမ်းတွေအလား
ငါ့နှလုံးသားလေးကို
တစ်ကြိမ်စုပ်နမ်းသွားဖူးစဉ် ကတည်းက...
တစ်သက်တာ နလံမထူနိုင်အောင်
မိန်းမောသွားရင်း
အကြင်နာချောက်ကမ်းပါးထဲ ထိုးကျခဲ့တာ
ကိုယ်တိုင်တောင် မသိလိုက်မိပါလား...

ငါ့နှလုံးသားလေးသေဆုံး
ဆယ်စုနှစ်တစ်ခုလုံး
ပြတိုက်ထဲမှာလို အမှောင်ဖုံးရင်း
တိတ်တဆိတ် ကြေကွဲအထီးကျန်နေခဲ့သလား..
အပြာရောင်ကောင်းကင်ထက်ဆီက
မျှော်လင့်ချက်အတောင်ပံတစ်စုံ အစဉ်ရိုက်ခတ်နေဆဲလဲ
မင်းနဲ့ငါ ပြန်မဆုံနိုင်အောင် ဒီဘ၀မှာလွဲ
ကဲ...ဒီနှလုံးသားလေးမပုပ်ခင်
ကိုက်ချီချင်တဲ့ အချစ်ငှက်ဆီ...
လှမ်းခွင့်ပြုတော့လေ..သခင်။ ။



4 comments:

မိုးကြယ် said...

ဆယ်စုနှစ်တစ်ခုလုံး
ပြတိုက်ထဲမှာလို အမှောင်ဖုံးရင်း...

မမီရေ ပြတိုက်ကမီးပျက်နေလားဟင်.... :P
စတာ...

ကဗျာလေးကခံစားရ တယ်ဗျာ...
good hta.. good hta

flowerworld said...

မမီရေကဗျာလေးက ရေလည်မိုက်တယ်
(မင်းရဲ့အနမ်းတွေက
ဝိဥာဉ်နှုတ်တဲ့ လိပ်ပြာတစ်ကောင်ရဲ့
နှုတ်ခမ်းတွေအလား
ငါ့နှလုံးသားလေးကို
တစ်ကြိမ်စုပ်နမ်းသွားဖူးစဉ် ကတည်းက...
တစ်သက်တာ နလံမထူနိုင်အောင်
မိန်းမောသွားရင်း
အကြင်နာချောက်ကမ်းပါးထဲ ထိုးကျခဲ့တာ
ကိုယ်တိုင်တောင် မသိလိုက်မိပါလား...)
ဒီစာပိုက်လေးက တော်တော်လေးကိုထိတယ်ကွာ..

မစ်(စ်)သွန်းသွန်း said...

မမမီ.. မရိုးတော့ဘူး။

MrDBA said...

အဟမ်း အဟမ်း အဟွတ် ..
လက်ဖွဲ့ဖို့ စုထားရတော့မလား ဗျ။
စကားမစပ် ... ဘီယာစုပ်သလိုဘဲလား ဟင်