Monday, September 1, 2008

အနာဂတ်လှိုင်း၏ ဆုံမှတ်များ

အနာဂတ်လှိုင်း၏ ဆုံမှတ်များ

ပြီးခဲ့တဲ့ ၂၀၀၇ ဖေဖော်ဝါရီကတုန်းကပေါ့။ ဘယ်သူက စလိုက်တယ် မသိတော့ပါဘူးနော်။ ကျနော်တို့ ဘလော့ရေးသူအများအနေနဲ့ စုပေါင်း ဘလော့စာအုပ်လေးထုတ်ဖို့ ပြင်ဆင်ခဲ့ကြဖူးတယ်။ ဒါနဲ့ ကျနော်တို့ ရန်ပုံငွေလေး စုပြီး ဘလော့ဂါတွေ တတ်နိုင်သလောက် အများစုဆီကနေ စာမူတွေ ရွေး ပြီးတော့ အယ်ဒီတာတွေ ရွေး စာမူတွေကို အယ်ဒီတာတွေက vote ပေးပြီး vote အများဆုံး ရတဲ့ စာမူတွေကို ဘလော့စာအုပ်မှာ ထည့်ခဲ့ကြတယ်။

အဲဒီတုန်းက ဆရာမဂျူးဆီက အမှာစာရဖို့ အများသဘောတူပြီး ဆရာမဂျူးကလဲ သူရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ လူထုဦးစိန်ဝင်းဆီက အမှာစာ ရခဲ့သလား မရခဲ့လားတော့ ကျနော် မသိခဲ့ပါ။ အောက်ပါ အကြောင်းအချက်တချို့ကတော့ ဘလော့စာအုပ်ထုတ်ရေးအတွက် လုပ်ခဲ့ကြတဲ့ ဘလော့မှာ တိုင်ပင်ထားချက်တချို့ ဖြစ်ပါတယ်။ တခြားအယ်ဒီတာတွေဆီက ခွင့်ပြုချက် မတောင်းမိတဲ့အတွက် နားလည်ခွင့်လွှတ်ကြပါဗျာ။



ကျွန်တော်တို့ ဘလော့ဂ်စာအုပ်အတွက် ပဏာမရွေးချယ်ထားကြတဲ့ စာမူတွေရဲ့ ကြယ်အရေအတွက်ကိုရေတွက်အပြီး . . . ကျွန်တော်တို့ အရင်တစ်ခေါက်အစည်းအဝေးတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ ကဏ္ဍတွေအတိုင်း ခွဲခြမ်းလိုက်တဲ့အခါ ဘလော့ဂ်ဆိုသည်မှာ . . . (၁၄) ပုဒ်၊ ကဗျာ (၅၅)ပုဒ်၊ ဟာသ (၁၅)ပုဒ်၊ လူမှုဝန်းကျင် (၂၃)ပုဒ် ၊ အတွေးအမြင် (၁၃)ပုဒ်၊ အထွေထွေဗဟုသုတ (၁၈)ပုဒ်၊ ရသ (၉)ပုဒ်၊

အက်ဆေး (၂၁)ပုဒ်၊ ၀တ္ထုတို (၁၃)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၃)ပုဒ် ဆိုပြီးရလာပါတယ်။ အဲဒီ့လိုခွဲပြီးတဲ့ နောက်မှာ စာမူတွေရဲ့ရရှိတဲ့ ကြယ်အရေအတွက်ကို များရာကနေ နဲရာကိုစီချလိုက်ပါတယ်။ အဲဒီ့နောက် ပထမအဆင့်အနေနဲ့ ကြယ်အရေအတွက် ၄၀ အောက်ကျတဲ့ စာမူတွေကို စပြီးပယ်ပါတယ်။ ကြယ်အရေအတွက် ၄၀ အထက်စာမူတွေထဲကမှ စာရေးသူတစ်ဦးတည်းရဲ့ ပိုစ့်တွေထပ်နေရင် ကြယ်နဲတဲ့ပို့စ်ကိုပယ်ပါတယ်။ အခြားမဂ္ဂဇင်းတွေမှာပါပြီးသားပို့စ်တွေကို ထပ်ပယ်ပါတယ်။ ဘလော့ဂ်အကြောင်းနဲ့ နည်းပညာတွေမှာတော့ စာမူနဲတဲ့အတွက် စာရေးသူထပ်နေတဲ့ပို့စ်တွေကို မပယ်ခဲ့ပါဘူး။ လူမှုဝန်းကျင်ကဏ္ဍနဲ့ ကဗျာကဏ္ဍတွေမှာ အရေအတွက်များနေတာကြောင့် ကြယ် ၄၅ အောက်ရတဲ့စာမူတွေကို ပယ်ခဲ့ပါတယ်။ အဲဒီမှာ … နောက်ဆုံးအနေနဲ့ … ဘလော့ဂ်ဆိုသည်မှာ . . . (၇) ပုဒ်၊ ကဗျာ (၁၃)ပုဒ်၊ ဟာသ (၁၀)ပုဒ်၊ လူမှုဝန်းကျင် (၁၁)ပုဒ် ၊ အတွေးအမြင် (၅)ပုဒ်၊ အထွေထွေဗဟုသုတ (၈)ပုဒ်၊ ရသ (၆)ပုဒ်၊

အက်ဆေး (၈)ပုဒ်၊ ၀တ္ထုတို (၉)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၂)ပုဒ် ဆိုပြီး စုစုပေါင်း ၈၆ပုဒ် လက်ရွေးစင်အနေနဲ့ထွက်လာပါတယ်။ အဲဒီ့ ၈၆ပုဒ်ဟာ စာမျက်နှာဘယ်နှစ်မျက်နှာထွက်မလဲ ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် ပျမ်းမျှခြင်း ပိုစ့်တစ်ခုကို နှစ်မျက်နှာခွဲနဲ့တွက်မယ်ဆိုရင် ၂၁၅မျက်နှာပဲရှိသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ စာမူတွေထပ်ထည့်ရလိမ့်မယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဘယ်လိုစာမူမျိုးတွေထပ်ထည့်မလဲ ဆိုတဲ့အချက်ကိုဆွေးနွေးခဲ့ကြရာမှာ ဘလော့ဂ်ဆိုသည်မှာ …၊ ဟာသ၊ အတွေးအမြင်၊ ရသ၊ နည်းပညာ၊ ခရီးသွားဆောင်းပါး စတဲ့ကဏ္ဍတွေအတွက်ထပ်ထည့်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒါကြောင့် အဆိုပါကဏ္ဍတွေနဲ့ပတ်သက်တဲ့ စာမူတွေကို အယ်ဒီတာများအနေနဲ့ ဒီနေရာပဲထပ်မံဆန္ဒပြုပေးနိုင်ပါတယ်။ လိုအပ်တဲ့စာမျက်နှာအရေအတွက် နဲ့ စာမူတွေရဲ့ အရည်အသွေးအပေါ့အလေး ပေါ်မူတည်ပြီးသင့်တော်သလိုထပ်မံဖြည့်စွက်သွားမှာဖြစ်ပါတယ်။

အောက်ကတော့ နောက်ဆုံးလက်ရွေးစင် စာမူ ၈၆ပုဒ်ရဲ့ စာရင်းဖြစ်ပါတယ်။ အဆိုပါ စာမူ ၈၆ပုဒ်ဟာ စီစစ်ရေးလွတ်ပါက ဘလော့ဂ်စာအုပ်မှာပါဝင်ဖို့အတွက် သေချာသလောက်ရှိတာမို့ အဲဒီ့ပို့စ်တွေကိုရေးသားကြတဲ့စာရေးသူတွေကို အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုဖို့လိုအပ်လာပါတယ်။

၁) ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း (ဘာသာပြန်ထားပါကလည်း မူရင်းစာအမည်နှင့် စာရေးဆရာအမည်ကိုဖော်ပြရန်)

၂) မြန်မာနိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသော အခြားမည့်သည့် မဂ္ဂဇင်း၊ စာအုပ်တွင်မှ ဖော်ပြဖူးခြင်းမရှိကြောင်း။

၃) မြန်မာဘလော့ဂါများစုစည်းထုတ်ဝေမည့် အနာဂတ်လှိုင်း၏ဆုံမှတ်များစာအုပ်အတွက် စာမူကို မိမိသဘောဆန္ဒအရ အသုံးပြုခွင့်ပြုကြောင်း။

၎) နည်းပညာဆိုင်ရာပို့စ်များဖြစ်ပါက မိမိရေးသားထားသော အကြောင်းအရာ အချက်အလက်များ၏ မှန်ကန်မှုကို တာဝန်ယူကြောင်း။

အခြားလိုအပ်သေးတာများရှိသေးရင် ၀ိုင်းဝန်းထောက်ပြအကြံပြုကြဖို့ဖိတ်ခေါ်ပါတယ်။

—-

ဒီလို ဆွေးနွေးခဲ့ကြပြီး ဘလော့စာအုပ်အတွက် ဒီဇိုင်းတွေ အဆင်သင့် ဆွဲခဲ့ နာမည်ပေးခဲ့၊ ဘယ်ပုံနှိပ်တိုက်မှာ ပုံနှိပ်မယ်ဆိုတာကအစ ဦးသောင်းစုငြိမ်းတို့နဲ့ ဆွေးနွေးပြီးသကာလ အခြေအနေအကြောင်းကြောင်းကြောင့် ကျနော်တို့တွေ စာအုပ် မထုတ်ဖြစ်ခဲ့ကြဘူး။ ဒါနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကစပြီး ဂျူလိုင်အထိ အကြိတ်အနယ်ဆွေးနွေးခဲ့ကြတဲ့ ဒီဘလော့စာအုပ်ဟာ အခုဆို အီးဘွတ်အနေနဲ့ စာဖတ်သူ ပရိသတ်အပေါင်းဆီ ရောက်ရှိလို့လာပါပြီ၊

ဘလော့စာအုပ်မှာ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တဲ့ အယ်ဒီတာရှော်ကြီး အဲအဲ အယ်ဒီတာကြီး ကိုစိုးဇေယျရဲ့ ဘလော့မှာ ကြွက်နှိပ်ပြီး ဒေါင်းအလုပ်လုပ်ယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

http://www.soezeyatun.com

http://www.soezeyatun.com/2008/08/blog-post_28.html

P.S: I copy it from Kadaung's post exactly. :) Thanks and credit goes to kadaung.

1 comment:

Steve Evergreen said...

အဲဒီတုန်းက ဆရာမဂျူးဆီက အမှာစာရဖို့ အများသဘောတူပြီး ဆရာမဂျူးကလဲ သူရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ လူထုဦးစိန်ဝင်းဆီက အမှာစာ ရခဲ့သလား မရခဲ့လားတော့ ကျနော် မသိခဲ့ပါ။ အောက်ပါ အကြောင်းအချက်တချို့ကတော့ ဘလော့စာအုပ်ထုတ်ရေးအတွက် လုပ်ခဲ့ကြတဲ့ ဘလော့မှာ တိုင်ပင်ထားချက်တချို့ ဖြစ်ပါတယ်။ တခြားအယ်ဒီတာတွေဆီက ခွင့်ပြုချက် မတောင်းမိတဲ့အတွက် နားလည်ခွင့်လွှတ်ကြပါဗျာ။

You should also get one from Dalai lama.