Thursday, August 21, 2008

World Blog Day's Activities in MM and SG

သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ "Socialization on Net" လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။

ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဤကဲ့သို့ ရည်ရွယ်ချက်ကောင်းများ၊ အောင်မြင်မှုများ၊ အစဉ်အလာကောင်းများဖြင့် ပြုလုပ်မည်ဖြစ်သော ဘလောဂ့်ဂါများ၏ ဟောပြောပွဲတွင် စပွန်စာများ အဖြစ် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်ပြီးလို့ main sponsor ကလွဲရင် အတော်အသင့် funding လဲအဆင်ပြေနေပေမဲ့ တကယ်လို့ မေးလ်ပို့တာကျန်ရှိသွားသူများထဲက ရက်ရောစွာ contribute လုပ်ချင်သေးသူ ဘလော့ဂါများ အမြန်အမီ လာရောက် အကြောင်းကြားနိုင်သေးကြောင်း သတင်းကောင်းလဲပါး၏ :P

အဲဒါကတော့ ရန်ကုန်စီမီနာအတွက် လက်တို့ပြီး သတင်းပေးလိုက်ပါတယ်
အဲဒီစီမီနာဖြစ်မြောက်ပြီး နောက်အပတ်မှာတော့ ကျမအပါအ၀င် စင်ကာပူရှိ မြန်မာဘလော့ဂါများ စုပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတာမျိုး ဖြစ်ဖြစ် သို့မဟုတ် ဘလော့ဂါတွေ စုပီး ဆုံတွေ့တာမျိုးဖြစ်ဖြစ် လုပ်ဖို့ လျာထားပါတယ်။ စိတ်ပါဝင်စားသူ စင်ကာပူရှိ ဘလော့ဂါများ ကျမဆီ မေးလ်ပို့ ကွန်ဖန်းလုပ်ဖို့ အသိပေးလိုက်ပါတယ်နော်။ (minimum 10persons ဆိုပျော်ပွဲစားထွက်မယ်နော်) အကျွေးအမွေးကတော့ ဆွမ်းကျွေးဆို အလှူရှင်ရှိတယ် ချစ်လေပြေက မတည်ထားတယ်။ ပျော်ပွဲစားဆိုရင်တော့ အမေရိကန် စစ်စတန် ကိုယ့်စားရိတ်ကိုယ်ခံ သို့မဟုတ် လာမဲ့လူအရေအတွက်ပေါ်မှာ ကိုယ်ကျွေးချင်တာတွေ ကိုယ်စားချင်တာတွေ ယူလာစုစားဆိုကောင်းမလားဗျာ အကြံပေးကြပါဦးဗျို (သေချာရင် နေရာနဲ့အချိန် ပြန်ကွန်ဖန်းပါမယ်)

4 comments:

MrDBA said...

အလကား တီးရမယ် ဆိုရင် စိတ်ဝင်စားပါတယ် :P

kzy1980 said...

ပေါ်တင်ကြီး ဖြစ်နေပြီနော် ဟတ် ဟတ် ဟတ်

mabaydar said...

ဒါနဲ့ စကာင်္ပူမှာ အလှူကဘယ်နေ့လဲ...

Steven said...

တို့လည်းလိုက်မယ် ချန်မထားနဲ့ ...........

ကျွန်တော့်ကို လျာထားစရင်းမှာထည့်ပေးပါနော် ။ လိုက်ဖို့တော့ ၆၀% သေချာတယ်ခင်ဗျ ။ ကျန်တဲ့ ၄၀% မှာ ၂၀%ကအလုပ်ရှင်နဲ့ ညှိရမယ် ၊ ၂၀%က ကျောင်းနဲ့လည်းညှိရမှာမို့ပါ ။ ပီားပီား ... စားဖို့ သောက်ဖို့ ဖိတ်တာဆိုတော့လည်း ကြိုးစားရမှာပေါ့ဗျာ ။ ငြင်းရမှာ အားနာလို့ ။