Wednesday, September 3, 2008

World Blog Day အထိမ်းအမှတ် စင်ကာပူက ဘလော့ဂါတွေလဲ ဆုံကြမယ်လေ

"World Blog Day အထိမ်းအမှတ် စင်ကာပူက ဘလော့ဂါတွေလဲ ဆုံကြမယ်လေ" ဆိုတဲ့ ခေါင်းစဉ်တင်ပြီး ဆွေးနွေးပါလို့ အကြံပေးလို့ စပါပီဗျ
သဘာပတိတော့ မလုပ်ပါရစေနဲ့ မသကာ ငှက္ကဌ အဲလေ ဥက္ကဌဆိုတော်သေး (အဟိ စတာ)
မတ်ဆေ့ခ်ျပို့လိုက်သလိုပေါ့နော် ရန်ကုန်ကစီမီနာဖြစ်မြောက်ပြီး နောက်အပတ်မှာတော့ ကျမအပါအ၀င် စင်ကာပူရှိ မြန်မာဘလော့ဂါများ စုပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတာမျိုး ဖြစ်ဖြစ် သို့မဟုတ် ဘလော့ဂါတွေ စုပီး ဆုံတွေ့တာမျိုးဖြစ်ဖြစ် လုပ်ဖို့ လျာထားပါတယ်။ စိတ်ပါဝင်စားသူ စင်ကာပူရှိ ဘလော့ဂါများ ကျမဆီ မေးလ်ပို့ ကွန်ဖန်းလုပ်ဖို့ အသိပေးလိုက်ပါတယ်နော်။ (minimum 10persons ဆိုပျော်ပွဲစားထွက်မယ်နော်) အကျွေးအမွေးကတော့ ဆွမ်းကျွေးဆို အလှူရှင်ရှိတယ် ချစ်လေပြေက မတည်ထားတယ်။ ပျော်ပွဲစားဆိုရင်တော့ အမေရိကန် စစ်စတန် ကိုယ့်စားရိတ်ကိုယ်ခံ သို့မဟုတ် လာမဲ့လူအရေအတွက်ပေါ်မှာ ကိုယ်ကျွေးချင်တာတွေ ကိုယ်စားချင်တာတွေ ယူလာစုစားဆိုကောင်းမလားဗျာ အကြံပေးကြပါဦးဗျို (သေချာရင် နေရာနဲ့အချိန် ပြန်ကွန်ဖန်းပါမယ်) အခုတော့ ဒီထဲမှာ စနေနဲ့တနင်္ဂနွေ ဘယ်နေ့ကပိုအဆင်ပြေမလဲဆိုတာလေး အရင် ရွေးပေးပြီး အများအားတဲ့နေ့ကို ဗုတ်လုပ်လိုက်ကြရအောင်နော အားလုံးသိုင်းခရုပါ

discussion လေးနဲနဲ လာupdate လုပ်ပါတယ်နော်(29/Aug/08)
လာမယ့် စနေနေ့ ၆ရက်နေ့မှာ Pasir ris Park မှာ BBQ နဲ့ gathering လေးလုပ်ဖို့လျာထားပါတယ်။(မဗေဒါနဲ့ Emotion of Mind နဲ့တိုင်ပင် အကြံဥာဏ်ယူပြီးနောက်ပေါ့နော်)
အဲဒါ ညနေ ၄နာရီမှာ Pasir ris interchange မှာဆုံပါမယ်။ ၄နာရီခွဲထိစောင့်ပီး Pasir ris Park ကိုသွားပါမယ်။ နောက်ကျသူများ Pasir ris park ကိုအမီလိုက်လာမှ ရမယ်နော်(မဟုတ်ရင်...)
သေချာပေါက် လိုက်မဲ့သူများစာရင်းနဲ့ လိုက်မယ်လျာထားသူများ စာရင်းလေးခွဲထားပါတယ်။
ဖျက်ချင်တာဖြစ်ဖြစ် စာရင်းမပါသေးလို့ စာရင်းပေးချင်တာဖြစ်ဖြစ် အဲဒီအတွက် ကျမရဲ့ ဖုန်းနံပါတ်(၈၁၃၄ ၂၁၈၃)ကို ဆက်သွယ်ပေးစေလိုပါတယ်။ BBQ က ကြိုတင်ဘွတ်ကင်းတင်မှ အဆင်ပြေမှာဖြစ်လို့ လိုက်မဲ့သူနာမည်စာရင်း အတိအကျ မြန်မြန်လိုချင်ပါတယ်။ စရိတ်ကတော့ MR DBA ကတ၀က် စပွန်ဆာပေးမယ်တဲ့(ဂွတ်တယ်နော် သိုင်းခရုဗျို) ။ ကျန်တဲ့တ၀က်အတွက်ကတော့ နောက်ထပ် စပွန်ဆာသမားတွေကိုလဲ အမြန်ဖိတ်ခေါ်ပါတယ်။ မရခဲ့ရင်လဲ လာတဲ့သူတွေထဲက sharing လုပ်ပြီး ကျခံသွားမယ်လေနော်။ အရင်တော့ စီစဉ်သူတွေကနေ စိုက်ထားပါ့မယ်နော်။ ကွန်ဖန်းနာမည်စာရင်း တိုးသွားပေးပါမယ်(bold names are double confirmed)

၁) MrDBA (အဟိဟိ တ၀က် စပွန်ဆာမို့ အရင်တင်လိုက်တယ်)
၂) မယ်လိုဒီမောင် (သတင်းထုတ်ပြန်ရေး နှင့် ဆက်သွယ်ရေး တာဝန်ယူ၏)
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ် ( fun game programme တာဝန်ယူ၏)
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind (ဖိတ်ကြားရေး တာဝန်ယူ၏)
၁၀) ToMMyGiRL
၁၁) မဗေဒါ (BBQ booking တင်ရန်နှင့် programme arrangement တာဝန်ယူ၏)
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁ +
၁၅) မိုးကြယ် = (နှစ်ယောက်ပေါင်း 25% စပွန်ဆာတဲ့ဗျ)
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) Steven Alexandar
၂၁) ၂၂) ညီညီ (သံလွင်)+ စကားပန်း
၂၃) စိုးမင်းထိုက်
၂၄) ပေါက်ကျိုင်း
၂၅) စက်တင်ဘာဒရင်းမ်
၂၆) လွမ်းသုရင်
၂၇) ပုလုကွေး
၂၈) ၂၉) လင်းလက်ကြယ်စင် + ၁
၃၀) happy cloud
၃၁) ကိုငယ်(မန္တလေး)

လျာထားနာမည်စာရင်း(strike names are surely not joined)

-) sky
-) မင်းယွန်းသစ်
၃၂) ဆောင်းကဗျာ
၃၃) ကိုသန့်ဇင်အောင်
၃၄) ကိုလူသစ်
-) ချစ်လေပြေ
-) ကိုမောင်ရင်(စလုံးမှာ ဟုတ်တော့ပြန်ဘူးတဲ့ )
-) ကဒေါင်းညင်သာ
-) Alvin(karaweik's )
-) Sowha1

ဒီဂရုပ်ထဲမ၀င်ရသေးပဲ လိုက်မဲ့ ဘလော့ဂါများရယ် ၊ ဂရုပ်ထဲမှာရှိပေမဲ့ စဉ်းစားနေဆဲ ဘလော့ဂါများရယ် အမြန်ဆက်သွယ် confirm လုပ်ပေးပါဦးနော်

*** (3 Sept Wed)ဒီနေ့ update status အရ လူ ၃၀စာ BBQ အတွက် အရင်ဘွတ်ကင်းတင်ပါတော့မယ်နော် BBQ ကတော့ လူထပ်တိုးရင် မျှစားသွားဖြစ်မယ်ထင်တယ်နော် လူစာရင်းတော့ မပိတ်ပါဘူး ဘယ်သူမဆို တစ်ရက်အလိုထိ အချိန်မီ စာရင်းပေးနိုင်ပါတယ်။
sponsor ကလဲ 75% ရနေပီမို့ ကျန်တဲ့ 25% ကိုပဲ joiner bloggers တွေက sharing contribute ကျခံရမှာသာ ဖြစ်ကြောင်း သတင်းကောင်းပါးတယ်နော် :) (ဒီနေ့ အားလုံးစီစဉ်ပီးရုံမက ပိုက်ဆံပါအကုန်စိုက်ရှင်းထားပြီးဖြစ်ကြောင်းဗျို)


အားလုံးကို တောင်းပန်ပါတယ်
နေရာလေးပြောင်းသွားလို့ပါ
အစက east coast မှာ စီစဉ်နေပေမဲ့ BBQ alot အတွက် ဘွတ်ကင်းတင်တာလေးနောက်ကျသွားလို့ နေရာမကျန်ဘူးဖြစ်သွားပါတယ်
အဲဒါနဲ့ Pasir ris park, area 1, Pit no.8 မှာပဲ အမြန်ပြန်ပြီး ဘွတ်ကင်းတင်ထားလိုက်တာမို့ နေရာပြောင်းသွားကြောင်း အသိပေးပါတယ်။ ဒါကြောင့် တွေ့ဆုံမှတ်(meeting point) ကလဲ pasir ris interchange မှာ စနေနေ့ ညနေ ၄နာရီဖြစ်ပါတယ်နော်။ လက်လှမ်းမီရာလေး အကြောင်းကြားပေးကြပါဦးနော်

အဲ့နေ့မှာ present changing programme လေးကို အမှတ်တရ လုပ်ချင်ပါသေးတယ်။ ဒါကြောင့် ကိုယ်စိတ်ကူးပေါက်ရာ လှတပတ လက်ဆောင်ပစ္စည်းလေးကို ပါကင်ထုတ်ပြီး အဲ့ပေါ်မှာ မိမိရဲ့ဘလော့ဂါနာမည်လေး ရေးကပ်ယူလာဖို့လဲ တောင်းဆိုပါရစေနော်
Thanks you all joiner bloggers and +1 hehe
CU soon happily!

4 comments:

Mr.Pooh @ မောင်ပွတ် said...

လေးစားရပါသော ဘာမသိ၊ညာမသိ (သို့) ငှက္ကဌကြီးခင်ဗျား -

ကျွန်တော် မွတ်ပေါင် ရူးချင်ယောင်ဆောင်ပြီး ရှောင်ရင်ကောင်းမလား တွေးနေစဉ်မှာပဲ ပျိုကညာချစ်တဲ့ အိုအေစစ်ကို ဘိုးစာလုံးနဲ့ တစ်မျိုးပြုံးအောင် ဒယ်ဘလယ်ကွန်ဖန်းထားပြီး ဖြစ်ပါသဖြင့် ရှောင်တိန်းခြင်းထက် ထိပ်တိုက်တွေ့ဆုံရေးကို ဦးစားပေး (ဦးမစားလည်း အန်တီစားပေးပါ)ကာ မပျက်မကွက် ထမင်းငတ်ခံပြီး ကိုယ့်စရိတ်ကိုယ်ခံ၊ သူများစရိတ်စိုက်ထုတ်၊ တစ်ယောက်တည်း နောက်လိုက်ခေါင်းဆောင်လုပ် လာခဲ့ပါမည့်အကြောင်း ရီပလိုင်း လုပ်လိုက်ရပါသတည်း။

မိတ်ဆက်ချင်သူ ဘလော့ဂ်ကညာပျိုများနှင့် အမျိုးသမီး ပရိတ်သတ်များ ထိန်းမနိုင်သိမ်းမရ ထကြွလာကြပါက စီစဉ်သူ လူကြီးလူသေးမင်းများမှ အဘယ်သို့၊ အဘယ်ပုံ တာဝန်ယူမည်ကို ကျွန်ုပ်၏ သက်တော်စောင့်များက သိချင်လှသည်ကိုလည်း ဖေါ်ပြလိုက်သည်။

ပုံ - (မပုံချင်လည်း ပုံးထဲပစ်ပါ)
ဘလော့ထိပ်ခေါင်
မွတ်ပေါင်
(ခတ္တ အိပ်ယာပေါ်)

mabaydar said...

နေရာအခက်အခဲကြောင့် East coast မဟုတ်ပဲ Pasir ris ဖြစ်သွားပါကြောင်း... မဗေဒါနာမည်လေးကို လဲ နက်နက်လေးနဲ့ bold လုပ်တဲ့အထဲ ထည့်ပေးစေလိုကြောင်း..
လာချင်လွန်းလို့ အလုပ်ကိုတောင် ခွင့်တင်ပြီးဖြစ်၍ နောက်ပြန်လှည့်လို့မရတော့ပါကြောင်း... အဲဒိနေ့ တွေ့ဆုံ စားသောက်တဲ့ အစီအစဉ်အပြင် ထူးထူးခြားခြား အစီအစဉ်များရှိပါက ကြိုတင်သိလိုကြောင်း...

MELODYMAUNG said...

မွတ်ပေါင်>>သက်တော်စောင့်တွေဆီ ပီအမ်ပို့ထားတယ် ရရင်အကြောင်းပြန် ဒါပဲ

မဗေဒါ>>ဟုတ်ကဲ့ update လုပ်ပြီးကြောင်းပါဗျို

MrDBA said...

ကျွန်တော်လဲ စပွန်ဆာပေးရန်အတွက် လက်ပတော့ အဟောင်းလေးကို eBay တွင်လေလံပစ် ထားပါကြောင်း .. အိ အိ (လောက်မယ်ထင်ရတာဘဲ) :'(