Sunday, August 10, 2008

ကြွားချင်လွန်းလို့ဗျို…

မယ်လိုဒီအကြွားထူပါသည်။
ကိုယ့်ကိုယ်ကိုလဲသိပါသည်။
သို့သော် ကြွားချင်ပါသည်။
ကြွားချင်လွန်းလို့ ကြွားပါရစေ ခွင့်တောင်းပြီး စကြွားပါပြီ။
ရွှေမေတ္တာတော် ပို့လိုက ပို့ သို့မဟုတ် ဤပို့စ်ကို ကျော်ဖတ်ပါဗျိုးးးးးးး :P

စင်ကာပူကိုရောက်နေတာ တစ်လပြည့်ပါတော့မည်။
ရောက်ကတည်းက KFC နှင့် Mac Donald, Burger King တို့တွင် အလှည့်ကျစားပါသည်။ ရံဖန်ရံခါ Hawker Centres များတွင် စင်ကာပူအစားအသောက်များကို စား၍သော်လည်းကောင်း StarBucks တွင် ကော်ဖီသောက်ခြင်းကိုလည်းကောင်း အစီအစဉ်အတိုင်း အလျဉ်းသင့်သလို ထည့်သွင်းထားပါသည်။
မြန်မာဟင်းနှင့် မြန်မာစားစရာမျိုးစုံကိုလည်း ပင်နင်စူလာ B1 မှ ဆိုင်အသစ်များတွင် လည်းကောင်း သံလွင်အိမ်၌ သွား၍သော်လည်းကောင်း တစ်မျိုးပြီးတစ်မျိုးမရိုးအောင် စားပါသည်။ အားနေလျှင်ပျင်းနေလျှင် Toapayoh Central နှင့် Bugis ရှိ OG တွင်လည်းကောင်း Junction 8 တွင်လည်းကောင်း shopping ထွက်ပါသည်။ Orchard တွင်တော့ အလုပ်မရသေး၍ ပိုက်ပိုက်ခြွေတာနေရသေးသောကြောင့် window shopping သာလုပ်ရပါသေးသည်။ ၀ယ်ဖြစ်သော ပစ္စည်းများမှာ စာရင်းမလုပ်နိုင်သေးသောကြောင့် မရေးတော့ပါ။

AngMoKio ရှိ ရုပ်ရှင်ရုံတွင်လည်း RED CLIFF ကို ကြည့်ရှုခံစားပြီးကာ Esplande ကိုလည်းရောက်ပီးပီ။ Handerson Waves ကိုလည်း နှစ်ခေါက်၊ Vivo City နှင့် Orchid Garden၊ တိုပါရိုး ဘုန်းကြီးကျောင်း၊ Eunos ဘုန်းကြီးကျောင်း လဲရောက်ပီးပီ။ ဆေးရုံတို့ ရဲစခန်းတို့ကိုလည်း ခင်မင်ရင်းနှီးသူတစ်ဦး ကျေးဇူးနှင့် ရောက်သွားပါသေးတယ်။(တစ်ယောက်က သောကြာနံနှင့်စသော ဘလော့ဂါတစ်ဦး နေမကောင်း၍ ဆေးရုံလူနာသွားမေးခြင်း နှင့် နောက်တစ်ဦးက အင်္ဂါနံနှင့်စသော …)
နှစ်ထပ်ဘတ်စ်ကို အပေါ်ရောအောက်ပါကြုံသလိုစီးပြီး နေရာအနှံ့ sightseeing လုပ်ခြင်း MRT ကို မြေပေါ်မြေအောက် အကုန်ရောက်အောင်စီးပြီး လျှောက်သွားခြင်းလဲ လုပ်ပီးပီ။

မြန်မာကျူးပစ် မင်ဘာများထဲမှ Garfield ကြောင်ဝတုတ် နှင့် တော်သလင်းတို့ကိုလဲ တွေ့ပါသည်။ Garfield မှ KFC လိုက်ကျွေး၍ အားနာပါးနာနှင့်သော်လည်းကောင်း တော်သလင်းမှ Singapore Sling ဖြင့် ဧည့်ခံမှုကို အားနာပါးနာနှင့်သော်လည်းကောင်း)
Singapore National Day တွင်လည်း တထိန်းထိန်းနားကွဲ မတတ်သော အသံများနှင့်ပစ်ဖောက်သော မီးရှူးမီးပန်းများကိုလည်း ရင်သပ်ရှုမော သွားကြည့်ပီးပီ။ ဘူဖေးစားနည်းနိဿရည်းကို ဟော့ပေါ့နှင့် အကင်ဆိုင်တွင် လက်တွေ့အသုံးချပြီးခြင်းသည် လည်းကောင်း မယ်လိုဒီ၏ တစ်လတာ ကြွားစရာအကြောင်းအရာများအဖြစ် အမြင်ကတ်ခံရအောင် ရေးသားတင်ဆက်လိုက်ပါတယ်နော်။ ဒန်..တန့်..ဒန်…

လွတ်လပ်စွာ ကဲ့ရဲ့နိုင်သလို ပျော်ရွှင်စွာ မျှဝေခံစားနိုင်ပါသည်။ မယ်လိုဒီအလုပ်ရပီးတဲ့အချိန် သူငယ်ချင်းမောင်နှမတွေ စင်ကာပူကို လာလည်တဲ့အခါ အခု ကြွားသွားတာတွေ အကုန်လုပ်ဖို့ စိတ်ဝင်စားရင် ကိုယ့်စားရိတ်ကိုယ်ခံ American system နဲ့အဖေါ်လိုက်လုပ်ပေးမယ်နော် တကယ်ပြောတာပါ အဟိဟိ

7 comments:

Steve Evergreen said...

I simply enjoy your posts.

Steve Evergreen said...

I'm wondering if you have half an hour of spare time a day, you could manage or post on my website. If you're interested, please leave a message on http://www.simplybeposted.com/contact

for more details.

I think we can discuss.

Anonymous said...

ပျော်စရာကြီး။ အလုပ်မြန်မြန်ရပါစေ ဆုတောင်းပေးမယ်။ အဲဒါမှ ပိုလည်လို့ ၀ယ်လို့ရအောင်။Handerson Waves ဘယ်နေ့က သွားတာလဲ။ National Day က အဲဒီမှာ လမ်းသွားလျှောက်ဖြစ်ထားလို့ ဒီပို့စ်ထဲမှာ ၂ ခေါက်တောင်သွားတယ်ဆိုလို့ စပ်စုတာ။

မောင်လူအေး said...

မယ်လိုဒီ အကြွားပိုပါသည်။ ဆိုတဲ့ စာတစ်ကြောင်းကိုပဲ မြင်ရပြီး နောက် စာတွေ အကုန်က ဟိုး အောက်ကို ရောက်ရောက်နေတယ်ဗျာ။ ပို့စ်တွေ အကုန်နီးပါး အဲလို ဖြစ်ဖြစ်နေတယ်ဗျ။ Template ကြောင့်များလား မသိဘူးနော်။

စာတစ်ပုဒ် ဖတ်တိုင်း ဖတ်တိုင်း ဟိုးအောက်ထိ ရောက်အောင် လုပ်ပြီးမှ ဖတ်နေရလို့ပါ။

စင်္ကာပူမှာ အဆင်ပြေပါစေဗျာ။

mmhan said...

အယ်... ကြွားလိုက်တာများ ကပ်ကပ်ကိုလန်လို့...

ဟိုတစ်ခေါက်ကပြောတဲ့ စလုံးက blogger တွေ picnic ထွက်မယ်ဆိုတဲ့ ကိစ္စရော စီစဉ်ဖြစ်လားဟင်?

MELODYMAUNG said...

mmhan ရေ picnic မထွက်ခင် အရင်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်မလားလို့လေ ဆွမ်းကပ်ပြီးသါားကြတာပေါ့ မကောင်းဘူးလား
လာမယ်ဟုတ် :)

mmhan said...

ဖြစ်တယ်ဗျာ.. နေရာတို့ အချိန်တို့သာပြောလိုက် :)