Saturday, August 2, 2008

“မောင်“လို့ခေါ်မယ် မောင်ခေါ်ထိုက်သူရယ်...

မလေးရဲ့ သံစဉ်မဲ့အလင်္ကာများက အင်္ဂလိပ်ကဗျာတစ်ပုဒ်မှာ မောင်လို့မခေါ်ထိုက်လို့ မောင်မခေါ်ဘူးဆိုပဲ
(ဒီမှာ http://www.lyricswithoutmelody.net/index.php?option=com_content&view=article&id=161:youre-not-my-qmaungq&catid=95:2008-07-03-07-45-40&Itemid=199)
ကဗျာလေးက ကလေးဆန်တယ်ထင်ရပေမဲ့ ချစ်ဖို့ကောင်းတယ်
ပြီးတော့ ကာရန်လဲကိုက်တယ်လေ
ကျမကတော့ ကြိုက်နှစ်သက်ပါတယ်
ဒါပေသိ မြန်မာလိုနဲနဲ ပြန်ပြောင်းရေးဖို့ စိတ်ကူးလေးပေါ်လို့ မလေးကို ခွင့်တောင်းတော့ မလေးကလဲရေးပါတဲ့
ဒါနဲ့ပဲ ဒီကဗျာလေးစပ်ပြီးတင်လိုက်တယ်

သက်ဆိုင်သူ သူသိပါစေလေ
ဒီဘ၀မှာကွယ် ရေစက်ဆုံတယ်
"မောင်"လို့ခေါ်မယ် မောင်ခေါ်ထိုက်သူရယ်

တပြည်စီခြားပေမဲ့
ကြုံလာဆုံလာပုံများကရယ်
ဆိုက်ဆိုက်မြိုက်မြိုက် အိမ်လိုက်လာမယ်

အနေနီးလို့ အဖြေသိမယ်
ရင်ထဲမှာ "မောင်" ရှိနေတယ်
မောင့်အနားမှာပဲ အရိပ်လိုကွယ်

ပုံပြင်လိုတော့ ခွဲမသွားပါနဲ့
မောင်မကြင်နာတဲ့တစ်နေ့
ဒီဘ၀မတွေ့ခဲ့ကြသလို နေပြပါမယ်

မောင်ကြင်နာမယ် ဆိုရင်တော့
တကမ္ဘာလုံးပန်းတွေဖုံးလို့ မေပြုံးပျော်မယ်
သိစေချင်တယ် မောင်ခေါ်ထိုက်သူရယ်




3 comments:

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မမီ ကဗျာလေးက ပိုလှ ပိုနူးညံ့ တယ်...

စကားပန်း said...

ဟိဟိ:) ဘယ်သူလဲကွ။ သိချင်သား။

MELODYMAUNG said...

>>မလေး အယ်..လာမြှောက်နေပြန်ပြီ ချက်ချာကြီး ရှေးသီချင်းနဲ့တူတာကြီးကိုနော်

>>စကားပန်း မပြောပြဘူး
အသေသတ်ချင်သတ်ပစ်လိုက်
ဟွန်းးးးးးးးး