Friday, August 1, 2008

ဒီနှစ်အတွက် ဘလော့ဂ်ဒေး ဘယ်လိုလဲ ဘာလဲ...

အခုဆို စင်ကာပူမှာ ည ၁၂နာရီကျော်နေပြီ
ကျမအိပ်လို့လဲမပျော်သေးဘူး
တစ်ယောက်သောသူကို သတိရတာချည်းရယ်တော့ မဟုတ်ပါဘူး
မနှစ်က blog seminar day လေးကို ပြန်ပြောင်းသတိရနေမိတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှာ ကျင်းပမဲ့ အဲဒီ ဆီမီနာလေးအတွက်

"Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ"

ဆိုတဲ့ပို့စ်လေးနဲ့အတူ ကျမတို့ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတာလေ။(မှတ်မိသေးတယ် ဟုတ်..မမှတ်မိရင် မသိလိုက်တဲ့သူတွေရှိရင် အဲ့မှာ ပြန်သွားဖတ်နော်)

အင်း ဒီနှစ်တော့ `ကျမတို့ ဘလော့ဂါတွေ ငြိမ်ချက်သားကောင်းလှချည်လား´လို့လဲဂျာနယ်တိုက်တခုမှာ အလုပ်လုပ်ရင်း မနှစ်က သတင်းတွေရယူဖူးတဲ့ ညီမငယ်လေး စိတ်ကူးရဲ့ ဒီနေ့ ချတ်ထဲမှာ တွေ့တော့ ဝေဖန်ချက်လေးကြားရတာ စိတ်ထဲမှာ မကောင်းဘူး တကယ်
မန်းမှာ ကိုမောင်လှ၊ ကိုသခင်ကြီး၊ ရတနာချို၊ ကန်ဇွန်းဥ တို့ ပုဂံနက်တို့နဲ့တွေ့တော့ သူတို့ မန်းအစီအစဉ်လဲ သိပ်မသေချာသလို ကိုယ်တွေ ရန်ကုန်ပိုင်းကလဲမသေချာဘူး
စိုးဇေယျကြီး လျာထားသလို မထွက်ဖြစ်သေးတာကြာနေတဲ့ ဘလော့ဂ်စာအုပ်ပဲ

အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............

အီးဘွတ်ခ် e-book ထွက်ဖို့ကြိုးစားရုံနဲ့တင်ပီးသွားလေမလား ဒီတစ်နှစ်ပေါ့နော် ဟူးးးးးးး

ကျမကလဲ ခုလောလောဆယ် စင်ကာပူမှာ နောက်ထပ် နေဖြစ် ၁လကျော်ကျော်ဆိုရင် blog day အမီပြန်ရောက်မယ်မထင်ဘူး။
ဒီတော့ စင်ကာပူမှာတင် ဘာလုပ်လို့ရမလဲ ကူစဉ်းစားကြပါဦးနော်
ခုအတွေးတွေနက်ပြီး အိပ်မပျော်တာနဲ့ပဲ ဒီပို့စ်လေးကောက်တင်လိုက်ပါတယ်
စင်ကာပူရောက်(သို့မဟုတ်) စင်ကာပူမှာရှိနေတဲ့ မြန်မာဘလော့ဂါ သူငယ်ချင်းမောင်နှမများတို့ရေ မအားပေမဲ့လဲ အစဉ်းစားကူပြီး ကွန့်မန့်လေးရေးပေးကြဖို့မေတ္တာရပ်ခံပါတယ်နော်
မနှစ်က အွန်လိုင်းကနေ သိုက်သိုက်ဝန်းဝန်းအားပေးကြသလို တတ်စွမ်းသရွေ့ ပံ့ပိုးကူညီကြသလို ဒီနှစ်တဖန်ပေါ့နော်
ဖြစ်နိုင်ရင် ဒီနှစ်ပိုပြီး ခေါင်းမော့ရင်ကော့ပြချင်ပါသလေ..
ဒီခံစားချက်ကို သူငယ်ချင်းမောင်နှမအားလုံးနားလည်ပြီး ထပ်တူခံစားမိမယ်ထင်ပါရဲ့နော်

ကွန့်မန့်တွေအရင်စောင့်နေပါမယ်

ပလိစ်.....

7 comments:

Min Min said...

ဖြစ်နိုင်ရင် ဖြစ်နိုင်သလိုပေါ့.. အီးဘုတ်လည်းကောင်းတာပဲ.. အရေးကြီးတာက အဆင်ပြေစွာ စာအုပ်ထွက်လာဖို့ပဲလေ.. အီးဘုတ်ဆို ပိုကောင်းမယ်ထင်တယ်.. သစ်ပင်တွေ သက်သာတာပေါ့နော်.. ဟက်ဟက်

ကိုဇေယျာ said...

မနှစ်ကတော့ စီမနာမှာ Sponsor ပေးဖြစ်ခဲ့တယ်၊ ကိုယ်တိုင်လဲ အားတက်သရောပါဝင်ဖြစ်ခဲ့တယ် (ပရိတ်သတ်ပေါ့)။ အဲဒိပွဲနောက်ပိုင်းမှ myanmar blogger အပေါ် သံယောဇဉ်သေသေခြာခြာ ရှိသွားတာပါ။ သယ်ရင်းတွေလဲ အများကြီးရတယ်။ ပျော်စရာဂျီး။ ဒီနှစ်လား။ ဘယ်လိုဖြစ်မယ် မသိဘူး။ ဘာပြောရမှန်းလဲ မသိဘူး။ ခုချိန်မှာ သတိအရဆုံးက ကျနော့်အကိုကြီး ကိုနေဖုန်းလတ်ပဲ ဒီပွဲအတွက် သတိရတာရော၊ ကျနော်တို့ myanmar liverpool fans တွေရဲ့ forum www.lfc4myanmar.com ရဲ့ ပထမဦးဆုံးနှစ်ပတ်လည်၊ ပထမဦးဆုံး ဆုပေးပွဲနဲ့ တွေ့ဆုံပွဲကို ပျော်ပျော်ရွှင်ရွှင် ခမ်းခမ်းနားနားလုပ်နေတဲ့ အချိန်မှာ သူ့ကို အရမ်းသတိရမိတာ အမှန်ပဲ။ ဒီဟာလေးလုပ်ဖို့ သူနဲ့ ကျနော်တို့ စတိုင်ပင်ဖြစ်ခဲ့ကြတာလေ။ sunday တိုင်း ဘောလုံး ချိန်းကန်ရင်း အပြန်ပြောဖြစ်နေခဲ့ကြတာ။ ကဲပါလေ ... မမီရဲ့ မေးခွန်းကို ဖြေရရင် ကျနော်လဲ ဘာဖြစ်မယ်မှန်းမသေခြာသေးဘူး။ blogday မှာ ရန်ကုန်မှာပဲ ရှိမလား၊ စလုံးပဲ ရောက်နေမလားဆိုတာ။

Ka Daung Nyin Thar said...

မီမီရေ..

ဘလော့စာအုပ်နဲ့ ပတ်သက်ပြီးတော့ ပြောတာလားဟင်.. ဒါမှမဟုတ် ဆင်မီနာအတွက်များ ပြောတာလား။
ဆင်မီနာအတွက်တော့ နာတို့ ဘယ်လို ကူညီရမှန်းမသိဘူး။ ရန်ကုန်မှာမှ မရှိတာလေ။ အင်း ကိုနေဘုန်းလတ်ကြီးကို သနားပါတယ်။ ဘလော့ဂါတွေအစား သူခံသွားတယ်လို့ နာတော့ မှတ်ယူတယ်။

ဘလော့စာအုပ်အတွက်ကတော့ တကယ်လို့ စာအုပ်အဖြစ် ထုတ်မယ်ဆိုရင် ကိုဇင်ကိုလတ်တို့ ကိုညီတို့နဲ့ တွဲပြီး စလုံးမှာ စာအုပ်အဖြစ် ထုတ်လို့ ရပါတယ်။ အီးဘုတ်ကတော့ အလွယ်ဆုံးပေါ့နော်။ ငါတို့ဘလော့ဂါတွေလဲ ကိုယ့်ဘ၀နဲ့ ကိုယ်ရုန်းကန်ရနဲ့ ဘလော့ဆိုတာကြီးကို အားလျော့ချင်သလိုလို။

ဒါပေမဲ့လေ.. ငါတို့ဟာ လူငယ်တွေမှတ်လား။ လူငယ်ဆိုတာ လွတ်လွတ်လပ်လပ်ပြောချင်ဆိုချင်တာပဲလေ။ ဒီတော့ လမ်းပြအဖြစ် နောက်ပိုင်း အွန်လိုင်းပေါ် ရောက်လာမယ့် လူငယ်တွေအားလုံး စိတ်ထဲရှိရာ ပြောချနိုင်ဖို့ ငါတို့ ဘလော့တွေကတော့ ဆက်ပြီး တည်ရှိရမှာပဲ။ ဘလော့ဆိုတာ လွတ်လပ်စွာ ဖော်ပြခြင်းရဲ့ အနာဂတ်မီးပြတိုက်ပါ။

MyMetro said...

ဒီနှစ်တော့ ဘလော့ဒေးကို မနှစ်ကလို မလုပ်နိုင်ကြတော့တာ စိတ်မကောင်းဘူး။ ဒါပေမဲ့.. ချင်ပူမှာ ရှိတဲ့ ဘလော့ဂါတွေ၊ ရန်ကုန်၊ မန္တလေးက ဘလော့ဂါတွေ အနေနဲ့ တွေ့ဆုံပွဲပဲဖြစ်ဖြစ် လုပ်နိုင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဦးဆောင်ပြီးလူစုမယ့်သူပဲ လိုတာပါ။ ဘာပဲဖြစ်ဖြစ် အထိမ်းအမှတ်သဘောမျိုး ပွဲလေးဖြစ်ရင် မဆိုးပါဘူး။

ကလိုစေးထူး said...

အခြေအနေတွေ အရ မနှစ်ကလိုမျိုး ရန်ကုန်နဲ့ မန္တလေးမှာ ဘလော့ဂါဒေးအထိမ်းအမှတ် ဆီမီနာတွေ ဘာတွေ လုပ်ဖို့ကတော့ မလွယ်လှတော့ဘူး။ ရနိုင်သလောက် ဘလော့ဂါတွေ စုစည်းပြီးတော့ အမှတ်တရ တွေ့ဆုံပွဲသဘောမျိုးကတော့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆီမီနာကိုပဲ ရန်ကုန် (သို့မဟုတ်) မန္တလေးမှာ မဖြစ်ဖြစ်အောင် လုပ်ချင်ကြတဲ့ ဆန္ဒရှိကြရင်တော့ ကျနော် ပါဝင်လို့ရနိုင်မယ့် ကဏ္ဍကနေ ပါဝင်ဖို့ အသင့်ပါ။ စင်္ကာပူက ဘလော့ဂါအင်အားလဲ မနည်းလှတော့ သူတို့ဆီမှာလဲ တခုခုတော့ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။

Mr.Pooh @ မောင်ပွတ် said...

မမီရေ - မနက်က comment တစ်ခုရေးလိုက်သေးတယ်။ ပေါ်မလာလို့ ထပ်ရေးထားလိုက်တယ်။

ကိုစေးထူးပြောထားပေးတာလေး သဘောကျတယ်။ မနှစ်က ဒီအချိန်မှာ စည်စည်ကားကားနဲ့ စကြိုးစားနေကြပေမယ့် ဒီနှစ်တော့ နည်းနည်းတိတ်နေသလို ဖြစ်နေပါတယ်။ မနှစ်က ဆီမနာမှာ ပါဝင်ခဲ့သူတွေထဲက အချို့ကလည်း ပြည်ပရောက်နေကြလို့ အားနည်းနေနိုင်ပေမယ့် လုပ်မယ်ဆို ကူညီနိုင်မယ့် ဘလော့ဂ်ဂါအသစ်တွေ အများကြီးရှိနေပါသေးတယ်။ ဆီမနာမဟုတ်တောင် တစ်ခုခု အမှတ်တရ လုပ်မယ်ဆို လုပ်နိုင်လောက်ပါတယ်။ မနှစ်ကနဲ့တော့ တိုင်းပြည်အခြေအနေက အတော်လေး ကွာနေပြီမို့ လုပ်ကြပါလို့ မတိုက်တွန်းချင်ပါဘူး။ တွေ့ဆုံပွဲလေး တစ်ခုဖြစ်ဖြစ်၊ ဟောပြောပွဲ သေးသေးပဲဖြစ်ဖြစ်၊ အလှူအတန်းလေးပဲဖြစ်ဖြစ် လုပ်နိုင်ရင်တောင် ဝမ်းသာပါတယ်။ လုပ်ကြမယ်ဆိုရင်လည်း လူကိုယ်တိုင် မဟုတ်တောင် အဝေးက ကူညီနိုင်ကြမှာပါ။ ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်က Maximum ကူညီပါ့မယ်။ ကိုစေးထူး ပြောသလို စင်ကာပူမှာလည်း ဘလော့ဂ်ဂါတွေ ရှိနေလို့ အဲဒီရက်ပိုင်းလေးမှာ လူစုဖြစ်အောင် ကြိုးပမ်းပါမယ်။ စုံကြဖို့ ခက်ခဲပေမယ့် ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ်။

စာအုပ်ကိစ္စကတော့ ဘယ်လောက်ပင်ပန်းတယ်၊ အချိန်ယူခဲ့တယ်ဆိုတာ လူကိုယ်တိုင်ပါဝင်ဖူးသူတွေ၊ စာမူဖတ်ပေးခဲ့သူတွေ သတိရနေဦးမှာပါ။ ဒါကြောင့် Ebook ပဲ ထုတ်တော့မယ်ဆိုရင် မတန်လှဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ စာအုပ်နဲ့ ထုတ်ဖို့ကျပြန်တော့လည်း အခက်အခဲတွေ အများကြီးဆိုတာ နားလည်ပါတယ်။ အားလုံးညှိနှိုင်း လုပ်ခဲ့တဲ့ အလုပ်ဖြစ်လို့ အခုလည်း လူညီတယ်၊ Ebook ပဲ ထုတ်ကြမယ်ဆိုရင်လည်း ကျွန်တော်လက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။

(မမီရေ - ကျေးဇူးပါ။ ဒီကိစ္စလေးတွေကို သံလွင်ဖိုရမ်မှာ ဆွေးနွေးနိုင်ဖို့ စီစဉ်နေပါတယ်)

Koolstar said...

ရန်ကုန်မှာ လုပ်ဖြစ်ရင်တော့ ကျနော်လည်း လာချင်ပါတယ်။ ကူညီစရာ ရှိရင်လည်း ကူညီချင်ပါတယ်။ ကျနော်က မနှစ်ကလည်း တက်ရောက်သူပဲ ဖြစ်ခဲ့တော့ ဒီနှစ်တော့ တတ်နိုင်သမျှ လုပ်ချင်ပါတယ်။