Wednesday, June 4, 2008

PROFESSIONAL ဆိုတာ...

PROFESSIONAL ဆိုတာ...နဲ့ပါတ်သက်ပြီး စာရေးဆရာမ ဂျူးရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်မယ်ထင်ပါတယ်။ အဲဒါလေးဖတ်တုန်းက သဘောကျမိတာနဲ့ မှတ်စုတိုသဘောမျိုးလေး ရေးမှတ်ခဲ့ဖူးတာကို ပြန်လည်မျှဝေလိုက်တာပါ။ 

Professional ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတော့ -

ဘာသာရပ်တစ်ခုမှာ ကျွမ်းကျင်တတ်မြောက်ပြီး ထိုကျွမ်းကျင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုသူပါတဲ့။

ပြီးတော့  Professional တစ်ယောက်အနေနဲ့ ရှိသင့်တာ၊ ဒါမှမဟုတ် ရှိနှင့်ပြီးသား အရည်အချင်း(skills) တွေကတော့ -

-         vision ဆိုတဲ့ အမြင် နဲ့  mission(တိကျသေချာစွာသတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန် လို့ခေါ်မလားမသိ) ရှိရပါမယ်

-         determined ဆိုတဲ့ တစ်ခုတည်းသောအာရုံနဲ့ စိတ်ပိုင်းဖြတ်ပြီးသား သန္နိဌာန်ချပြီးသား( ဆိုလိုတာက သူ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား၊ သူဘာလိုချင်တယ်၊ ဘာပေးချင်တယ်ဆိုတာ ဆုံးဖြတ်ပြီးသား)

-         designing ways forward

ရှေ့ဆက်မဲ့ ခြေလှမ်းတွေ အဆင်ပြေမဲ့နည်းလမ်းတွေကို ပုံဖေါ်ဖို့လဲတတ်ရမယ်။

-         compromise

အပေးအယူ၊ အလျှော့အတင်းလဲ ရှိရမယ်။

-         stand on principle

ကိုယ့်မူ၊ ခံယူချက် အတိုင်း ရပ်တည်ရမယ်။

-         efficiency

ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အမြဲ မြှင့်နေရမယ်။

-         management

ကိုယ်အပါအ၀င် ကိုယ့်လုပ်ငန်းခွင်ကိုလည်း စီမံအုပ်ချုပ်နိုင်ရမယ်။

-         money

ကိုယ့်ဘ၀ စားဝတ်နေရေးအတွက်လုံလုံလောက်လောက် earning လုပ်တဲ့ အခြေအနေ ဖြစ်ရမယ်။

-         Accessment

ကိုယ်ရထားတဲ့ ရာထူး၊ လစာသည် ကိုယ်ပေးရတဲ့ အချိန်၊ ကြိုးပမ်းအားထုတ်မှုနဲ့ ထိုက်တန်လား မတန်လား ဆန်းစစ်နေရမယ်။

-         Association

ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်း အလုပ်သည် ယုံကြည်ချက်နဲ့ အလုပ်တူတဲ့ အစုအစည်း၊ အသိုင်းအ၀န်းဖြစ်ရမယ်။

-         Sharing

ကိုယ်သိရှိနားလည်မှုတွေ၊ အောင်မြင်မှုတွေကို မျှဝေခံစားနိုင်ရမယ်

-         Responsibility

ကိုယ်နဲ့အတူ ကိုယ့်လက်အောက်ငယ်သားတွေ လုပ်တဲ့ တာဝန်ဝတ္တရားနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ တာဝန်ယူမှု ရှိရမယ်။

-         Commitment

ကိုယ်လုပ်ဆောင်ရတဲ့ အပိုင်းတိုင်းမှာ အာရုံစူးစိုက်နစ်ဝင်မှု ရှိရမယ်။


အဲဒါတွေကို ကျမမှတ်သားခဲ့မိတာတွေကို ဆီလျော်အောင် ပြန်ရေးပြီး sharing လုပ်တာပါ။

တကယ့်လက်တွေ့ဘ၀မှာလဲ ကျမသိရှိနားလည်မိရင်းထပ်ဖြည့်ချင်တာက ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်းအလုပ်ကို ကိုယ်တိုင်တန်ဖိုးထားဂုဏ်ယူတဲ့  proud အပြင် ချစ်မြတ်နိုးတဲ့ စိတ် passion လေးလဲ ထပ်ဖြည့်သင့်တယ်ထင်ပါတယ်။

စိတ်ထဲမှာ ထပ်ထည့်ပေးချင် ဖြည့်ပေးချင်တာလေးတွေရှိသေးရင်ဖြစ်ဖြစ် သဘောမတူတဲ့ အချက်တွေဖြစ်ဖြစ် ရှိသေးရင်တော့ ကွန့်မန့်မှာ ၀င်ရေးပေးကြပါဦးနော်။
 

6 comments:

ကောင်းကင်ကို said...

တို့ကတော့ professional မဟုတ်ဘူး။ ဘာလုပ်လုပ် အပျော်တမ်းပဲလုပ်တယ်။ ဟီးဟီး။ :P

M.Y. said...

Professional ကို မြန်မာလို ကြေးစား လို့ ဘာသာပြန်ကြတယ်။ ကြေးစားတေးရေးသမား၊ ကြေးစားလက်ဝှေ့သမား၊ ကြေးစားပန်ချီဆရာ၊ စသဖြင့်ပေါ့…မှားတော့မမှားပါဘူး..ဒီ လို ဆိုင်ရာအသက်မွေးမှု ကနေ ငွေကြေး ရပြီး နေထိုင်စားသောက်ရတာကိုး..၀ါသနာနဲ့ လုပ်တဲ့ငွေ မရတဲ့လူကြတော့ အပျော်တမ်း တဲ့ …volunteer (or) amateur လို့ ဆိုနိုင်မယ်ထင်တယ်..

အင်ဂျင်နီယာ၊ဆရာဝန် ၊ဆရာမ တွေဆိုလဲ Professional တွေပဲ..
သူတို့ ကိုတော့ ကြေးစား ဆရာဝန်၊ ကြေးစား အင်ဂျင်နီယာ လို့ ဘာသာမပြန်ကြတာကိုသတိထားမိတယ်။ ဘ သူတို့ ကိုတော့ အသိပညာရှင်၊အတတ်ပညာရှင်တဲ့၊ာလို့ လဲဆိုတော့ မြန်မာလို ဆို ကြေးစား ဆိုတဲ့စကားလုံးက တစ်မျိုးကြီးဖြစ်နေပြီး နိမ့်ကျသလို ဖြစ်နေပေတာကိုး၊

တစ်ကယ်တော့ဘယ်သူမဆို၊ ဘယ်ပညာရပ်မဆို မိမိပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တယ်ဆို ဒါ ပရော်ဖက်ရှင်နယ်ပါပဲ။ ဒီလို လူတိုင်း အတတ်ပညာရှင်ပါပဲ။ ဥပမာ ကမ္ဘာမှာ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာ၊ ပရော်ဖက်ရှင်နယ် မော်ဒယ်၊ ပရော်ဖက်ရှင်နယ် ပြဇာတ်သမား၊ စသဖြင့်ပဲတန်းတူ သတ်မှတ်ကြတာကိုး၊ မြန်မာမှာတော့ ကြေးစား နဲ့  အတတ်ပညာရှင်၊ ကျွမ်းကျင်သူ စသဖြင့် ခွဲခြား ဘာသာပြန် ကြ တာတွေ့ ရတယ်။

အဲဒိထဲကကြေးစား လူသတ်သမား (professional killer) ဆိုတာတစ်ခုပဲကြေးစား ဆိုတဲ့ ဘာသာပြန်စကားလုံးနဲ့ တန်တယ်ထင်တာပဲ..

ကြေးစား ဆိုတဲ့ စကားလုံးကလေးကို စဉ်းစားမိတာပါ

MELODYMAUNG said...

ကိုမောင်ရင်တို့ ကတော့ လုပ်ချလိုက်ပြန်ပီ
မှတ်သားလောက်ပါတယ်
ကျေးဇူးပါ
professional ကိုကြေးစားလို့ ခေါ်မယ်ဆို မှန်နေတာပါပဲလေ အခေါ်ခံရတာတော့ နားအ၀င်ခက်သားကလား
ဒါပေသိ အဲဒီကြေးစားဆိုတာကြီးထက် ဒေါ်လာစား ပလုံဂွမ်ဆရာတော့ ဖြစ်ချင်သားဗျို :P

yeminhre2008 said...

ရဲမင်း

ကိုနေမျိုး said...

အရမ်းကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ။ စာရေးဆရာမ ဂျူးရေးတဲ့ဆောင်းပါးကို ကျနော်မဖတ်ဖူးပါဘူး။ ဒီလိုစံမျိုးနဲ့သာ ကြည့်ရရင်တော့ လောကကြီးမှာ Professional ဆိုတာ တော်တော်ရှားပါးသွားမှာပဲ။ ကျေးဇူးတင်ပါတယ် မမယ်လိုဒီမောင် :)

Mi Mi said...

>> ကိုနေမျိုးရေ တော်တဲ့ မြင့်တဲ့ သူကတော့ ရှားပါတယ် လောကကြီးအနေနဲ့တော့ သင့်တော်တဲ့ အချိုးအရေအတွက်ရှိမှာပါ မြန်မာအနေနဲ့တော့ နည်းနည်းပိုရှားမှာပေါ့နော် သိုင်းခရုပါ
ဆရာမဂျူးရေးတာတော့ ဟုတ်ပါတယ် ဘယ်ဆောင်းပါးမှန်း မမှတ်မိလို့ပါြုံ့ရင် ပြန်ရှာကြည့်လိုက်ပါဦးမယ်နော်