Saturday, June 21, 2008

ကိုင်းကွာ..မှတ်ကရော

အလုပ်တွေများပြီး မအားရတဲ့ကြားထဲ ဒီလောက် ဒွတ်ခပေးလာတာ
သည်းမခံနိုင်တော့ဘူး
ဘယ်သူမှ လာမတားနဲ့ မရဘူး
ကိုင်းကွာ..မှတ်ကရော
လာထား နာကွ

အဟက်ဟက် ဘာမှ ဟုတ်ဘူး
အစားစားပြီးတိုင်း သွားကြားညပ်အောင်လုပ်တဲ့ကောင်
လက်နဲ့ ကလိတော့ ပါးစောင်နာတယ်
တခြမ်းပဲ့ထွက်သွားတယ်
နာသုံးနာ အဲလေ ကိုက်သုံးကိုက်ထဲမှာ သည်းမခံနိုင်တာ သူလဲပါတယ်
ခေါင်းကိုက်တာ ၊ ဗိုက်ကိုက်တာ ပြီးတော့ သွားကိုက်တာလေ
အဟိဟိ သွားအားလုံး 29ချောင်း ရှိတဲ့ထဲက တစ်ချောင်းနှုတ်ပစ်လိုက်တယ်
အမယ်လေး ကြီးသွားမို့လို့ အမြစ်က အနက်ကြီးပါလားဗျို(လက်ညှိုးတစ်ဆစ်လောက်ရှိမယ် နှမြောစရာကြီး အဟီး)
လမ်းထဲက ပုလဲဆေးခန်းကပဲ
ဆရာဝန်က အရမ်းတော်တယ် ဈေးလဲ သက်သာတယ်
ည7နာရီမတ်တင်း ထုံဆေးပေးပီး နှုတ်လိုက်တာ မနာပဲနဲ့ ထုံဆေးကလဲ 9နာရီခွဲလောက်မှ အကုန်ပြယ်တာမို့ so nice ပါပဲ
ခုတော့ အံဆုံး ဟောင်းလောင်းပေါက်လေးနဲ့ မယ်လိုဒီဖစ်သွားပီ

အော်.. နာ ရန်ကုန်မှာပဲ ရှိသေးတယ်နော် ချင်ပူရောက်သေးဘူး
ချင်ပူက လာတဲ့ သယ်ရင်းအရင်းကြီးနဲ့လဲ မအားလို့ မတွေ့ရသေးဘူး ဟူးးးးးးး
ပို့စ်တွေလဲ မတင်ဖြစ်တာကြာပြီ
နောက်လကုန်လောက်ထိတော့ အားဦးမယ်ထင်ဘူး

လာဖတ်တဲ့သူတွေတော့ ပျင်းကုန်ရော့မယ်နော် ဆော်တီး
တတ်နိုင်သလောက် တော်ကီတွေလာပွားပါမယ်လေ
မကျေနပ်ရင်တော့ ခွေးလွှတ်ကြပါဗျို

စာကြွင်း။ ။ သွားခဏခဏကိုက်တတ်တဲ့ ပိုးဂင့်ကိုတော့ သတိရသဗျ။ နာ့လို စိတ်ပေါက်ပေါက်နဲ့ လိုက်နှုတ်နဲ့နော် တော်ကြာ တစ်ချောင်းထဲကိုက်တာမဟုတ်ရင် နာ့ပယောဂပါမစိုးလို့ အဟိဟိ


4 comments:

စိုးထက် - Soe Htet ! said...

ကျွန်တော် က ၃ ချောင်း နှုတ်ပြီး ... နောက် တစ်ချောင်း ပြန်ရောက် လျှင် နှုတ်ရန် စီစဉ်ထားတယ် ...

ကိုယ်ချင်းစာတယ် ဘ၀ တူတွေ ... :P

ကောင်းကင်ကို said...

သြော။ ငါ့ အစ်မက သွားတော့ကျိုးနေပြီ။ ဆံတော့ ဖြူပြီလား မဖြူသေးဘူးလား မသိဘူး။ ဟီးဟီး

မင်းယွန်းသစ် said...

အဲဒါ ဇရာလက္ခဏာတွေ အန်တီမီမီရ အော်... သင်္ခါရ သင်္ခါရ ဟတ်ဟတ် ဟီး :P

MELODYMAUNG said...

ဇရာတဲ့လား ချစ်ပုံအစုတ်ပလုတ်တုတ်
အဲဒါကိုစိုးထက်ကြီးလုပ်လို့ အထင်ခံရတာ
အနော်က နောက်ထပ် 3ချောင်းပေါက်ဖို့ ကျန်သေးတာပါဗျ အဟွန့်
ဆံပင်လဲ ဖြူသေးပါဘူး ကောင်းကင်ရေ (ဘာပဲဖြစ်ဖြစ်သတိပေးတာ သိုင်းခရု ကုဒ်ဒင်းတွေ လျှော့စဉ်းစားမှ ဖစ်တော့မယ်)