Tuesday, June 10, 2008

လမ်းခွဲစကား...

မင်းကိုချစ်ခဲ့တာ

ကုန်ကြမ်းရှာတာ မဟုတ်ဘူး

မတွေးပါဘူး မဆွေးပါဘူး

တဘက်သတ်အဖြစ်မှာ ငါလေရူး...

ဒီဘ၀မှာတော့ မထူးပါဘူး

မင်းရဲ့ အကြင်နာမှာ ငါယစ်မူး

 

ဘယ်လိုဘယ်ပုံ အပြစ်တင်လဲ

အမြင်လွှာမှာ အရိပ်ထင်ဆဲ

မနေ့ တနေ့ကလိုပါပဲ...

အချစ်မူးလဲလို ဖြစ်ခဲ့တဲ့

အတိတ်တွေထဲ

အိပ်နေဆဲက..ငါပေါ့လေ

 

ငါကမင်းကိုခွဲတာလား

မင်းကငါ့ကိုခွဲတာလား

"လွမ်းလိုက်လွဲလိုက်

လွဲလိုက်လွမ်းလိုက်" လို့

မင်းပြောခဲ့တော့ ဒီစကား

ဘ၀ဇာတ်ဆရာကလဲ မသနား

(ဇတ်လမ်းဆုံးတော့)

အသည်းကွဲသမားက ငါပဲလား...

4 comments:

ကလိုစေးထူး said...

အသည်းကွဲပြန်ပြီလား။ :D
ဒါနဲ့…၊ အခုပို့စ်အောက်က ပို့စ်ကို ကိုယ့်ကိုယ်ကို စာသင်သားတယောက်လို သဘောထားပြီး ဖတ်တာပဲ။ ပိန်းလို့ဖြစ်မယ်၊ ဘာမှကို မလုပ်တတ်ဘူး။ :D

ကောင်းကင်ကို said...

သြော။ တူ အတဲ ကွဲနေပြီ

Mi Mi said...

>>ကိုကြီးစေးထူးရေ
အရင်ကကွဲတာ ပြန်တွေးတာပါဗျာ
အခုပို့စ်အောက်ကပို့စ်ကတော့ အရင်ပို့စ်တွေ တောက်လျှောက်ဖတ်လာမှ လိုက်လုပ်ကြည့်လို့ အဆင်ပြေမယ်ထင်တယ်
လာခဲ့လေ ချင်ပူကို သင်ပေးမယ် အဟိဟိ
>>ကောင်းကင်ရေ
အရင်ကကွဲတာပါအေ :P

yeminhre2008 said...

ํရဲမင်း