Saturday, May 24, 2008

အိမ်သာပရောဂျက်

ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ရွာတွေက စုစုပေါင်း ၁၁ ရွာရှိပါတယ်။ ဦးမြ၊ ငဇင်၊ ဆိပ်ကြီး၊ အလတ်ချောင်း၊ စက်ဆန်း၊ အောက်ရုံ၊ အေးရွာ (အရှေ့)၊ အေးရွာ (အနောက်)၊ ဗလုတ်ညွှန့်နဲ့ ၀ါးရုံဆိပ်တို့ပါ။ လူဦးရေကတော့ ၃၈၀၀၀ ကျော်ပါတယ်။ တောကျီးကန်းအဖွဲ့အနေနဲ့ လောလောဆယ် ရွာတစ်ရွာမှာ အများသုံးအိမ်သာ ၄ လုံးလောက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်သာတွေကိုတော့ သွပ်မိုး ပျဉ်ကာဆောက်ဖို့ မှန်းထားတယ်။

---

လက်ရှိသုံးနေတဲ့ အိမ်သာတွေကတော့ လောက်တဖွားဖွားပါပဲ။ ကျင်းတွေကလည်း ပြည့်လျှံနေပါတယ်။ အနံ့အသက်ကတော့ ပြောမနေပါနဲ့တော့။ လှုပ်လီလှုပ်လဲ့ အိမ်သာတွေပေါ်ကို တက်ကြည့်ရတာလည်း အသဲယားစရာပါပဲ။ မတော်လို့ ပြုတ်ကျရင် ချီးတွင်းကြီးထဲကို တန်းနေတာပါပဲ။ အိမ်သာအများစုကတော့ ပျက်ဆီးနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လောလောဆယ် ၀မ်းရောဂါဖြစ်နေသူက ၁၇ ယောက် ရှိနေပါပြီ။ ဒါကြောင့် ယင်လုံအိမ်သာတွေ ပြန်ဆောက်ပေးဖို့ လိုအပ်နေတဲ့ ရွာတွေပါလို့ မှတ်ချက်ပြုမိပါတယ်။

 

အိမ်သာပရောဂျက်အတွက် အလှူငွေတွေ လိုအပ်နေပါတယ်။ တတ်နိုင်တဲ့သူများ လှူချင်ရင် ဆက်သွယ်ပေးပါနော်။

ဆောက်ရမယ့်အိမ်သာက ၄၄ လုံးတောင်ပါ။

အခု အိမ်သာ ၁ လုံးကုန်ကျစရိတ်က ၃ သိန်းပါ။ ဒါတောင် သွပ်မိုး ပျဉ်ကာ အဆင့်ပဲ ရှိပါတယ်။

အဲ့အိမ်သာတွေက အစကတည်းက မရှိတာလား မုန်တိုင်းကြောင့်လား ဆိုတော့ မုန်တိုင်းကြောင့်

အိမ်သာတွေ ရေထဲ ပါသွားတာရယ်။ ကျင်းတွေ ပြိုကျကုန်တာရယ် ရှိတဲ့အိမ်သာတွေ ကုန်ပြီဖြစ်လို့

လောလောဆယ် ခြုံတိုးနေကြရတယ်တဲ့။

အလှူငွေထည့်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင် Raven အဖွဲ့ကို contact လုပ်ကြည့်ပါနော်။



No comments: