Sunday, May 18, 2008

ကျမနှင့် ရက်ပေါင်းတစ်ရာ......

မုန်တိုင်းဒုက္ခသည်တွေနဲ့ပါတ်သက်တဲ့ ကူညီရေးကယ်ဆယ်မှုတွေလုပ်နေတာကြောင့် အလုပ်ရှုပ်တာလဲရှုပ်သမို့ ပို့စ်အသစ်တွေမတင်နိုင်ပေမဲ့ ကြွားစရာ..အဲလေ..ပြောစရာလေးကြုံလို့ ဒီပို့စ်လေးတင်မိပါတယ်နော်။

ခေါင်းစဉ်တပ်ထားသလိုပဲ ကျမရဲ့ ရက်ပေါင်းတစ်ရာ တိုက်ပွဲတစ်ခုအကြောင်းပြန်ပြောမယ်ဗျာ
စစ်ပွဲတော့ ဟုတ်ဘူး။ စစ်ပွဲကတော့ ကျမအမုန်းဆုံး။
ဘယ်သူမဆို အမြဲကြံ့ကြံ့ခံတိုက်သင့်တဲ့ ဘ၀တိုက်ပွဲပါ။

အရင် ရက်ပေါင်း 100ကျော်ကျော်က ကျမဖတ်မိတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ (ဆံပင်ညှပ်၊ မျက်ခုံးမွှေးရိတ်၊ လှလှပြင်သွားရင်း ဖတ်မိတာလေ :P ) ခရစ်ယာန်နဲ့ပတ်သက်တာပေမဲ့ စိတ်ဝင်စားလို့ ဖတ်ကြည့်မိတယ်။
အဲဒီစာအုပ်ထဲမှာက နောက်ရက်ပေါင်း 40အကြာမှာ ဖြစ်ချင်တဲ့ အရာအတွက် သုံးသပ်စဉ်းစားတာ၊ ပြင်ဆင်တာ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အောက်မေ့ဖို့တွေပါတယ်။
ကျမအနေနဲ့လဲ အဲဒီပုံစံလေးကို ကိုယ်နဲ့ သင့်တော်သလို ယူသုံးလို့ ရလို့ ပိုစိတ်ဝင်တစားဖတ်မိပြီး သန္နိဌာန်ချဖို့ ဖြစ်လာတယ်။ Knowledge age လို့ ပြောကြတယ်။ ကျမ Tourism မှာ လေးနှစ်လုပ်တယ်။ ပညာတွေတတ်တယ်။ အရင်းအနှီးမရှိရင် ဘာမှ ကိုယ်ပိုင်လုပ်စားလို့ မရပါဘူး။
ကျမက ပညာတတ်သူဌေးပဲ ဖြစ်ချင်တော့လဲ အခက်သား။ အိမ်က မိသားစု စီးပွားရေးလဲ လုပ်ချင်ပါဘူးလေ။
ဒီတော့ ကျမ သူဌေးဖြစ်ဖို့ အလားအလာရှိတာရော(မသက ကမ္ဘာ့ အချမ်းသာဆုံးစာရင်ဝင်ထိပါ ဖြစ်ကောင်းဖြစ်နိုင်တယ်) သူဌေးမဖြစ်သေးခင် လခစားလုပ်ရင်တောင်မှ Tourism မှာ လေးနှစ်လုပ်လာတဲ့ ရာထူးနဲ့ အတွေ့အကြုံထက် ၀င်ငွေများတဲ့ အလုပ်ကို ပြောင်းဖို့ စိတ်ကူးရတော့ ကျမ career  ပြန်ပြောင်းမှဖြစ်မယ်။

အဲဒါနဲ့ နောက် ရက်ပေါင်းတစ်ရာ ကြာရင်တော့ Microsoft Certified ဖြစ်တဲ့ ဘာပညာရှင်လုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လောလောဆယ်လဲ ဘလော့ဂ်ရေးတာ website ရေးတာက လုပ်လက်စဖြစ်တာက တစ်ကြောင်းကြောင့်  MCTS: Web Developer ဖြစ်ဖို့ ဆုံးဖြတ်ပါတယ်။ ဖေဖေါ်ဝါရီ 8ရက်ကစပြီး ကျမသင်တန်းတွေတက်ရင်း မနေ့က(17-5-2008) မှာတော့ ရက် 100 တိတိ ပြည့်ပါပြီ။ အဲဒီတော့ ကျမ သင်တန်းတွေကလဲ ပီးသလောက် ရှိသွားလို့  70-536(Application Development Foundation) နဲ့ 70-528(Web Based Client Development) စာမေးပွဲနှစ်ဘာသာကို ဒီမနက် သွားဖြေလိုက်တာ အောင်မြင်သွားပီဖြစ်လို့  MCTS တော့ ဖြစ်ပီဗျ။ အဟိဟိ ..ပျော်စရာကြီးနော်
ဘာပဲဖြစ်ဖြစ် So call web developer တော့ လုပ်လို့ ရပီပေါ့။ ဘာလဲ အမှတ်လား? မေးလို့ ဖြေတာနော် 536 က အမှတ် 1000 အပြည့်ဗျ၊ မျဉ်းဇောင်းအပေါ်ကနော် အဟက်ဟက် 528 ကတော့ 929 ပဲ ရပါတယ်။
ဒီနေ့ကစပြီး Freelance Web Developer အနေနဲ့ အလုပ်အပ်ရင် လက်ခံမယ်နော်။ (အကြွေးတော့ သည်းခံ) Professional Web Developer လဲ ဖြစ်ချင်ပါတယ်ဗျာ။ စာမေးပွဲတွေ ဆက်ဖြေရင်း တကယ့် ပညာရှင် အဆင့်ထိ ဖြစ်ချင်ပါသေးတယ်။ ခုတော့  on job training ဆင်းရင်း ကုဒ်ဒင်းတွေနဲ့ ချာလပတ်လည်နေတဲ့ ကျမ(သူများ 3နာရီရေးရမဲ့ ဟာကို နာရီ20စာ 4ရက်လောက်ထိုင်ရေးတာတောင် ပီးသေးဘူး) ဆရာက မဆူတာ တော်ပါသေးရဲ့။

ပြန်ပြီး ပြောမယ်ဆိုရင်တော့ ကျမရဲ့ ရက်ပေါင်းတစ်ရာ စီမံကိန်းက အောင်မြင်သွားပါပြီ။ career ပြောင်းလိုက်ပါပြီ။ ရှေ့ဆက်ချီတက်ဖို့ပဲ ကျန်ပါတော့တယ်လေ။ အရင် Tourism အလုပ်ကနေလဲ အရင်လကုန်မှာပဲ တရားဝင်နှုတ်ထွက်ပြီးပြီမလို့  အရင်ဆက်သွယ်ရေး ဆပ်စလူး နံပါတ်က ဆက်သွယ်လို့ မရတော့ပါဘူးနော်။ နောက် နံပါတ် အသစ်တခုကို အမြန် ပြန်အကြောင်းကြားပါမယ်ဗျို

1 comment:

ညီညီ(သံလွင်) said...

Congratulations on being Microsoft Certified Pro. Am I too late to congratulate u? :) is it on VS2005? I heard the exams for VS2008 will be available soon. I have yet to upgrade to MCPD from MCSD. MCAD & MCSD exams would be expiring in 2009. Wish u all the best in ur new career.