Thursday, May 8, 2008

ရက်စက်ပါ့ နာဂစ်ရေ

အဖြစ်အပျက်တွေတော့  ပြန်တောင် မပြောချင်တော့ပါဘူး
အိမ်မှာ ခေါင်မိုးမှာတင်ထားတဲ့ စလောင်းပါသွားတယ်
အိမ်အတွင်းထဲလဲ ရေတွေဝင်လို့ လှေမ၀ယ်စီးရရုံတမယ်
နာဂစ်မွှေလို့  စာမေးပွဲ နှစ်ဘာသာ( 536 ရော 528 ) ပါ မဖြေရဘူး
နောက်မှ ပြန်ဖြေရမတဲ့
ရေကတော့ နှစ်ရက်လောက် ဒွတ်ခရောက်သွားတယ် (သုံးခွက်ပဲ quota နဲ့ ချိုးရတာ)
ရေ၀ယ်သုံးရတယ်။ ဂျိုးဖြူရေလွှတ်မှ တော်သေးရဲ့ မီးစက်နဲ့ တင်တာရလို့။
မီးကတော့ ပျက်နေသေးတယ်။ ဘယ်လောက်ကြာမယ်မှန်းမသိဘူး
(ပန်းဘဲတန်းဘက်မြေအောက်လိုင်းရှိတဲ့အိမ်တွေရတယ်လို့တော့ သိတယ်)
ဘာပဲပြောပြော ကိုယ့်ထက် ဆိုးတဲ့သူတွေချည်းပဲမို့ စိတ်မကောင်းဘူး
ဘလော့ဂါသူငယ်ချင်းတွေ အိမ်မှာ နဲနဲ ပျက်စီးတာကလွဲရင် အားလုံး သိပ်မဆိုးဘူးပဲသိရလို့ တော်ပါသေးရဲ့
လောလောဆယ် english blog မှာတော့ ပို့စ်နှစ်ခုတင်ထားတယ်။
http://melodymaung.myanmarbloggers.org/2008/05/burma-cyclone-ngo-appeals.html
http://melodymaung.myanmarbloggers.org/2008/05/cyclone-relief-more-information.html

မြန်မာဘလော့ဂ်မှာတော့ ဘာတွေပြောရမှန်းကို မသိဘူး
ပြောချင်တာလဲ များတယ်
လမ်းမတော်မှာနေတော့ မဲကတော့ 24ရက်မှပဲ ပေးရတော့မယ် ရွှေ့သွားပီ

နေ့လည် နှစ်နာရီက US သဘောင်္ဆိပ်ကမ်းကပ်တယ်လဲ ကြားတယ်(
သဘောင်္မှာ စစ်သား ၁၈၀၀ ပါလာတယ်
ဟယ်လီကော်ပတာ ၂၃ စင်း မလို့ တကယ် အ၀င်ခံမခံတော့ မသိ)

ထိုင်းဘက်က သံရုံးကနေ UN စစ်လေယာဉ် နှစ်စီး ၀င်ပြီးကူမှာကိုလဲ လက်ခံလိုက်ပီပြောတယ်
တကယ်လက်ခံတော့မယ်ထင်ပါရဲ့
သေချာတော့ သိဘူးဗျ

သိတာကတော့ သစ်ပင်တွေပြောင်သလောက်ပဲ
ရန်ကုန်မြို့ကြီး အင်မတန်ပူဦးမှာပ
နာဂစ်ကြောင့် ပြိုလဲသွားတဲ့ သစ်ပင်ကြီးမျိုးတွေ ပြန်ရဖို့ နောင်ဆယ်နှစ် အနှစ်20များကြာလေဦးမလားဗျာ
ကမ်းနားမှာ ပြိုလဲ ပျက်စီးနစ်မြုတ်နေတဲ့ ဗောတံတားတွေနဲ့ အတူ လူသေတွေမျောပါတာ အီးဟီးးးးး ကြက်သီးထတယ်ဗျ
တနေ့ကတော့ တက်နေတဲ့ရေတွေက ရပ်နေတဲ့ ကမ်းနဖူးနဲ့ တစ်ထွာပဲ လိုတော့တယ်
ဒီနေ့ တော့ သွားမကြည့်ရသေးဘူး
ညဖက်လဲ ထွက်ရဲဘူးလေ မှောင်မည်းနေတော့ ကြောက်သကွဲ့
တက်လိုက်တဲ့ ကုန်ဈေးနှုံးကတော့  ဒုံးပျံစီးသွားသလားမှတ်ရဆိုသလိုပဲ

အော် လူဖြစ်ရတဲ့ ဒုက္ခ................
(ဘုန်းဘုန်းတွေ ဆီက စီးတဲ့သွေးတွေ ဆေးသွားသလားမသိဘူး နာဂစ်ရေ)

စက်ရပ်သတင်းကတော့ စင်ကာပူမှာ နောက်ထပ် မုန်တိုင်းတလုံး ABC ဆိုပဲ ၀င်ဦးမတဲ့  နောက် နာရီ ၈၀အတွင်းဆိုပီး မတ်စိတွေ ပလူပျံနေသတဲ့
ဟုတ်ချင်မှတော့ ဟုတ်ပေမပေါ့  http://www.narinjara.com/details.asp?id=1731
ဘာပဲပြောပြော အရင်ဝင်တဲ့ သူပုန်က အကုန် သောင်းကျန်းသွားပီးမလို့ နောက်ဝင်မဲ့ သူပုန်ကိုတော့ သနားတယ်
ဝင်ချင်ရင်လဲ အပျက်အစီးတွေနဲ့ အခွန်ပဲ ရမအေ့

ဖြစ်ပြီးတာတွေတော့ မတတ်နိုင်ဘူး။ ရှေ့ဆက် တို့တွေ(အထူးသဖြင့် ရန်ကုန်ဘလော့ဂါတွေစုပြီးတော့ပေါ့) ဘယ်လို ကူညီရမလဲ ပြင်ဆင်ဆဲ.......
ဝတ်လက်စ အ၀တ်ဟောင်းတွေနဲ့ စောင်၊ ခြင်ထောင်တွေတော့ ကုန်ပီ အဟိဟိ အနားနီးလို့ သတင်းသိရတဲ့သူတွေ လာလို့ ထည့်ပေးလိုက်တာလေ(မဖြစ်စလောက်လေးပါလေ သူများကိုလဲ သနားတယ် တက်သွားတဲ့ ကုန်ဈေးနှုံးကြောင့် အနော့မှာလဲ ပိုက်ပိုက် အများကြီးချိတော့ဘူး)
သတင်းမှာဖတ်ရလို့ နိုင်ငံတကာက လာတဲ့ အကူအညီတွေကတော့ အားရစရာပါပဲ
ဒါပေသိ ထုံးစံအတိုင်း တ၀က်စားတွေ မလုပ်ကြစေချင်ဘူးဗျို(ဘေးဒုက္ခသည်တွေကို တကယ့် သွေးသားရင်းလို ကိုယ်ချင်းစာပြီးတော့ပေါ့)

လောလောဆယ် အိမ်က လိုင်းဖုန်းရော ဆတ်စလူးရော ပျက်နေပီ
ဘယ်သူ့မှ ဆက်သွယ်လို့ ရသေးဘူး ငုတ်တုတ်ထိုင်နေပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မုန်တိုင်းဗဟိုထိတဲ့ ဘိုကလေးဘက်ကလူတွေတော့ မသေလို့ ပြန်တွေ့ရတာ သိန်းထီပေါက်သလောက် ၀မ်းမြောက်ပါ၏

မြန်မာပြည်သူပြည်သားအားလုံး (ရန်သူမျိုးငါးပါးလုံးရဲ့ )ဘေးဒုက္ခတွေ မြန်မြန်ဝေးရပါစေဗျာ........





2 comments:

mmhan said...

Hi,
It's not true about the news of another cyclone. please check my blog @ concerning with another cyclone in details.

As for the news about US ships docking at Yangon ports, it's most possibly not true.

The US ships nearest to Myanmar so far are waiting at Myanmar-Thai border for permission to come in.

စိုးထက် - Soe Htet ! said...

ဘာပဲ ဖြစ်ဖြစ် သိပ်မဆိုးဘူးဆိုလို့ ၀မ်းသာပါတယ် ကျွန်တော့် လမ်းမတော်က အိမ်လဲ ရေ ဒုက္ခလောက်တော့ ရှိနေသေးတာပေါ့ မီးကတော့ အထူး ပြောစရာ မလိုပါဘူး သိပ် မထူး :)