Tuesday, May 20, 2008

ASP. Net Overview(အခန်း ၁)

အရှေ့ပို့စ်များတွင် ဖေါ်ပြထားပြီးသည့်အတိုင်း ASP.Net သည် Dynamic Web Applications များ ရေးသားရန်အတွက် technology တဖြစ်လဲ tool တခုဖြစ်ပါသည်။ ASP.Net application ကိုရေးသားရန်အတွက် ၄င်း၏ CLR(Common Language Runtime) နှင့်  compatible ဖြစ်သော မည်သည့်  programming language များ(Microsoft Visual Basic, C#, Jscript.Net နှင့် J# အပါအ၀င်) ကိုမဆို အသုံးပြုရေးသားနိုင်ပါသည်။

 

ASP.Net တွင်

-         A page and controls frame work

-         ASP.Net compiler

-         Security infrastructure

-         State-Management facilities

-         Application configuration

-         Health Monitoring and performance features

-         Debugging support

-         An XML Web services framework တို့ ပါဝင်ပါသည်။

 

ASP.Net page and controls တို့သည် programming framework ဖြစ်ပြီး web server များတွင် dynamically run နိုင်ပြီး browser များက တောင်းဆိုသည့် အတိုင်း သင့်တော်သော mark up များ tag များနှင့်  render လုပ်ပေးသောကြောင့်  ၄င်း browser များစွာတွင်လည်း display လုပ်နိုင်ပါသည်။

 

ASP.Net Web page များကို Microsoft Visual Studio 2005 နှင့် ရေးနိုင်ပါသည်။

ပထမဦးစွာ ၄င်းကိုဖွင့်၍ File menu မှ New > Website တွင် click နှိပ်ပါ။

New Web Site dialog box ကျလာပါမည်။ ၄င်းမှ

(၁) ASP.Net Web Site ကိုရွေးပါ။

(၂) မိမိ PC တွင် အသုံးပြုမည်ဖြစ်၍ Location ကို File System ထားပေးပါ။

(မှတ်ချက်။ Location ရွေးရာတွင် 1.Local File System or 2. Remote Web Server(HTTP/FTP) ဟူ၍ နှစ်မျိုးစဉ်းစားနိုင်ပါသည်)

(၃) Language တွင် (VB နှင့်  C#)မှ မိမိ ကျွမ်းကျင်သည့် အတိုင်းရွေးချယ်ပါ။

(မှတ်ချက်။ ကျမ ဖေါ်ပြမည့် coding များသည် C# သာ ဖြစ်ပါသည်)

(၄) ဖိုင်သိမ်းမည့် လမ်းကြောင်းကို ရွေးပေးပါ။ (ဥပမာ-C://Website1)

(၅) OK ကို နှိပ်ပါ။

ယခုဆိုလျှင် Default.aspx ဟူသည့်  ASP.Net web page ကိုတွေ့နေပါပြီ။

 

ASP.Net Web page များတွင် အောက်ပါအတိုင်း နှစ်ပိုင်းပါဝင်ဖွဲ့စည်းထားပါသည်။

1.Visual Elements(VE ဟူ၍ အတိုကောက်မှတ်ထားပေးပါ)

          1.1 Static Text/Date (ဥပမာ- Melody)

          1.2 Tag/Mark Up/Elements(ဥပမာ-<html> <b> <i>)

          1.3 Server Controls

2.Programming Code(PC ဟူ၍ အတိုကောက်မှတ်ထားပေးပါ)

          2.1 Event Handle Method

          2.2 Other code

 

ASP.Net Web Page ၏ Runtime condition ဆိုသည်မှာ

-         User မှ ပထမအကြိမ် .aspx page ကို browse လုပ်လိုက်သည်နှင့် ASP.Net မှ page ကို ကိုယ်စားပြုသည့်  .Net class file ကို automatically generate လုပ်ပေးပါသည်။

-         ထို့နောက် ASP.Net Engine သည် ၄င်း generated class ကို .dll(dynamic-link library) ဖိုင်အနေနှင့်  compile လုပ်ပါသည်။

-         .dll ဖိုင်ကို ဆာဗာပေါ်တွင် run လိုက်သည့်အခါ သင့် page အတွက် HTML output ကို dynamically ထုတ်ပေးသွားခြင်းဖြစ်ပါသည်။

No comments: