Sunday, April 6, 2008

ငါမှန်းပြီးမက်တဲ့ အိမ်မက်


တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက်လို့
တို့နှစ်ယောက် သစ္စာတွေဆို
မေတ္တာတွေလဲ ပိုခဲ့ပေမဲ့

တစ်နှစ်ပြီးတစ်နှစ်
နင်လဲ တစ်ချစ်ပြီးတစ်ချစ်တွေ့လို့
ီနင်နဲ့ ငါနဲ့လဲခွဲ
အိမ်ရှေ့က ပိတောက်ပင်ကြီးလဲလဲ
(ဒါပေသိ) သင်္ကြန်ရောက်တိုင်း သတိရမြဲပါ..

နွေနေ့ရက်များက ပူပြင်းတောက်ပဆဲ
ငါ့နှလုံးသားလဲ မောလျဆဲပါ
အေးမြတဲ့ သင်္ကြန်ရေတစ်စက်
အကြင်နာနဲ့ သူလာဖျန်းပက်
ငါမှန်းပြီးမက်တဲ့ အိမ်မက်တစ်ကွက်ပေါ့...

စာကြွင်း။။ အများနဲ့ သက်ဆိုင်တဲ့ ပျော်စရာ သင်္ကြန်ကဗျာတစ်ပုဒ်ကို
စပ်ဆိုဖို့ ကြိုးစားပေမဲ့လဲ မအောင်မြင်ပြန်ဘူးဗျာ။ ကာရံမဲ့တဲ့
ဒီခံစားချက်တွေပဲ ထွက်ထွက်လာတာပါလား။ ဟူးးးးးးး
(အဲလိုပြောရင်ယုံပါ့မလားဗျို :P)

အားလုံးနှုတ်ဆက်ထားပါတယ်။ သင်္ကြန်ပြီးမှ ပြန်ပြီး ဘလော့ဂင်းပါမယ်ဗျို
ပြီးတော့ ဟက်ပီး သင်္ကြန်ပါဗျို..အားလုံးပဲ ပျော်ရွှင်ပါစေ၊သင်္ကြန်ရေနဲ့အတူ
အေးမြကြပါစေနော်။

2 comments:

မစ်မက် said...

တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို တပင်လုံး

ရဲရင့် said...

ရဲရင့်လာဖတ်သွားပါတယ်/happy new year ပါ။
စာမရေးတဲ့အချိန်ရဲရင့်blogကိုလာလည်ဖို့ဖိတ်ပါတယ်
bloggersတွေနဲ့ပါတ်သက်တာလေးတွေသိခွင့်ရှိရင်
သိချင်ပါတယ်
http://yeyintnge.blogspot.com