Friday, March 28, 2008

မီးပျက်တော့မည်ဖြစ်ပါသဖြင့်...

မီးပျက်တော့မည်ဖြစ်ပါသဖြင့်...တဲ့

သူငယ်ချင်းကြီး မျက်လုံးရဲ့ ဂျီတော့ခ် မက်စိမှာ တွေ့လိုက်လို့ပါ။
ဟိတ် မီးပျက်ရင် ဖယောင်းတိုင်ထွန်ုးပြီး ကွန်ကြူတာကြည့်ေ
အဟိဟိ ..လို့ ပြန်နောက်လိုက်တယ်။

သတိရမိပါသေးတယ်။

မိုးကုတ်မှာ KMD Computer Center ဖွင့်ကာစ စာသွားသင်တုန်းကပေါ့...
ဘယ်သူက ဘယ်လိုနောက်လိုက်မှန်းမသိဘူး။ မီးသွေးသည် အဒေါ်ကြီးတစ်ယောက်ရောက်လာတယ်။
မီးသွေးလာရောင်းတာတဲ့။

အင်... အဒေါ်ကြီးကို ဘယ်သူမှာထားလို့လဲဆိုတော့...
ဘယ်သူမှတော့ မမှာပါဘူးတဲ့။ ဒီမှာ ကွန်ပြူတာ သင်တန်းဖွင့်ထားတယ်ဆိုလို့ပါတဲ့

အယ်...ကွန်ပြူတာသင်တန်းဖွင့်တာနဲ့ ဘာဖြစ်လို့ မီးသွေးရောင်းတာလဲလို့ဆိုတော့
ဟိုနားက ကလေးတွေက ညွှန်လိုက်လို့ပါတဲ့ ဒီမှာက မီးစက်နှိုးမရလို့ မီးပျက်တဲ့အခါ မီးမွှေးပြီး ကွန်ပြူတာတွေ ဖွင့်ရတာလို့ ပြောလိုက်တယ်တဲ့။

အမယ်လေး သေပါပြီ ဘယ်သကောင့်သားက မသိနားမလည်တဲ့ ဒီအဒေါ်ကြီးကို ချွန်တွန်းလုပ်ပါလိမ့်။
မထူးပါဘူး အားကိုးတကြီးလာရောင်းတဲ့ နားမလည်တဲ့ အဒေါ်ကြီးကို နားလည်အောင်လဲ ရှင်းမပြတတ်တော့ ပြီးစလွယ်ပဲဆိုဆို အားနာလိုက်တာ ဒေါ်ကြီးရယ် သမီးတို့က မီးမလာရင် ကွန်ပြူတာတွေပိတ်ထားပြီး ဖယောင်းတိုင်ထွန်းပြီး သင်မှာမလို့ မ၀ယ်သေးဘူးလို့.. အဟိဟိ

စကားစပ်လို့ နောက်ထပ် ပြဿနာ တစ်ခုလဲ ပြောပြဦးမယ်။
အဲဒီတုန်းက 2002ခုနှစ်လောက်ကပေါ့။
ဒါပေသိ သင်တန်းတွေက office 2000 ကိုသင်တော့ ကြော်ငြာဘုတ်မှာလဲ office 2000 သင်တန်းချိန်အသစ်များအတွက် သင်တန်းအပ်လက်ခံနေပါပြီ ရေးတာပေါ့။
အဲဒီမှာ ကွိုင်တာပဲ
မိုးလင်းလို့ ဘုတ်ကို ကြည့်တိုင်း office 2002 ဆိုပြီး ဖြစ်ဖြစ်နေတာ နှစ်ရက် သုံးရက်ရှိပြီ။
ဘယ်သူ လက်ကမြင်းပြီး လာပြင်ပါလိမ့်ပေါ့။
ချောင်းတာ ချောင်းတာ နောက်ဆုံးလက်စသတ်တော့ သင်တန်းကို ဦးဆောင်ဖွင့်တဲ့ မမရဲ့ ချစ်သော ဖေဖေ ဖြစ်နေသဗျ။

အဲဒါနဲ့ သွားမေးလိုက်တယ် ပါပါးကြီး ဘာဖြစ်လို့ လာလာပြင်သလဲလို့..
အော် နင်တို့ ဟာက 2002 ရောက်နေတာ ဘာလို့ 2000 ရေးသလဲ ဒိတ်အောက်နေလို့တဲ့။
အယ် သေပြီဆရာ ဘယ်လိုပြောရပါ့
...အာ... ပါးပါးကြီးကလဲ အခု သမီးတို့ သင်နေတဲ့ ဟာက နိုင်ငံခြားက သင်ခန်းစာတွေ အဲဒါ 2000 ခုနှစ်တုန်းက ထုတ်ထားတာလို့
ပါပါးကြီးကလဲ ပြန်ပြောပါတယ်။ အဲလိုဆို နင်တို့ နိုင်ငံခြားက ကောင်တွေကို ပြောပြီး 2002အတွက် အသစ်မြန်မြန်ထုတ်ပြီး သင်တော့ ။ မဟုတ်ရင် ခေတ်နောက်ကျလိမ့်မတဲ့..တဲ့။

ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောလိုက်ပါ့မယ် ပါပါးကြီးကတော့ အဲဒါ မထုတ်ခင် လာလာမပြင်ပါနဲ့ ဦးနော်လို့ ပြောလိုက်ရတယ် အဟိဟိ

စာကြွင်း။ ။ မိုးကုတ်မြို့ ကအကြောင်းတွေ ရေးပေးဖို့ ပြောထားတဲ့ သားဖြူရေ မအားသေးဘူးဗျ။ နားနားပြီး ရေးဖို့ ကြိုးစားပါ့မယ်ဗျ။



2 comments:

TharPhyu said...

ချာမရေ... တားတား လိမ်မာတဲ့အကြောင်း.. ချာတော်တဲ့အကြောင်းလေးတွေ ရေးနဲ့ဦးနော်...

Thyda said...

:-D So funny!