Tuesday, March 18, 2008

လှိုင်သာယာ (ရေဥက္ကံ) သို့ မီးဘေးအလှူ


ခုလေးတင်ပဲ ဘာညာ၊ ဘလာဂေါက်၊ မိုးလှိုင်ည တို့နဲ့ အတူ လှိုင်သာယာ (ရေဥက္ကံ)
သို့ သွားပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးလို့ မီးဘေးအလှူက
ပြန်လာခဲ့သဗျ။
မီးလောင်ခံရလို့ မီးဘေးဒုက္ခရောက်ခဲ့ရတဲ့ အိမ်ထောင်စုပေါင်း 1207စု ရှိပါသတဲ့။
နေ့လည် 12နာရီမှာ ရုံးမှာ လေးယောက်သားစုဆုံပြီး ကိုယ်ဖာသာ ၀ယ်ထားတဲ့
စတီးလ်ဇွန်းတွေရယ် လက်ထဲမှာ ကျန်သေးတဲ့ (ဘာညာ့ဆီက) ပိုက်ပိုက်
နှစ်သိန်းကို ကြက်ဥ အလုံး 2000 ဘ၀ပြောင်းပြီး သကာလ တက်ကစီနဲ့ ဦးတည်ရာ
အရပ်ကို ထွက်ခဲ့ ကြသဗျ။
1နာရီကျော်ကျော်လောက်မှာ ရောက်သွားပြီး Raven အဖွဲ့ ပစ္စည်းတွေ
ဝေနေဆဲဖြစ်တဲ့ ရေဥက္ကံဈေးဝကိုရောက်ခဲ့တယ်။ ဈေးနားအရောက် လမ်းမှာတွေ့တဲ့
မီးသတ်အဖွဲ့ဝင် တချို့ကို မေးမြန်းမှုလုပ်နေတုန်းမှာ ဘေးနားက
(စိတ်သိပ်မမှန်လားမှန်လားတော့ သေချာမသိဘူး) အမျိုးသမီးတစ်ယောက်က
သူတို့ကို လှမ်းအော် ပြောတယ် "တစ်ဝက်စားတွေတဲ့ " အဟိဟိ
ဈေးပေါက်ဝမှာ Raven အဖွဲ့ အသိကို မိုးလှိုင်နဲ့ ဘလာဂေါက်က ရှာတုနုး
ကျမကလဲ ဖုန်းဆက်ပြီးနေရာမေးတုန်း စောစောကလမ်းမှာတွေ့ခဲ့တဲ့
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးတစ်ယောက်ရောက်လာပြီး လာလှူတာလားတဲ့ ။
ဟုတ်ကဲ့လို့။ ကားထဲက ကြက်ဥတွေလှမ်းကြည့်ပြီး..အော် ကြက်ဥတွေလားတဲ့
ရုံးကို ပို့လိုက်ပါတဲ့။
ကျမကလဲ အော် ရတယ် မပို့ ဘူး၊ ကျမက အခု လက်ရှိဝေနေတဲ့ အဖွဲ့ကို လှူမဲ့
ပစ္စည်းထပ်လာပို့တာပါလို့ ပြောလိုက်တော့ ဟုတ်လား ရပါတယ်ဆိုပြီးမှ
ကူသယ်ပေးပါတယ်။ တော်ပါသေးရဲ့

ပစ္စည်းတွေ ဝေနေတဲ့ နေရာ ရောက်သွားပြီးနောက်တော့ ကျမတို့ရဲ့
လုပ်အားပေးအစီအစဉ်စပါပြီ ဒန်တန့်တန်..
လူတွေကလဲ အများကြီး ဝေနေရတာ ပျော်စရာကြီး
အစကတည်းက ဝေထားတဲ့ ကတ်ပြားတွေနဲ့ တန်းစီခိုင်းထားပြီး နာမည်ခေါ် တံဆိပ်ထု
ပစ္စည်းတွေပေးဝေတဲ့ ပုံစံနဲ့ပါ။ (ညကတည်းကတော့ ရပ်ကွက်ထဲမှာ လိုက်အော်ပြီး
အကြောင်းကြားထားတာပါ။ တချို့ကလဲ ဘာတွေများရမှာလဲဆိုတာကို
စိတ်ဝင်တစားလာယူချင်သူတွေများသလို တတ်နိုင်သူတချို့ကလဲ မသွားပဲနေတာပဲ
ကောင်းမလားဆိုတဲ့ အနည်းစုတော့ ရှိတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
တခါတလေ ဝေတာက ပန်းကန် တစ်ချပ်နှစ်ချပ်လောက်နဲ့ သွားယူရတာ ထမင်းငတ်တာပဲ
အဖတ်တင်လို့ ဆိုပဲ)
ကိုယ်တိုင်တွေ့ရတဲ့ သူတွေထဲမှာတော့ ကျမတို့အိမ်က တကယ်မီးလောင်ခံရတာပါ
တချို့အလှူပစ္စည်းတွေကို မီးလောင်တဲ့ထဲ မပါတဲ့သူတွေပဲ ရကြပါတယ်လို့
ရင်ဖွင့်သွားတာလဲ ကြားရပါတယ်။
ဒီနေ့ကတော့ သေချာပေါက် ရစေရတာ Raven အဖွဲ့ ရဲ့ ကျေးဇူးလို့ပဲ ပြောရပါမယ်။
စကားတွေ ရှည်သွားပြီ။ ကျမတို့ ဘာလုပ်ကြလဲဆိုတော့ ကြက်ဥ 2လုံးစီနဲ့ ဇွန်း
1ချောင်းစီကို အိတ်နဲ့ အထုပ်ထုပ်ကြပါတယ်။ ဇွန်းတွေ ကုန်သွားတော့ ကြက်ဥ
တွေပဲ ဆက်တုတ်ကြတာပေါ့။
ဟိုဘက်က သူတို့ အဖွဲ့တွေဆီက ဗလာစာအုပ်၊ ပိုက်ဆံပါတဲ့ စာအိတ်နဲ့ အင်္ကျ
ီသို့မဟုတ် ဘောင်းဘီ၊ ပုဆိုး တထည်ထည်နဲ့ တွဲပြီး ကျမတို့ ကြက်ဥ အထုတ်နဲ့
တွဲဝေပေးတာပါ။

ပီတိဖြာလို့ ကြည်နူးရပါတယ်။
မဖြစ်စလောက်ပါလို့ ဘေးကပြောမယ်ဆိုလဲ ကျမတို့ ကတော့ ကိုယ်တိုင်ကိုယ်ကျ
လက်ရောက် ပေးဝေခွင့်ရလို့ အင်မတန် ၀မ်းသာစရာ ကိစ္စပါ။
နောက်ဆုံးကျန်တဲ့ အဖွဲ့ ဆိပ်ကမ်းသာရပ်ကွက် အဖွဲ့ပဲ ထင်ပါတယ်။ ကျမတို့
အထုပ်တွေလဲ အားလုံးထုတ်ပေးပြီးဖြစ်လို့ စောပြီး ပြန်လာခဲ့ကြပါတယ်။
ဈေးကနေ လမ်းထိပ်အထိတော့ ဆိုက်ဂျဲရိုးနဲ့ ပေါ့။ လမ်းထိပ်ရောက်တော့
မီးသတ်ကားတွေ သွားနေတာ တွေ့ရတယ်။ ဘယ်မှာ လောင်ပြန်ပြီလဲတော့ မသိပါဘူး။
(အော် ဆင်းရဲတဲ့ထဲ ဖွတ်တက်..အင်း ထားပါတော့)
မြို့ထဲကိုတော့ တက်ကစီနဲ့ ပြန်လာကြတာ 4နာရီလောက်မှာ ပြန်ရောက်ပါတယ်။
လူလဲ နေပူပူ လေပူပူကြောင့် နွမ်းရိပင်ပန်း.. ဒါပေသိ စိတ်မှာတော့
ရွှင်လန်းလို့ပေါ့...

နောက်ထပ် အခွင့်ကြုံသေးရင် ဒီလိုကိုယ်တိုင် သွားလှူနိုင်ဖို့လဲ
ကြိုးစားပါဦးမယ်လေ။

3 comments:

Yi Yi Win said...

သာဓု..သာဓု..သာဓု..ပါမယ်လိုဒီနှင့်အဖွဲ့ ရေ။

နိုင်းနိုင်းစနေ said...

ဝါး.. ကြက်ဥတစ်လုံးကို ငွေ ၁၀၀
သူဌေးတွေမှ ကြက်ဥစားနိုင်တော့မယ် ထင်တယ်း(
ဘာပဲဖြစ်ဖြစ် သာဓုခေါ်ပါတယ်။
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကုသိုလ်လဲရတယ်

kzy1980 said...

သာဓု...သာဓု...သာဓု...ပါခင်ဗျာ...
ယခုလို လှူဒါန်းရတဲ့ အကျိုးအားကြောင့်
ဘ၀ဆက်တိုင်း ဆက်တိုင်း မျှော်ရတဲ့သူ မဖြစ်ပါစေနဲ့...:p