Saturday, March 8, 2008

ကိုကြီးစေးထူးရဲ့ ကော့မှူးဆေးခန်းအတွက် အလှူ

ကိုကြီးကလိုစေးထူးက သူ့နာမည်နဲ့ တွံတေးမြို့နယ်၊ ဆင်ခြံကျေးရွာ
ကော့မှူးဆေးခန်းမှာ တစ်သိန်းသွားလှူပေးဖို့ ပြောထားတာ
အဲဒါ ပိုက်ပိုက် ပို့ထားတာရပြီးပြီဗျ

ကိုသန့် ၊ မျက်လုံးနဲ့ စိုးဇေယျကတော့
လိုက်မယ်ပြောတယ်၊ ဘာညာ၊ပင့်ဂိုးလ်နဲ့ ဂေါက် တို့ လဲ ရုံးအားရင်လိုက်နိုင်မယ်ထင်ရဲ့
ဘယ်နေ့ သွားရင် အဆင်ပြေမလဲတော့ မသိသေးဘူး
မမီက 1လလုံး သိပ်မအားဘူး ဒါပေသိ ဘာညာတို့ နဲ့လိုက်မဲ့သူတွေ အားမဲ့နေ့ကို
ရုံးက ခွင့်ယူပြီးသွားကြမယ်ဗျ။
ဖြစ်နိုင်ရင် လာမဲ့ အပါတ် ဆန်းဒေးသို့မဟုတ် ကြာသပတေး၊သောကြာ တစ်ရက်ရက်ပေါ့
21ရက်နေ့ တပေါင်းလပြည့်နေ့ဆို ပိုအဆင်ပြေပါမယ်(ကိုသန့်ကတော့ မပြေဘူးတဲ့)

သွားရင် မနက် ၇နာရီလောက်သွားပြီး 11နာရီ 12နာရီဆို ပြန်ရောက်ပါမယ်။
လိုက်မဲ့သူ ဘယ်နှစ်ယောက်ရှိရှိ စရိတ်ကတော့ မမီခံမယ်နော်

လှူချင်တဲ့သူတွေ ရှိသေးရင်ဖြစ်ဖြစ်၊ သွားမဲ့နေ့မှာ
လိုက်မဲ့သူတွေရှိသေးရင်ဖြစ်ဖြစ် အကြောင်းပြန်ပေးကြပါဦး။

စာကြွင်း။။ လှိုင်သာယာ မီးဘေး အလှူငွေအတွက်လဲ ကိုကြီးစေးထူးမှ 50,000
ကျပ်မတည်ပေးထားပါတယ်။
မနက်ဖန်သွားလှူဖြစ်မလား၊ ဘယ်နေ့လဲတော့ သေချာမသိသေးဘူးဗျ။

3 comments:

jimmy said...

kosayhtoo

i called " THARDU 3 TIMES".

Anonymous said...

ကလိုစေးထူးတို့ နာမည်အတော်ကြီးချင်ပုံရတယ်။ ထွင်ပြန်ပြီ၊ ငွေလေးမဖြစ်စလောက်လှူပြီးတော့ နာမည်ကောင်းယူနည်းပေါ့။

MELODYMAUNG said...

>>anonymous ရေ နာမည်ရှိမှ နာမည်ကြီးအောင်လုပ်လို့ရသဗျ
အမည်မဖေါ်ပဲနဲ့ ဘယ့်နဲ့ စွပ်စွပ်စွဲစွဲ
လှူတဲ့ငွေက မဖြစ်စလောက်ဆိုရင်တောင်မှ ချွေးနဲ့ ရင်းပြီးရှာထားတဲ့ ငွေတွေမို့ အလှူက သန့်ပါသဗျို (သူများ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ရထားတာ မဟုတ်ဘူးလေ)
မနှိုင်းတော့ပါဘူး မောမစိုးလို့ :P