Wednesday, March 5, 2008

ဆီမီနာမှာ နားထောင်ခဲ့သမျှ...

မနေ့က နေ့လည် 1နာရီမှာ တေဇာရယ် သူ့သူငယ်ချင်းရယ်နဲ့အတူ ဒေါက်တာ
ဦးသိန်းဝင်း ဟောပြောတဲ့ ဆီမီနာကို သွားရောက် နားထောင်ဖြစ်ပါတယ်။

IT အနေနဲ့ မဟုတ်ပဲ ICT အနေနဲ့ အစကတည်းက နကန်းတစ်လုံးမှ မသိထားတော့လဲ
ပြောပြသွားတာလေးတွေ လိုက်နားထောင်ရုံသက်သက်မို့ နဲနဲတော့ ပျင်းတယ်ဗျ။
ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့ ကြားဖူးနားဝလေးကိုတော့ တဆင့် ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။
ဓါတ်ပုံကတော့ တေဇာ ရိုက်သေးသလားမသိဘူး။(အားမှပဲ သူ့ဘလော့မှ
ပြန်သွားချောင်းကြည့်ဦးမယ်)

Intelligent Network(IN) : Telecom ကွန်ယက်တွေမှာ လိုင်းဖုန်း၊
ခြင်းဖုန်း ၊ GSM တွေရဲ့ ကွန်ယက်တွေ ရဲ့ လွယ်ကူလျင်မြန်မှုတွေနဲ့
ဝန်ဆောင်မှု အသစ်တွေအကြောင်း၊ အဲဒီ IN တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံထဲမှာ IP
ဖုန်းတွေပါ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပြီဖြစ်လို့ ဒီ တယ်လီဖုန်း
network ဟာဖြင့် soft-switch အနေနဲ့ communication technology
သီးသန့်မဟုတ်တော့ပဲ IT ဘက်ကို 80% လောက်ထိ အသွင်ကူးပြောင်းလာတဲ့အကြောင်း၊
ပြီးတော့ 3Tier Client-Server Technology အနေနဲ့ အင်တာနက်နဲ့
telecommunication ကို အသုံးပြုသူ ယူဇာတွေရယ် webserver, database server
နဲ့ script language တွေအကြောင်း အကြမ်းဖျဉ်းပြောသွားပါတယ်။ (ဒီ
တော့ပစ်ကတော့ ပျင်းတောင်ပျင်းသေးတယ် အဟိဟိ)

သူ့ရဲ့ လက်ရှိသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဂျာမဏီက T-Mobile နဲ့
ပါတ်သက်ပြီးတော့ကတော့ ကုန်ပစ္စည်း ထုတ်ကုန်ကို ရောင်းတာထက် ၀န်ဆောင်မှုကို
အပြိုင်အဆိုင် ရောင်းရတာ ဖြစ်တဲ့ အတွက်ကြောင့် 99.9999% availability
ဖြစ်တဲ့ 24နာရီ အပြတ်အလတ်မရှိ( ဆားဗစ် ဒေါင်းတာမျိုးမဖြစ်အောင်)
သူတို့ရဲ့ machine တွေကို နှစ်ထပ်ကွမ်းစနစ် ၊ ဆာဗာဆိုလဲ နှစ်လုံး၊
လိုင်းဆိုလဲ မတူတဲ့ နှစ်လိုင်း၊ စက်ထဲမှာလဲ network card လိုမျိုးကစ
နှစ်ကဒ် (single point failure) မဖြစ်အောင်တဲ့။ ပစ္စည်းက လူရဲ့ လုပ်အားထက်
ပိုပေါတော့ လဲ ကောင်းပါ၏ ပေါ့နော်။ (ဒီမှာကတော့ လူနှစ်ယောက်နဲ့
ကွန်ပြူတာတစ်လုံး အဟိဟိ)

သူပြောချင်တာလေးတွေ ပြောသွားပါတယ် ။ ကိုယ်ကပဲ ပိန်းတယ်ထင်ရဲ့ ဘာမှ မရလိုက်သလို။ :P
ပြောပြီးသွားတော့ သူ့ရဲ့ မေးလ်လိပ်စာ ရယ် homepage လေးရယ်
မိတ်ဆက်ပေးပါတယ်။ မေးစရာများကို နောက်မှ မေးလ်ပို့မေးလဲ ရပါတယ်ပေါ့နော်။
theinwindr@gmail.com & www.myanmar-online.com ပါ။

နောက်တော့ အမေးအဖြေအစီအစဉ်လေးဆက်လုပ်ဖြစ်သွားပါတယ်။
အဲဒီမှာ လုပ်တဲ့ အမေးအဖြေလေးတွေထဲက တချို့မေးခွန်းလေးတွေကတော့
စိတ်ဝင်စားစရာကောင်းပါတယ်။ အဖြေတွေထဲမှာတော့ ဂျာမဏီက သူလုပ်နေတဲ့
T-Mobile Co. က အနိမ့်ဆုံးလစာ 3000 လောက်ဖြစ်တဲ့ အကြောင်း၊ ဒီလို
industry တွေအတွက်လိုအပ်တဲ့ ပညာရှင်တွေကို တက္ကသိုလ်တွေက
အရည်အချင်းပြည့်မီအောင် မွေးထုတ်မပေးနိုင်တဲ့ အကြောင်း၊ အဲလို
telecommmunication အတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အတွက်
အရည်အချင်းစစ် စာမေးပွဲနဲ့ လက်မှတ်တွေလဲ မရှိသေးတဲ့အကြောင်း၊
အလုပ်လုပ်ခွင့် ရတဲ့ chance တခုသာ အရင်ရရှိပြီးမှ
အလုပ်ကနေသင်သွားတာမျိုးဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့ အနာဂါတ်
မိုဘိုင်းလ်ကမ္ဘာမှာကတော့ တကယ်လို့သာ အပြိုင်အဆိုင်လုပ်ပိုင်ခွင့်တွေ
ရှိလာရင် ဈေးကွက်မှာ good quality & good service ကို low price နဲ့သာ
ယှဉ်ပြိုင်လာနိုင်မှာဖြစ်ကြောင်း၊ demand & supply အရ အာဖရိကမှာ 1MB
လောက်ရတဲ့ satellite ကနေသုံးတဲ့ အင်တာနက်လိုင်းတခုဟာ $7000 per month
လောက်ဖြစ်နေကြောင်း (အမေရိကမှာတော့ 15$ လောက်သာကျသင့်မှာဖြစ်ကြောင်း) ၊
ဂျာမဏီမှာ sim card တခုကို 2$ နှုံးလောက်နဲ့ ကုမ္ပဏီ 5ခုက ကဒ်တွေကို
ကွမ်းယာဆိုင်ရောင်းသလို ရောင်းပြီး ၀ယ်တဲ့သူက ၀ယ်လို့ စမ်းကြည့်ရင်
စိတ်တိုင်းမကျရင် လွှင့် ပစ်သေးတယ်ဆိုပဲ (အီးဟီးးးး လိုချင်လိုက်တာနော်)
စသဖြင့် စသဖြင့် စုံလင်စွာ ဖြေပေးသွားပါတယ်။ (နည်းပညာပိုင်းတွေတော့
တကယ်ကို လုံးဝ သိပ်မပြောသလို သိပ်လဲ မဖြေသွားပါဘူး)

တကယ်လို့ ဒီဆီမီနာမှာ လာနားမထောင်ဖြစ်ပေမဲ့လဲ စိတ်ဝင်စားတဲ့သူများ MCPA
ရုံးခန်းမှာ အသံသွင်းထားတာလေးကို သွားရောက်ကူးယူနားထောင်လို့ ရကြောင်း
ဖေါက်သည်ချလိုက်တယ်နော်။

No comments: