Saturday, February 16, 2008

Happy BirthDay PK yei!

ပီကေရေ ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေဟာ

ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲဆိုတာကတော့ ထိပ်စီးပြောင်းကာနီးပဲဗျ :P

မနက်ကတခါ wish လုပ်ပြီး ညနေတခါ မုံ့ကျွေးဖို့ ပူဆာပြီးပေမဲ့ မကျွေးမချင်း နားပူနားဆာ တိုက်တဲ့ အနေနဲ့ ဒီပို့စ်ထပ်တင်လိုက်တာကွ
ပြီးတော့ အားမရသေးပဲ တွေ့သမျှလူကို နင့်ကိုသိလား နင့်မွေးနေ့ဆိုပီးတော့လဲ ငါဖွထားတယ်။ မုံ့ကျွေးရင်ကျွေး မကျွေးလို့ကတော့ နင်ကပ်စေးနှဲတဲ့အကြောင်း ငါဖွမယ်နော် အဟိဟိ ခုကဖွတာဟုတ်ဘူး အင်ထရိုဝင်နေတာကွ

အရင်ကဆို နှစ်တစ်နှစ်ရဲ့ မွေးနေ့အစက နင်နဲ့စတော့ နင့်ဖို့ လက်ဆောင်ကြီးကြီးပြင်ထားနေကျ။ ခုလဲ မပူပါနဲ့ အထုပ်တော့ ကြီးတယ်။ လာယူပါဗျ။

နင့်မွေးနေ့ကို ရှေးရှေးတုန်းကတော့ ဖုန်းနဲ့ဖြစ်ဖြစ် မနက်စောစောကြီးလူကိုယ်တိုင်တွေ့တော့ဖြစ်ဖြစ် birthday wish လုပ်ရုံပေမဲ့ ခုတော့ ဘလော့ဂ်ပို့စ်နဲ့ရော ဂျီတော့ခ် မတ်စိနဲ့ရော wish လုပ်လိုက်တယ်။ အဲဒီအတွက် မုံ့ပိုကျွေးရမယ်နော်။ နောက် ဘလော့ဂ်ရေးတဲ့သူငယ်ချင်းတွေရော မရေးတဲ့သူတွေရောဖြစ်တဲ့ထဲက သူငယ်ချင်းကြီးမျက်လုံး၊ အဖြည့်ခံမလေး NE၊ မျိုးလေး၊ KTY ၊ ဘိုကြီး၊ ငပြည့်၊ ဆာဒမ်၊ နန်းနန်းတို့ကိုယ်စားလဲ wish လုပ်တယ်ကွာ။ သူတို့ဖို့လို့ ကျွေးမဲ့ဟာပါ ငါ့ကိုကျွေး

ပြောချင်တာတွေတော့ ပြောပြီးပြီ။ တကယ်ဆုတောင်းပေးပါတယ် မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ချစ်ချစ်နဲ့ အနားနားတွတ်ထိုးပြီး ချစ်တဲ့အကြောင်းတွေပြောရင်း မြန်မြန် မင်္ဂလာဆောင်လို့ သားသားမီးမီးတွေအကြောင်းပါ ဘလော့ဂင်းနိုင်ပါစေ။ အလုပ်အကိုင် စီးပွားရေးတွေလဲ အဆင်ပြေလို့ ငါတို့ သူငယ်ချင်းတွေ ပူဆာသမျှလဲ အလိုလိုက်နိုင်ပါစေ။ ပိုက်ပိုက်တွေလဲ အများကြီး ချေးပေးနိုင်ပါစေ (အဟိဟိ အချွန်နဲ့ မလိုက်ပီ)

ပြောနေကျစကားလေးအနေနဲ့ကတော့ သူငယ်ချင်း နင်က သူတောင်းစားဖြစ်ဖြစ် ဘုရင်ဖြစ်ဖြစ် နင့်ဘေးမှာ ငါတို့ အမြဲရှိမယ် နင်လဲ ငါတို့နဲ့အတူတူရှိမယ် အဲလိုသူငယ်ချင်းအသစ်တွေလဲ အများကြီးတိုးပွားပါစေလို့

1 comment:

ပီကေ said...

မမီရေ၊ ဒီဆုတောင်းလေးအတွက် ကျေးဇူးနော်။
ဆုတောင်းနဲ့ အတူ မပြီး စသွားတဲ့ အတွက်တော့ “တွေ့ကြသေးတာပေါ့” လို့ပဲ ပြောလိုက်မယ်။
လက်ဆောင်လာယူဦးမှာမို့ ပြောတာပါ။ ဒီနှစ်တော့ သယ်ရင်းအတော်များများ ရန်ကုန်မှာ မရှိကြတော့ မုန့်သွားစားရမှာ သိပ်တော့ အားမရှိလှဘူး။ (အကြောင်းပြနေတာ၊ ဟိဟိ)
ဘာပဲဖြစ်ဖြစ်ပါ။ စားချင်တဲ့လူက အဲ့လောက် ( ...... ) ခံပြီး ပြောနေမှတော့ ကျနော်မျိုး မကျွေးဘဲ ဘယ်နေနိုင်မလဲလေ။ ကဲပါ ကဲပါ။ မမီရဲ့ ဆန္ဒပြည့်စေဗျားးးးးး