Friday, February 29, 2008

လက်တို့ပါရစေ..

လာမဲ့ အင်္ဂါနေ့ ၄ရက်မတ်လမှာ ဆီမီနာ တခုရှိပါတယ်ဗျို။
ဟောပြောမဲ့ ခေါင်းစဉ်က Communication Technology & IT in the Future ပါတဲ့။
ဟောပြောပေးမဲ့သူကတော့ ပရော်ဖက်ဆာ ဒေါက်တာ သိန်းဝင်း၊ Germany က နာမည်ကြီး T-Mobile company မှာ Consultant ရာထူးနဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပြီး မြန်မာမှာကတော့ Physics နဲ့ ဘွဲ့ရပြီးမှ နိုင်ငံခြားတက္ကသိုလ်တွေကနေ ဒေါက်တာဘွဲ့ ရထားပြီး သူလုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ တကွ ပရိုဖိုင်းက A4 နှစ်မျက်နှာစာလောက်တောင် ရှိပါတယ်တဲ့။
ပြောမယ်ဆိုရင် နည်းပညာတွေချည်း ဟောပြောမှာ မဟုတ်သော်လည်း ဒီဆီမီနာလေးကို သွားနားထောင်ဖို့ worthy ဖြစ်မယ်လို့ ယူဆမိတဲ့အတွက် သူငယ်ချင်းတို့ကို လက်တို့ ပြောလိုက်ပါရစေနော်။

နေရာက MICT Park ထဲက အခန်း အမှတ် 205
အချိန်က ၄ရက်မတ်လ(အင်္ဂါနေ့ ) နေ့လည် 1နာရီမှ 4နာရီ
သိချင်တာလေးတွေရှိရင်တော့ MICT ကိုပဲ ဆက်သွယ်မေးမြန်းကြပါနော်။

ကျမလဲ နည်းပညာက ဘယ်လိုအနာဂတ်မျိုးလဲ ၊ ဆရာက မြန်မာပြည်ရောက်နေတုန်း ဘာကြောင့် ဒီဆီမီနာလုပ်ပြီး ဟောပြောပေးသွားသလဲ နဲ့ ကျမ တခုခု သူများထက် ခြေတလှမ်းသာပြီး ဒီဆီမီနာကနေ ဘာအသိတရားတွေရနိုင်မလဲ စိတ်ဝင်စားလွန်လွန်းလို့ ရုံးကနေခွင့်ယူပြီး သွားဖြစ်ပါဦးမယ်လေ။

1 comment:

မျက်လုံး said...

မမီရေ။ ကျေးဇူးပဲဗျို့။ ရှားရှားပါးပါး Communication အကြောင်း Seminar ဆိုတော့ တက်သင့်တယ်ဗျ။ သတင်းပေးတဲ့ အတွက် ကျေးဇူးပါပဲဗျာ။