Thursday, February 21, 2008

အင်တာဗျူးမေးသူနှင့်ဖြေသူ(၃)

အဆက်………

ခုမှ ဇာတ်လမ်းက စပါပြီ။ ဖွပါတော့မယ်ဗျို။ အင်တာဗျူးချိန်းတဲ့ အချိန်က
၁၂နာရီခွဲပါတဲ့ဗျ။
ကျမက ၁၂နာရီမထိုးခင် ရောက်ပါတယ်။ ကျမရောက်တော့ အင်တာဗျူးမဲ့ GM က
နေမကောင်း(ခေါင်းမူးလို့ ) ပြန်သွားပါသတဲ့။ နောက်တနေ့
ပြန်ချိန်းလိုက်ပါတယ်။ တော်တော်မလွယ်ပါလားနော်။

နောက်တနေ့ သွားတော့ အင်တာဗျူးတော့ ကျမနဲ့ အတူ အားလုံး ၄ယောက်ရှိပါတယ်။
အင်တာဗျူးမစခင် ကျမ ကုမ္ပဏီ brochures များ ၊ ကပ်ထားသော လိုဂိုများ၊
စာတမ်းများကို အသေအချာ ဖတ်ပြီးသား။ ၀န်ထမ်းများ တူညီဝတ်စုံနှင့်
အလုပ်များနေပုံများကိုလဲ တွေ့ပြီးသား။ ကျမအလှည့် စတင်အဗျူးခံရပါပြီ။

GM : ခင်ဗျားမနေ့က ဘယ်အချိန်လာသလဲ
ကျမ : နေ့လည် ၁၂နာရီ မထိုးခင်ရောက်ပါတယ်ရှင်လို့။ ကျမရောက်တော့ ဦးက
နေမကောင်းလို့ ပြန်သွားတယ်ဆိုလို့ ဒီနေ့ ထပ်လာပါတယ်ရှင့် လို့်

GM : ခင်ဗျားက ဘာလို့ နောက်ကျတာလဲ ။ ကျနော်က ၁၁နာရီခွဲချိန်းထားတာတဲ့
ကျမ : အာာာာာာာ ကျမကို ချိန်းတာ ၁၂နာရီခွဲပါ။ မခိုင်ဆိုတဲ့
အမကြီးတစ်ယောက်က သေချာပြောပါတယ်လို့။ (သူပြန်မေးမှာပါ)

GM : ဟုတ်ပြီလေ။ ခင်ဗျားလျှောက်ထားတာ office staff နော်တဲ့။ အရင်က
ကွန်ပြူတာ ဆရာမလုပ်ခဲ့တာ။ ဘာဖြစ်လို့ ဒီမှာလျှောက်တာလဲတဲ့။
ကျမ : ဟုတ်ကဲ့ ကျမက ဧည့်လမ်းညွှန်လုပ်ချင်တာပါ။ ဒီတိုင်း လျှောက်ရင်
အလုပ်မရမှာစိုးလို့ ရုံးမှာနေရင်း ကြိုးစားကြည့်ချင်လို့ပါလို့

GM : ဧည့်လမ်းညွှန်သင်တန်းတက်ပြီး လိုင်စင်ရထားတာဆိုတော့ လိုင်စင်မပါပါလားတဲ့။
ကျမ : ဟုတ်ကဲ့ ။ ကျမက ဧည့်လမ်းညွှန်လျှောက်တာမဟုတ်လို့ လိုင်စင်
ထည့်မထားတာပါ။ ဦးကြည့်မယ်ဆိုရင် နောက်ရက် ကျမ ပြလို့ ရပါတယ်လို့

GM : အဲဒါဆိုရင် ခင်ဗျားကိုမေးမယ်။ မြန်မာမှာ နိုင်ငံခြားသားတွေ ဘယ်တွေ
သွားလည်ကြလဲတဲ့
ကျမ : ရန်ကုန်၊ ပုဂံ၊ မန်းလေး နဲ့ အင်းလေးတွေကို အများဆုံးသွားလည်ကြပါတယ်လို့

GM : ဘာလေကြောင်းလိုင်းတွေသိသလဲတဲ့
ကျမ : အဲမန်း၊ ရန်ကုန် အဲဝေးစ်၊ MAI , silk air, Thai Airways လို့

GM : ရန်ကုန်က သိတဲ့ ဟိုတယ်နာမည်တွေပြောပါ တဲ့
ကျမ : strand, traders, Sedona, equatorial, summit Parkview, pansea
အများကြီးပဲလို့

GM : ပုဂံကိုရောက်ဖူးလားတဲ့
ကျမ : ဟုတ်ကဲ့ သုံးခါလောက် ရောက်ဖူးပါတယ်လို့

GM : ဒါဆို ပုဂံက ထင်ရှားတဲ့ ဘုရားနာမည်တွေပြော။ သူတို့ ထူးခြားမှုတွေပါပြောပါတဲ့
ကျမ : အနုမှာ အာနန္ဒာ၊ အလှမှာ ရွှေစည်းခုံ၊ အမြင့်မှာ ဓမ္မရံ။ ထုမှာ သဗ္ဗင်ညုလို့

GM : အာာာာာ ဟုတ်ပါဘူး။ ထုမှာ ဓမ္မရံပါတဲ့
ကျမ : ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ကျမရောသွားလို့ အဟိဟိ လို့

GM : ရုံးမှာလုပ်ရင်း ဧည့်လမ်းညွှန်ဖြစ်မယ်မဖြစ်ဘူးတော့ မသေချာပါဘူးတဲ့။
ခင်ဗျားရုံးအလုပ်ကို စိတ်ဝင်စားမယ်ဆိုရင်တော့ အဆင်ပြေမှာပါတဲ့။
ကုမ္ပဏီအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲတဲ့။
ကျမ : ဘာတွေအလုပ်ရှိမှန်းတော့ ကျမလဲမသိဘူးလို့။ သင်ပေးတာတွေကိုတော့ ကျမ
အလွယ်တကူ တတ်ပြီး မျက်နှာလွှဲလို့ရအောင် လုပ်ပေးနို်င်မှာပါလို့ ။
လောလောဆယ်တော့ ကျမ ကွန်ပြူတာတတ်တယ် ၊ ဂျပန်လိုတတ်တယ်၊ အဲဒါနဲ့
အသုံးတည့်တဲ့အလုပ်တွေ ကျမလုပ်နိုင်ပါတယ်လို့။

GM : ဟုတ်ပြီလေ ဒါဆို ခင်ဗျားကို ကွန်ပြူတာနဲ့ လုပ်ရတဲ့ အလုပ်တွေမှာ
အကုန်တာဝန်ချမယ် လုပ်နိုင်မလား။ ပြီးတော့ ခင်ဗျားက လုပ်ငန်းခွင်အသစ်တခုမှ
အခြေခံက စ၀င်ပြီး စသင်ရမှာမလို့ ခင်ဗျားတောင်းတဲ့
လစာထက်လျှော့ပေးမယ်ဆိုရင် ဘယ်လောက်နဲ့ လုပ်နိုင်သလဲတဲ့။
ကျမ : ဟုတ်ကဲ့ ကျမ ၂၀၀၀၀ အနဲဆုံးရရင် ဦးတို့ဘက်ကလဲ အစမ်းခန့်အနေနဲ့
စလုပ်နိုင်ပါတယ်။ ဒါပေသိ ကျမရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ဦးတို့
ကျေနပ်မယ်ဆိုရင် သုံးလကျော်ရင် ကျမတောင်းတဲ့ လစာကိုပေးနိုင်ရင်
ဆက်လုပ်ပါမယ်လို့ ဖြေလိုက်တယ်

သူတဲ့ ကျမကို ဘော့စ်နဲ့ ပေးတွေ့ ပါမယ်တဲ့။
အဲဒါနဲ့ ဘော့စ်နဲ့ ဆက်တွေ့တယ်။ ထူးဆန်းစွာ GM နဲ့ ဘော့စ်နဲ့ အမေးတွေ
ထပ်နေတာနဲ့ပဲ ကျမပြန်မရေးတော့ပါဘူး။
ဘော့စ်က တခုပဲ ပိုပြောတယ် သူကတဲ့ ကျမတို့ တောင်းတဲ့ လစာကို
ဈေးမဆစ်ပါဘူး။ တောင်းတဲ့ အတိုင်းပေးတာပါတဲ့။ ဘယ်နေ့
အလုပ်စဆင်းနိုင်လဲတဲ့။
ကျမလဲ အားတက်သရောပဲ မနက်ဖြန်လို့ ။
အဲဒါဆို မနက်ဖြန်စဆင်းပါတဲ့။ ဒီလိုနဲ့ ကျမဒီအလုပ်ကို ၈ရက် ဧပရယ်လ်
၂၀၀၄မှာ ရုံးဝန်ထမ်းဘ၀ကို စတင်ခြေချမိတာပါ။ လကုန်လို့ ခထထုတ်တော့
ကျမအတွက် လစာ ၂၀၀၀၀ကျပ်ပေါ်မှာပဲ တွက်ပီး လခပေးပါတယ်(ဈေးမဆစ်ဘူးဆိုလို့
ကျမက ၃၀၀၀၀ ရမယ်မှတ်နေခဲ့တာ  )

ဘာပဲဖြစ်ဖြစ် တာဝန်တွေ ကျေပွန်တာထက်ပိုပြီး သင်စရာများကို တစထက်တစသင်ရင်း
ရာထူးတွေ တဆင့်ပီး တဆင့် ဖြတ်ကျော်ရင်း SM Tours ရဲ့
လုပ်ငန်းတာဝန်များကိုလဲ ကိုယ်နဲ့ တသားတည်း ချစ်မြတ်နိုးရင်း ဒီလိုနဲ့
၂၀၀၇ ခုနှစ်ရဲ့ ဂျူလိုင်မှာတော့ ကျမ Sales & Marketing Manager ရာထူးကို
ရခဲ့တယ်။ ဖြစ်နိုင်ရင်တော့ GM အထိ ဖြစ်ပြီး အလုပ်တာဝန်တွေ
ဆက်လုပ်ချင်သေးပေမဲ့ ကျမရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကြောင့်
မကြာခင် ၃၊၄ လမှာ ကျမ နှုတ်ဆက်ကျောခိုင်းဖြစ်တော့မှာပါ။

ဘာတွေ ဆက်လုပ်မလို့လဲဆိုတာတော့ စောင့်ကြည့်ကြပါဗျိုး…

စာကြွင်း။ ။ အလုပ်နဲ့ မပါတ်သက်တဲ့ ကျောင်းဝင်ခွင့်
အင်တာဗျူးတခုအကြောင်းလဲ နောက်တော့ အချိန်ရရင် ပို့စ်ထပ်တင်ပါမယ်ဗျို

4 comments:

KhunMoung said...

အတွေ့အကြုံတွေ။ အနော်တော့ အဲလို အဗျူးမခံရဘူးသေးဘူး။ ဒီလိုပို့စ်မျိုးတွေ ရေးကြရင်ကောင်းမယ်။ ဗဟုသုတရတာပေါ့။

နိုင်းနိုင်းစနေ said...

အဗျူးတွေကတော့ များမှများပဲ မိလိုဒီရေ...
မြန်မာမှာ တစ်ခါမှ အဗျူးမခံရဖူးတော့ ဗဟုသုတရတယ်။
ဒီပို့စ်အတွက် ကျေးဇူးပါ...
အလုပ်ခွင်မှာ ကာစတန်မာနဲ့ ကြုံတွေ့ရတဲ့ အဖြစ်တွေကိုလဲ
ရေးပေးပါအုန်းနော်.. ကျေးဇူးး)

ကလိုစေးထူး said...

အခုမှပဲ အင်တာဗျူးတွေကို လာဖတ်ဖြစ်တော့တယ်ကွ။ ဒါနဲ့ ဘာလို့ အမေးအဖြေတွေမှာ… တဲ့ တွေ၊ လို့ တွေ နဲ့ အဆုံးသတ်ထားတာတုန်း။

MELODYMAUNG said...

>>ခွန်မောင်ရေ အားပေးတော့လဲ ရေးရတာပ။ ကျေးဇူးပါ
>>99 ရေ အစဖေါ်ပေးမှ ဟုတ်ပ အလုပ်ခွင်မှာ ကာစတန်မာနဲ့ ကြုံတွေ့ရတဲ့ အဖြစ်တွေကိုလဲ အချိန်နဲနဲ ရတာနဲ့ ရေးပါ့မယ်နော်
>>ကိုကြီး စေးထူးကလဲ အဲလိုပဲ ပြောတတ်တာပဲဟာပဲ ဟာကို :P