Wednesday, February 27, 2008

နှစ်သစ်သင်္ကြန်အခါတော်ပွဲ ဆင်နွှဲကြရအောင် ...

အထူးအစီအစဉ်တရပ်အနေနဲ့  - - - - -

ဘန်ကောက် - ချင်းမိုင် - ဘန်ကောက် (၁၂ ဧပြီလ မှ ၁၇ ဧပြီလ ၂၀၀၈)

( ၅ ည ၆ ၇က် ) ခ၇ီးအစီအစဉ်
၁၂ ဧပြီလ ၂၀၀၈ -
လေယာဉ် ဖြင့်ဘန်ကောက်မြို့  Suwannabhumi လေဆိပ်သို့ မနက် ၀၈း၄၅ နာ၇ီတွင်
ရောက်ရှိပြီး Guide မှဆီးကြိုကာ မြဘုရား(Emerald Buddha )သို့ သွားရောက်ဖူးမျှော်ကြည်ညိုကြ
ပါမည်။ တဆက်ထဲ (Grand Palace ) ထိုင်းဘုရင့် နန်းတော် ကိုအပြင်ဘက်မှ သွားရောက်ကြည့်ရှုကြပါမည်၊ ပြီးလျှင် နေ့ လည်စာကို ထိုင်းစားသောက်ဆိုင်တွင် ကျွေးမွေးဧည့်ခံပါမည်၊
စားသောက်ပြီးပါက ရာမာ ၅ ဘုရင်ကြီး(King Rama the V’s ) ၏ကျွန်းသားအတိနှင့်တည်ထား
ပြီးအခန်းပေါင်း (၃၃)ခန်းပါရှိသော ၀ိမာန်မက်နန်းတော် (Vimanmek Palace) ကို
သွားရောက်ကြည့်ရှုကြပြီး တကျောင်းလုံးကိုကျောက်သားအတိ (Marble) နှင့်ဆောက်ထားသော
(Marble Temple or Wat Benchamabophit ) သို့ သွားရောက်ဖူးမျှော်ကြည်ညိုကြပါမည်၊
ညနေစာကို စားသောက်ဆိုင်တွင်(Set menu ) ကျွေးမွေးဧည့်ခံပါမည်၊
ခေတ္တခဏစားသောက်နားနေပြီးပါက ချင်းမိုင်သို့ ခရီးဆက်ရန် ရထားပေါ်သို့ တက်ရန်ဘူတာတွင်
အဆင်သင့်စောင့်ကြရပါမည်၊

၁၃ ဧပြီလ ၂၀၀၈
မနက်စာကိုရထားပေါ်တွင် Breakfast နှင့် ကော်ဖီ ကျွေးမွေးဧည့်ခံပါမည်၊
၀၉၄၅ နာ၇ီတွင် ချင်းမိုင်မြို့ သို့ေ၇ာက်ရှိပါမည်၊ Guide မှဆီးကြိုကာ ဟိုတယ်သို့  check in
ဝင်ပြီး ခေတ္တခဏနားပြီး နေ့ လည်စာစားရန် စားသောက်ဆိုင်သို့ သွားကြပါမည်၊
စားသောက်ပြီးပါက ချင်းမိုင်တောင်ပေါ်တွင်ရှိသော (Doi Suthep) သို့ သွားရောက် ဖူးမျှော်ကြည်ညို ကြပါမည်၊
ပြီးလျှင် (Phrasing Temple နှင့် Chedi Luang Temple ) များသို့ သွားရောက်ဖူးမျှော်ကြည်ညို
ကြပါမည်၊ ညနေစာကို Kantoke Dinner ဖြင့် ကျွေးမွေးဧည့်ခံပါမည်၊
ပြီးလျှင်ဟိုတယ်သို့ ပြန်ပို့ ပါမည်၊

၁၄ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ Mae Taman မြို့ သို့ သွားရောက်လည်ပတ်ကာ
ဆင်ရိုင်းများကိုမည်ကဲ့သို့ လိမ္မာယဉ်ကျေးအောင်လေ့ကျင့်သင်ပေးကြောင်းလေ့လာ
ကြည့်ရှုကြမည်၊ Mae Taeng မြစ်တွင်ဆင်ဆွဲသောအပျော်စီးဖောင်များကိုလည်းစီးနိုင်
ပါသေးသည်၊ နေ့ လည်စာစားပြီးလျှင် သစ်ခွခြံသို့ သွားရောက်ကြည့်ရှုကြမည်၊
ချင်းမိုင်သို့ ပြန်လာကာညနေစာစားပြီးဟိုတယ်သို့ ပြန်နားမည်၊

၁၅ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ Wiang Kum Kam နှင့် Waroros ဈေးသို့ှ့shopping
သွားကြရင်း သင်္ကြန်ရေကစားကြမည်၊ နေ့ လည်စာစားပြီးလျှင် အိမ်တွင်းလက်မှုလုပ်ငန်းများ
ဖြစ်သော ထီးလုပ်ငန်း ။ ပိုးထည်လုပ်ငန်း။ ငွေထည်လုပ်ငန်းများကိုလေ့လာကြမည်၊
ညနေ ၃-၄နာ၇ီလောက်တွင်ချင်းမိုင်ဘူတာကြီးသို့ သွားကာဘန်ကောက်သို့ ပြန်ရန်ရထားစီးကြမည်၊
ညနေစာကို ရထားပေါ်တွင် ကျွေးမွေးဧည့်ခံပါမည်၊

၁၆ ဧပြီလ ၂၀၀၈
ဘန်ကောက်သို့ မနက် ၀၆၄၅ နာ၇ီတွင်ရောက်ရှိ၍ ဘူတာမှဟိုတယ်သို့ ကားဖြင့်ခေါ်
ဆောင်သွားပြီးလျှင် မနက်စာကို ဟိုတယ်တွင်ဘူဖေး သုံးဆောင်ကာ ခေတ္တနားကြမည်၊
၁၀နာ၇ီတွင် ရွှေဘုရား(Wat Trimit)နှင့် လေးမျက်နှာနတ်မင်းကြီး(Erawan)သို့ 
သွားရောက်ကြည်ညိုကြပါမည်၊ နေ့လည်စာစား ပြီးလျှင် Siam Paragon, Siam Aqure, Siam Discovery, Isetan, World Trade နှင့် MBK Centre များတွင် ဈေးဝယ်ကြမည်၊
ညနေစာကို Sky Baiyoke ( ဘန်ကောက်တွင်အမြင့်ဆုံးအဆောက်အဦး)ပေါ်တွင်
သုံးဆောင်ကြရင်းဘန်ကောက်မြို့ ၏ညအလှရှုခင်းကိုရှုစားကြရမည်၊
ဟိုတယ်သို့ ပြန်ကာအနားယူကြမည်၊

၁၇ ဧပြီလ ၂၀၀၈
မနက်စာကိုဟိုတယ်တွင်သုံးဆောင်၍ ၀၆၃၀နာ၇ီတွင် ဟိုတယ်မှ Suwannabhumi လေဆိပ်သို့
ပြန်လည်ပို့ ဆောင်ပေးပါမည်၊
၀၉၄၀ နာ၇ီတွင် လေယာဉ် ဖြင့် ရန်ကုန်မြို့ သို့ ချောမောစွာပြန်လည်
ရောက်ရှိပါမည်၊


တဦးလျှင် ၅၃၀ ဒေါ်လာ (နှစ်ယောက် ရှယ်ယာအိပ်ခန်း)
တဦးထဲတခန်းနေလျှင် ၉၅ ဒေါ်လာ(တစ်ယောက်ခန်းနေ အပိုငွေ) ထပ်ဆောင်းပေးရပါမည်၊
လူဦးေ၇ကန့် သတ်ထားပါသဖြင့် လိုက်ပါလိုသူများ(၂၉ ဖေဖော်ဝါရီ ၂၀၀၈) နေ့ 
နောက်ဆုံးထား၍စာရင်းပေးကြပါရန်၊

Tour Fee တွင်အပါအ၀င်ဖြစ်သည်မှာ- - -
၁၊ ဟိုတယ် (၃)ည (3Star Class)
၂၊ အစားအသောက် (Standard Menu)
(မနက်စာ ၅ နပ်။ နေ့ လည်စာ ၅ နပ်။ ညစာ ၅ နပ် )
၃၊ ဧည့်လမ်းညွှန် (အင်္ဂလိပ်စကားပြော)နှင့်အဖွဲ့ ခေါင်းဆောင် (မြန်မာစကားပြန်)
၎၊ ၀င်ကြေးများ (အစီအစဉ်တွင်ဖေါ်ပြထားသည့်အတိုင်း)
၅၊ လေအေးစက်တပ်ဘတ်(စ်)ကားကြီး (တစီးလူ ၄၀ ဆန့် ကား)
၆၊ ဘန်ကောက် -ချင်းမိုင်-ဘန်ကောက် မီးရထားလက်မှတ်
(အိပ်စင်ပါ-ဒုတိယတန်းလက်မှတ်)
၇၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် အသွားအပြန် လေယဉ်လက်မှတ်
၈၊ ခရီးသွားအာမခံ

Tour Fee တွင်အပါအ၀င်မဖြစ်သည်မှာ- - -

၁၊ မိမိ၏ကိုယ်ပိုင်အသုံးစရိတ်များဖြစ်သော- -အချိုရည်ဖိုးများ။ တယ်လီဖုံးခများ။
အ၀တ်လျှော်ခများ စသည့်အသေးသုံးများ။
၂၊ ခရီးစဉ်တလျှောက်လုံးအန္တရာယ်ကင်းစွာမောင်းနှင်ပေးသောဒရိုင်ဘာနှင့်
မိမိတို့ အားထိုင်း၇ာဇ၀င်များနှင့်နေ၇ာအနှံ့ ပြည့်စုံအောင်လိုက်လံပြသပေး
ပြီးရှင်းပြသောဧည့်လမ်းညွှန်တို့ အတွက်စေတနာအလျှောက်ဘောက်ဆူးများ။
၃။ လေဆိပ်သုံးစွဲခများ၊ ရန်ကုန်နှင့် ဘန်ကောက် (Airport Tax)
၎။ ထိုင်းဗီဇာခ
၅။ နိုင်ငံကူးလက်မှတ်ဆောင်ရွက်ခနှင့် နိုင်ငံကူးလက်မှတ်ခ

လိုက်ပါလိုသူများ ဆက်သွယ်ရန်
ရန်ကုန်မြို့ရှိ
Agents: SM Tours & Transport Co., Ltd. (http://www.smmyanamr.com)

4 comments:

မင်းကျန်စစ်။ said...

အန်တီမီရေ လိုက်ချင်တယ် လာခေါ် :( တခါမှ သွားဖူးသေးဘူး။ ဒီမှာ တကျန်လဲ ချိဘူး :((

ကောင်းကင်ကို said...

မမီကော ဘန်ကောက်လာမှာလားဗျို့ ။ :-)

Anonymous said...

i believe it is impossible to go 6shopping centre only one day after lunch. trust me..just see??? Platinum centre is cheap n fashion one.:)

MELODYMAUNG said...

>>မင်းကျန်စစ်ရေ နာလာခေါ်ဖို့ လေယာဉ်လက်မှတ်ပို့ပေးပါကွယ်
>> ကောင်းကင်ကိုရေ လာဖြစ်ချင်မှ လာဖြစ်မယ်ဗျာ၊ မသေချာသေးဘူး။ မြန်မာမှာလဲ ဧည့်သည်တွေရှိနေမှာမို့လေ
>> အမည်မသိရေ စိတ်ဝင်တစား ထောက်ပြတာ သိုင်းခရုပါ။ ပြောမယ်ဆိုရင် ဈေးတွေ တခုပြီး တခု လိုက်ပို့ပြီး စောင့်မနေတော့ဘူးဗျ။ ကိုယ်ဝယ်ချင်တဲ့ shopping center မှာ ချထားပေးခဲ့မှာလေ။ ပြီးမှ ညစာစားဖို့ ဟိုတယ်ကနေ ပြန် pick up လုပ်မယ်နော်။ အသေးစိတ်သိချင်သေးရင် phone ဆက်မေးမြန်းနိုင်ပါသည်ရှင့် ..ကျေးဇူးတင်ပါသည်။