Thursday, January 10, 2008

Staff vacation (သို့မဟုတ်) မယ်လိုဒီ၏ ခရီးသွားတောလား(၂)

7ရက်နေ့ကတော့ ကျိုက်သလ္လံဘုရားကိုသွား၊

ဘုရားပေါ်မှာ ပြုသမျှကုသိုလ်တွေအတွက် ခေါင်းလောင်းထိုး အမျှဝေ
(ရှေးဟောင်းခေါင်းလောင်းတွေ ၄လုံးလောက်ရှိတယ်ဗျ)
လမ်းတလျှောက်က ရွာတွေ အလှ ရှုခ်းအလှတွေ ဝေေ၀ဆာဆာကို ကြည့်ရှုရင်း ဓာတ်ပုံတွေရိုက်ကြ။
ဒီပုံက ငန်းတေးရွာနားက ထန်းပင်တန်းနဲ့ လမ်းမကြီး
အပြန်မှာတော့ ဟိုတယ်တွေ အင်စပက်ရှင်သွား(ငွေမိုးနဲ့ အတ္တရံ ဟိုတယ်ကို)
ပြီးတော့ မော်လမြိုင်မြို့ထဲက တောင်ပေါ်ဘုရားတွေသွားဖူးကြတယ်။
(မဟာမုနိ၊ စိန်တုန်းမိဖုရားကျောင်း၊ ဦးဇိန၊ ဦးခန္တီ၊ ရှုခင်းသာကနေ ညနေ နေ၀င်ဆည်းဆာအလှကိုခံစားကြသေးရဲ့)

မဟာမုနိဘုရားပေါ်က ရှေးတံခါးကြီး
(တခါးကြီးက သော့ခလောက်ကိုဖြုတ်မလားလို့လေ)

စိန်တုန်းမိဖုရားကျောင်းထဲက လှေကားမှာ
(မင်းတုန်းမင်းရဲ့ 46ပါးသော မိဖုရားတွေထဲက ဘယ်နှစ်ပါးမြောက်လဲတော့ သိဘူးဗျ)

ပထမနှစ်ခြင်းအသင်းတော်ရဲ့ church ၀င်းအတွင်းက ဆရာ ယုဒသန်ရဲ့ အုတ်ဂူကိုလဲ ရောက်ခဲ့တယ်။

8ရက်နေ့ကတော့ ရန်ကုန် အပြန်ကို ဘားအံဘက်က ပတ်ပြန်ရင်း
ခရုံဂူဝင်(ခရုံဂူတွင်းတနေရာက)
ကျောက်ကလပ်(ကြောင့်ကမ်လာဘ်)

အသွားလမ်းတနေရာက ကရင်တွေ (ကရင်သွေးတမတ်ပါတဲ့ ကိုစေးထူးရေ သတိရသဗျ)
(ကရင်နှစ်သစ်ကူးနေ့မလို့ ဗုဒ္ဓဘာသာ ကရင်တွေလာကြတာမှ အများကြီး)


လုမ္ဗိနီဥယျာဉ်(ဇွဲကပင်တောင်ခြေက)
အနောက်မှာမြင်နေရတဲ့ ဇွဲကပင်တောင်က ဘက်သုံးဘက်က ကြည့်တာ ပုံစံတူဘူးတဲ့

ဘားအံမြို့ထဲက ရွှေရင်မျှော်(ဖားအံ ငါးအံဘုရား)၊

ပြီးတော့
ဘုရင့်ညီဂူဝင်ပြီးမှ ရေပူစမ်းမှာလဲ ရေနဲနဲ ဆော့
ဘုရင့်ညီဂူတွင်း တနေရာ
ဆက်ပြီး သထုံ၊ ကျိုက်ထိုကနေ ရန်ကုန်ကို ၉ရက်နေ့ မနက်ကြီး နှစ်နာရီမှာ ပြန်ရောက်တယ်ဗျာ။

ခုလောလောဆယ် ပုံတွေ အရင်တင်လိုက်တယ်နော်။ မနက်ဖန်ကြမှ ထူးခြားတွေ့ရှိချက်လေးတွေကို ထပ်ရေးမယ်လေ။

8 comments:

ကောင်းကင်ကို said...

မမီရေ၊ ခရီးကနေ ဘာလက်ဆောင်ပါလာတုန်း။ လက်ဆောင်လာပေးဦး။ သူများတွေ ခရီးသွားပြီးပျော်ရွှင်နေတာကိုမနာလိုဘူးဗျို့ ။ အဟီး။ :-D

နေဘုန်းလတ် said...

ဇွဲကပင်တောင်ခြေမှာ ရိုက်ထားတဲ့ပုံလေးလှတယ် ... ဝေးနေလို့ ... ။ အဟိး-)

နိုင်းနိုင်းစနေ said...

ကျောက်ကလပ်က ရှုခင်းလှလိုက်တာ.. တစ်ချို့နေရာက ရောက်ဖူးသလိုပဲ
ရေးတေးရေးတေးလေး မှတ်မိနေတယ်.. နာမည်တွေက သိပ်မသိတော့ဘူးး(
ကျေးဇူးပဲ မိလိုဒီ... ဓာတ်ပုံထဲက ကောင်မလေးကို ချစ်စရာကောင်းကြောင်း
ပြောပေးပါး)

မောင်ပွတ် (Mr.Pooh) said...

ရှုခင်းတွေ ရှေ့မှာ ရပ်ရပ်နေတာ ဘယ်တူလဲဂျ။ ရှုခင်းတွေက လှချင်ရက်နဲ့ ... သူရပ်နေတာနဲ့ပဲ ...
.......
...........
.................
.....................
ရှုခင်းတွေတောင် အရောင်မှိန်သွားရပါတယ်လို့ ...ဟဲဟဲ

HAK said...

all I can do is being envious of your trip. I wish I had a chance. Oh well Misfortune of living abroad..
great pictures..loved it.

HAK

chaos said...

ဓါတ်ပုံထဲက ကောင်မလေးက ဘူလဲ
ချစ်ချာလေးနော်

Ka Daung Nyin Thar said...

မီမီက တယ်မိပါလားဂျ ဂလု ဂလု..

အဲ ဒူးရင်းယိုစားချင်လို့ပါ ဟိဟိ

မီမီ ပြန်လာရင် ချားချရာတွေ အညားကြီး ဓာတ်ပုံရိုက်လာခဲ့နော်.. သွားရည်ကျချင်လို့

Myo Kyaw Htun said...

လှလိုက်တာဗျာ။ (ရှုခင်းတွေ)