Saturday, January 26, 2008

ရွှေရောင်သောကြာနေ့ (သို့မဟုတ်) Blues Rock Night

မနေ့ညက ရွှေမန်းမင်းသားက ဒကာတော်ရေမြေ့ရှင်လုပ်လို့ Sakura Tower(အထပ်၂၀) ရဲ့ Thiripyitsaya Sky Lounge မှာ ကော်ကော်သွားသောက်ခဲ့တာ။ 7နာရီခွဲကျော်ကျော် ရောက်ရောက်ချင်းမှာတော့ သုံးလေးငါးဝိုင်းပဲ လူရှိတယ်။ တီးဝိုင်းကတော့ ဆိုတီးနေပြီ။ ထောင့်နားလေးက ထိုင်ခုံနေရာကိုရွေးထိုင်ပြီး ရှုခင်းကို လျှပ်တပြက်ကြည့်လိုက်တယ်။ မီးလာနေတဲ့ အခိုက်မလို့ ရန်ကုန်မြို့ကြီးရဲ့ Night life ကလဲ ရောင်စုံမီးတွေနဲ့ လှမလှ။ ရွှေတိဂုံဘုရားကြီးရဲ့ pagoda view ကိုကောင်းကောင်းကြီးခံစားလို့ရတဲ့ နေရာထိုင်မိတော့လဲ ၀င်းဝါပြီး ရွှေအတိပြီးတဲ့ ဘုရားကြီးကို သပ္ပါယ်လိုက်တာနော်လို့ ခံစားကြည်ညိုမိပါသေးရဲ့။ waiter ကောင်လေး အနားနားရောက်လာတော့ ကော်ဖီပဲသောက်မယ်ပြောပြီး drink menu ကိုကြည့်လို့ ဈေးနှုံးက ဒီထဲက အတိုင်းပဲလား။ ညဆို ၂ဆဆို ကောလဟာလလားမသိလို့ ပြောတော့ ကောင်လေးက ရယ်ပြီး 2008မှာ နေ့ရောညပါ ဈေးအတူတူဖြစ်သွားပီတဲ့ ။ ကောင်းလိုက်တာနော်။ အရင်ကဆို ညဖက်ဈေးကြီးလို့ နေ့ဖက်တွေမှာပဲ သွားသောက်ဖြစ်တာ ခုတော့ ညတွေလဲ သွားလို့ ရပြီဗျ။ တတ်နိုင်တယ်လေ အဟဲဟဲ။ အဲဒါ သတင်းကောင်းနော်။ အဲလိုနဲ့ cappuccino တစ်ခွက်နဲ့ mocha တစ်ခွက်မှာလိုက်တယ် ။ နှစ်ခွက်မှ 5000 ကျပ်ပဲ ဆိုတော့ တန်မှတန်ပေါ့။ အထပ်အမြင့်မှာ ခပ်မြင့် မြင့် သောက်ဖို့ ဒီလောက်ပဲ ကျတယ်ဆိုတော့ ခါတိုင်းသွားသောက်နေကျ Aroma, Black Canyon, California တို့ J-Bon တို့ကို ဘယ်သွားချင်တော့မလဲနော်။ ဒီပဲလာမှာပေါ့ (အဟဲဟဲ ကြော်ငြာနေတာမဟုတ်ဘူး) ရွှေမန်းမင်းသားက ပြောတယ်။ လန်ဒန်မှာဆိုရင်တဲ့ အရင်ခေတ်လက်ရာကို ထိန်သိမ်းထားတော့ ကျောင်းတွေကလွဲရင် အထပ်အမြင့်တွေ သိပ်မရှိဘူး။ ငါးထပ်ခြောက်ထပ်ပဲတဲ့။ သိပ်မြင့်တာမှ ဆယ်ထပ်လောက်ပဲတဲ့။ ပြီးတော့ အဲလို အထပ်အမြင့်မှာ ဖွင့်ထားတဲ့ ဆိုင်တွေဆိုရင် too expensive ဆိုပဲ။ သူကတော့ သဘောကျနေပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာနေတာတောင် မှန်နောက်က မြင်ရတာအားမရလို့ အပြင်ဖက်တောင် ထွက်ချင်နေသေးသတဲ့ ။ :P
ကော်ဖီသောက်ရင်း စကားတွေပြောရင်းနဲ့ လာတဲ့သူတွေလဲ များသထက်များလာလိုက်တာ။ ၀ိုင်းအပြည့်လောက်ဖြစ်သွားတယ်။ ဆိုလို့တီးလို့လဲ ကောင်းတုန်း။ နားထောင်လို့လဲကောင်းတုန်း။ သူကတော့ percussion တီးတာကို သဘောကျသတဲ့။ ကျမကတော့ တီးတဲ့သူကိုပဲငေးနေတာ။ (သူက ကျမ၀တ်ထားတဲ့ အင်္ကျီနဲ့ အရောင်ဆင်တူလို့ပါလေ) နောက်ထပ်လူအုပ်စု ထပ်ရောက်လာတာ ခုံမရှိတော့ အယောက် နှစ်ဆယ်စာလောက် စားပွဲအရှည် ထပ်စီစဉ်ပါတယ်။ အော်စည်လိုက်တာနော် ။ ဒါပေသိ foreigner တွေချည်းပဲ ။ မြန်မာက ကိုယ်တွေ အပါအ၀င် ဆယ်ဂဏာန်းတောင် ရှိပါ့မလားမသိ (၀န်ထမ်းတွေမပါပဲပေါ့)။ သတိရမိသေးတယ် 2006 ခရစ်စမတ်တုန်းက ဘန်ကောက်မှာ Baiyoke Suite ရဲ့ 24ထပ်မြောက်က sky lounge မှာ Japan, Thai, Italian ဘူဖေးကို တစ်ယောက် 10$ နှုံးနဲ့ စားရဖို့ အရေး လာမဲ့ အချိန်နဲ့ လူအရေအတွက်ကို reserved လုပ်မထားရင် နေရာရဖို့ မသေချာလောက်အောင် ထိုင်းလူမျိုးတွေ အပြည့်နီးပါးနဲ့ စည်တဲ့ ညကိုလဲ အံသြမိသေးရဲ့။ သူတို့က အဲဒီမှာ ကင်လိန်းလိမ်း(အပျော်စား) ပါတဲ့။ ရန်ကုန်မှာ အထပ်မြင့် သွားစရာဆိုလို့ ရှားရှားပါးပါး ရှိတာလေးကို ခုတော့ ဒီမှာတော့ နော် ဟွန့် :(


ည 9နာရီကျော်တော့ တီးဝိုင်းသံကလဲ နားထဲမှာဆူလာတယ်။ သူတို့ foreigner တွေ သောက်ကြ၊ ဓာတ်ပုံတွေရိုက်ကြ၊ ထုံးစံအတိုင်း နှုတ်ဆက်ကြတာတွေ မြင်ရင်း မူးလာလို့ ပြန်လာခဲ့ကြတယ်။ foreigner တွေထဲမှာ အဖြူတွေအပြင် ဂျပန်လူမျိုး မြန်မာစကားပြောတဲ့သူတွေလဲ တွေ့မိပါရဲ့။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ချစ်ချစ်နဲ့ဖြစ်ဖြစ် သွားလို့ အဆင်ပြေ ဈေးနှုံး သင့်တင့်တဲ့ နေရာလေးတခုမို့ လက်တို့ပြီးတော့ ပြောလိုက်ပါရစေနော်။

အော် ဒါပေသိ ရေတော့ မှာမသောက်မိစေနဲ့ ။ 2000 ကျပ် နော်။ မတန်ဘူးလားလို့ (ဟိဟိ)

ကဲ.. မလာခင်မှာ ထုံးစံအတိုင်းကြာတတ်တဲ့ ကျမကို ရပ်စောင့်ပေးတာရော၊ ကော်ကော်တိုက်တာရော၊ လန်ဒန်က အကြောင်းတွေ ပြောပြတာရောကို ကျေးဇူးတင်ကြောင်း ဒီပို့စ်လေးနဲ့ ရောပြောလိုက်တယ် ရွှေမန်းမင်းသားရေ။

1 comment:

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော်တို့ကျတော့ မပါဘူး။း( ။ လန်ဒန်အပြန် ဒီဘက်ကိုလှည့်ဝင်ခဲ့ပါလို့။