Tuesday, January 22, 2008

ခပ်စိမ်းစိမ်းပဲနေတော့မယ်

လွမ်းလွန်လွန်းပေမဲ့

လွမ်းချင်လွန်းတာတောင်မှ

လွမ်းခွင့်မရှိတဲ့ ဘ၀မို့

လွမ်းမျက်ရည်မိုးတွေသာ

ကြွေကျ..မြေခ…


လွမ်းမိုးတွေစွေ

လွမ်းနှင်းပွင့်တို့ဝေ

လွမ်းနွေရက်တို့တာရှည်

အဆင်မပြေ ဒီရာသီတွေနဲ့ပဲ

နေမရ..ဖြေမရ…


ကိုယ်နဲ့မင်းနဲ့ အတူ

ပျော်ရွှင်ခဲ့ဖူးတာကိုလဲ

မင်းကတော့ သတိမှရပါလေစ

ဒီဘ၀..ဒီမျှနဲ့ပဲ ..(တော်ပါပြီကွာ)

သံသရာရှည်ရှည် မခံစားစေလိုလို့

ကဲ…ခပ်စိမ်းစိမ်းပဲနေတော့မယ်..။

2 comments:

ကလိုစေးထူး said...

ရုပ်ရှင်ကားနာမည်ကြီးပါဗျို့။ :D အလကားစတာပါကွာ။ ဘယ်လိုဖြစ်ပြီး ဘယ်သူ့ကို ဘာကြောင့် ဘယ့်ဂလောက်တောင် လွမ်းနေရတာတုန်း။

Mintasay said...

မနာလိုဘူးဗျာ....ခရီးတွေအ၀လျှောက်သွားတာရော..လွမ်းတာတွေရော.......တော်တော်လေးဟုတ်နေတယ်ပေါ့.....ဒါပဲနော်....စားရမယ့်ရက်ဆိုကြိုပြော.........အမှီဆင်းလာခဲ့မယ်