Wednesday, January 16, 2008

ခရီးသွားတုန်း သတိထားမိတဲ့ ထူးခြားမှုလေးတွေ

ခရီးသွားတုန်း သတိထားမိတဲ့ ထူးခြားမှုလေးတွေကို ရေးမယ်ရေးမယ်နဲ့ ခရီးပြန်လာပီး ဘယ်လိုမှ မအားတာနဲ့ မရေးနိုင်ဘူးဖြစ်ခဲ့တာ။ ဒီနေ့မှ အချိန်ရတုန်းလေး သတိရသလောက်စဥ်းစားပြီး ပြောပြဦးမယ်။

မော်လမြိုင် မုံ့ဟင်းခါးတဲ့ အရသာကတော့ ဖျာပုံတို့ မော်ကျွန်းမုံ့ဟင်းခါးတို့ အရသာမျိုးနဲ့ တူပါရဲ့ ။ ဒါပေသိ အမှိုက်တွေ ထည့်စားရတာ ဆန်းသဗျ။ အဟဲ အမှိုက်ဆိုတာ ပဲသီးအစိမ်းတို့ ပဲတိပင်ပေါက်လေးတွေတို့ နံနံပင်တို့ကို ပြောတာပါ။ ကျမက အဲလို ရှုပ်တာတွေ ထည့်မစားတတ်ဘူး။ မစားခင် ဓာတ်ပုံရိုက်မထားလိုက်မိတာလဲ ဆောတီးဗျို။

လမ်းတလျှောက် စားဖြစ်တဲ့ မွန်-မြန်မာ ထမင်းဆိုင်တွေက ဟင်းအရသာ လက်ရာကလဲ ကောင်းမှကောင်းဗျာ။ ပင်ပန်းပြီး စားကောင်းကောင်းနဲ့ တွယ်တာပဲဗျို။ ခရီးပြန်လာတော့ ပိန်မသွားဘူး ပိုဝလာတာ အဟိ


စားစရိတ်ကလဲ သက်သာပါတယ်။ ဆိုင်ကောင်းကောင်းမှာ အ၀စားမှ ဟင်းတပွဲ တို့စရာ ဟင်းရံအစုံနဲ့ ထမင်း တခါပြင်ဆို 1300ကျပ်နဲ့ အ၀စားမှ 1500 ပဲ ကျသဗျ။ လက်ဖက်ရည်ဆို တခွက်မှ 100ကျပ်ထဲ။ တန်မှတန်။


အ၀တ်အစားကတော့ ကရင်မလေးတွေ ၀တ်တဲ့ သင်တိုင်း အကြောင်းပြောချင်တာပါ။ အထက်အောက် အရှည်ဝတ်တာကတော့ အပျိုတွေ ဆိုပဲ။ အပေါ်ကအင်္ကျီနဲ့ ထမီဝတ်တာကတော့ အပျို၊ အအို အကုန် ၀တ်လို့ ရတယ်ဆိုပဲ။ ကရင်ကောင်လေးတွေကတော့ ဟော့ရှော့ အပေါ်က ကရင် အင်္ကျီနဲ့ အောက်က ဂျင်းဘောင်းဘီနဲ့။ ဆံပင်တွေကလဲ အရောင်စုံ၊ ဟိုင်းလိုက် ဖောက်ထားတာတွေရော မိုးကြိုးပစ်ကေတွေရော စုံလို့ စုံလို့။

သွားကြတာကတော့ ဆိုင်ကယ်စီးကြတာများတယ်။ ဒီလို သုံးဘီး တက်ကစီတွေလဲ တွေ့တယ်။

မော်လမြိုင်က (ဗိုက်ပြား) ဘတ်စ်ကားတဲ့

ဒါကတော့

ဘုံပြတ်နဲ့ ပလိုင်းနဲ့ ကောင်မလေး (ချစ်ချာလေးနော် အဟက်ဟက်)


မွန်ပြည်နယ်ထဲက ချစ်စရာ့ အိမ်လေးတွေရှေ့မှာ

နေတဲ့ အိမ်တွေက ချစ်စရာလေး။ ပုံထဲကလိုမျိုး အိမ်ရှေ့မှာ လှေကားတွေတပ်ထားတတ်ပြီး ဘုရားစင်က ခြောက်မြှောင့်ပုံလေးတွေနဲ့ မှန်တွေကလဲ အရောင်စုံလေးတွေ တပ်ထားတတ်ကြတယ်။

တချို့နေရာတွေမှာတော့ ဖက်အိမ်လေးတွေလဲ တွေ့သဗျ။ ဖက်တွေကို သီပြီး အမိုးရော အကာပါ လုပ်ထားတဲ့ အိမ်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာလေးတွေလေ။


ဘုရားတဆူတဆူကို သွားဖူးတိုင်းလဲ တနေရာထဲမှာတင် ဘုရားတွေမှ အများကြီးပဲ ရှိနေတာ။ ကျိုက်မရောကဘုရားမှာဆိုရင် ဘုရားလေးတွေ ပတ်ပတ်လည်မှာ အများကြီးရှိလို့ ၀ိုင်းရယ်ကြတာ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါနဲ့တစ်ခါ အရေအတွက်မတူနိုင်ဘူုးဗျာ။ ကျမရေလို့ရတာက 51ဆူတောင်ပဲ (အတွင်းပိုင်းမပါပဲ အပြင်ပတ်လည်အရေအတွက်တင်) ဘုရားတွေက ဆင်းတုတော်တွေများပါတယ်။ စေတီပုထိုးအနေနဲ့ နဲပါတယ်။

အော် ဒီပုရပိုက်က မင်းတုန်းမင်းကြီး ပုဆိုးကို ပြာချပြီးလုပ်ထားတာတဲ့ (စိန်တုန်းမိဖုရားက အမှတ်တရ)


ကားလမ်းဘေးတလျှောက် ရှုခင်းကတော့ လယ်တွေယာတွေထက် ရော်ဘာခင်းတွေ၊ ကျွဲကောခြံတွေ၊ မရမ်းခြံတွေများသဗျ။

ရော်ဘာခင်းတွေကြားက နေ၀င်ဆည်းဆာကလဲလှမှလှ။

ကဲ ရှိသလောက် ပုံလေးတွေနဲ့ စဉ်းစားရသမျှလေး ပို့စ်တင်လိုက်ပါတယ်။ အားလုံးကျေနပ်နိုင်ပါစေနော်..

ဒီခရီးစဉ်ကို အော်ဂန်နိုက်ဇ်လုပ်ပေးတဲ့ ဗဟုသုတတွေအများကြီးဝေမျှပေးတဲ့ ရုံးက ဂျပန်ဧည့်လမ်းညွှန် အစ်ကိုကြီး ရန်စံ (သို့မဟုတ်) ကိုကြီးအေးထွန်းကိုလဲ ဒီပို့စ်နဲ့အတူ ကျေးဇူးအထူးတင်ကြောင်းပြောပါရစေဗျို

(ကိုကြီးအေးထွန်းနဲ့ အတူ)

4 comments:

သဉ္ဇာ - Thinzar said...

ရှုခင်းလှလှ ပုံလေးတွေကို တစ်ဝ ကြည့်သွားပါတယ်။

မုန့်ဟင်းခါးထဲမှာ အမှိုက်ထည့်စားရတယ်လို့ ပြောတာတော့ သဘောကျတယ်။ သဉ္ဖာလည်း အဲလို ရှုပ်နေတာတွေ ထည့်စားရတာ မကြိုက်ဘူး။ အမနဲ့တူတယ်။ =)

ပြီးတော့ မော်လမြိုင်မှာ ကရင် လူမျိုးတွေ များတာလားဟင်။ မွန်လူမျိုးတွေကော ဘာအ၀တ်အစားဝတ်လဲ..

Chit Lay Pyay said...

ဟုတ်တယ် မမီ၊ မမီပြောသလို လေပြေလဲ အမှိုက်တွေ ထည့်စားရတာ ကြိုက်ဘူး၊ ပါးစပ်ထဲမှာ ရှုပ်နေတာ ကို မကြိုက်တာ၊ ပြောပုံလေးကို သဘောကျတယ်။

Yan said...

ဟိုလေ
မွန်အိမ်လေးရှေ့က ခပ်ချော်ချော ကောင်မလေးနဲ့သိချင်ပါတယ်
မိတ်ဆက်ပေးပါဗျို့....

Anonymous said...

http://www.ainmat.com/index.php?/archives/376-unknown.html