Thursday, January 3, 2008

ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ကွယ်

Staff vacation လိုက်သွားဦးမယ်ဗျ။
ခရီးစဉ်ကတော့ အောက်မှာအတိုင်းဗျာ။ အားလုံး 14ယောက်လိုက်မယ်တဲ့။ ပျော်စရာကြီးဝေ့ ခရီးသွားနေတုန်း ဘလော့လေးတော့ ခွဲထားခဲ့ရဦးမယ်ဗျ။

၎.၀၁.၀၈ (သောကြာ) ည(၁၀)နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာပါမည်။

၅ . ၀၁ . ၀၈( စနေ ) မနက် (၅)နာရီတွင် ကင်ပွန်းစခန်း ကို ရောက်သည် ၊ မနက်(၆)နာရီတွင် ကျိုက်ထီးရိုးတောင်ပေါ်
တက်သည်။
နေ့ခင်း (၁)နာရီ တွင် တောင်ပေါ်မှပြန်ဆင်းပြီး ၊ (၂)နာရီတွင် ရသေ့တောင်ကိုရောက်မည် ၊ (၃)နာရီတွင် ကင်းပွန်းစခန်း မှ မော်လမြိုင် သို့ သွားသည်။ မော်လမြိုင်မြို့ ကို ညနေ (၆)နာရီ တွင် ရောက်ပြီး ညနေစာ စားသည် ။ ပြီးနောက် ၎င်းတွင် ညအိပ်သည်။ (လေညှင်းသာတည်းခိုခန်း)


၆ . ၀၁ . ၀၈( တနင်္ဂနွေ ) မနက်(၇)နာရီ တွင် မုဒုံရွာရှိဝင်းစိန် တောရကျောင်းတော်သို့သွားသည်။ ထို့နောက်ကျိုက္ကမီသို့ ဆက်လက်ထွက်ခွာမည်။ လမ်းတွင် သံဖြူဇရပ် တွင် ထိုင်း-မြန်မာ မီးရထားလမ်းနှင့် သံဖြူဇရပ် မဟာမိတ် သချိုင်းကို ဆက်လက် လေ့လာမည်။ ထို့နောက် စက်စဲ ကမ်းခြေ သို့ ၀င်ရောက်၍ ကျိုက္ကမီရေလယ်ဘုရား သို့လေ့လာပါမည်။ ထို့နောက်မော်လမြိုင်သို.ပြန်ပါမည်။ (ရွှေဟသ်ာဟိုတယ် )


၇ . ၀၁ . ၀၈ (တနင်္လာ) နေ့လည်(၈)နာရီ တွင် ကျိုက်မရော သို့ သွား ပြီး မော်လမြိုင်မြို့သို့ပြန်လာသည်။ မော်လမြိုင်မြို့ ကို လေ့လာသည် ။
မြို.တွင်း(sightseeing) နှင့်ဟိုတယ် ငွေမိုး နှင့်အတ္တရံ ရဲ့ (inspection) လုပ်ပါမည်။ ထို့နောက် တောင်ပေါ်ဘုရားများ - ကျိုက်သံလန်၊ဦးဇိဏ ၊စိန်တုန်းမိဖုရားကျောင်းတိုက်များကိုလေ့လာပါမည်။ မော်လမြိုင်မြို့တွင်ညအိပ်မည်။ (ရွှေဟသ်ာဟိုတယ် )

၈ . ၀၁ . ၀၈ (အဂါ) မနက်(၈)နာရီ တွင် မော်လမြိုင်မြို့ မှ ထွက်ခွာပြီး မနက်(၉)နာရီ တွင် ဘားအံသို့ရောက်သည်။ ဘားအံရှိ ဇွဲကပင်တောင် ၊ ဘားအံမြို့ ၊ ဘုရင်ညီဂူ နှင့် ကော့ကွန်းဂူ သို့လေ့လာမည်။ နေ့လည်စာ ကို သထုံမြို့တွင်စားပြီး နေ့လည် (၂)နာရီတွင် ရန်ကုန်သို့ပြန်လာသည် ။

ရန်ကုန်သို့ခန့်မှန်းရောက်ချိန် ည ၇ နာရီ ( သို့) ၈ နာရီဖြစ်ပါသည်။ ပြန်လာမှ ပြန်ဘလော့မယ်ဗျား။

ရန်ကုန် – ကျိုက်ထို – ကျိုက်ထီးရိုး ၁၁၉ မိုင်

ကျိုက်ထီးရိုး - မော်လမြိုင် ၈၉ မိုင်

သံဖြူဇရပ် – ကျိုက္ကမီ ၁၅ မိုင်

မော်လမြိုင် – ကျိုက်မရော ၁၅ မိုင်

မော်လမြိုင် – ဘားအံ ၆၆ မိုင်

ဘားအံ - ရန်ကုန် ၁၇၈ မိုင်

9 comments:

Min Min said...

လျှောက်လည်တာ ကျွန်တော်တို့ အတွက်တောင် မထားတော့ဘူး။ ကုန်ပါပြီဗျာ..

ကောင်းကင်ကို said...

ံHave a nice trip !!! :-)

နိုင်းနိုင်းစနေ said...

ဟေး... ပျော်စရာကြီး..ကျိုက်ထီးရိုးက လွဲလို့ ခုပြောတဲ့နေရာတွေ
ရောက်ဖူးသေးဘူး... ပုံရိုက်ခဲ့နော်..း)
ပီကီနီလေးနဲ့.. ဟား..ဟား

Ashin Kumara said...

Share merits to me after seeing Kyaik-Htee-Yoe n other pagodas.

:)

Mr.Pooh @ မောင်ပွတ် said...

သွားနိုင်ကြပါစေ ... သွားနိုင်ကြပါစေ ... နာလိုဘူး ... ဟွန်း ... ပြန်လာလည်မှ တစ်ယောက်တည်း လျှောက်သွားမယ် ( ကားမစီးဘူး ) ... စတာပါ ... ပျော်ရွှင်ပါစေ မမီရေ။

နေဘုန်းလတ် said...

ဟေး ... ဒူးရင်းယိုဝယ်ခဲ့ဟေ့ ...

ကလိုစေးထူး said...

ပြန်လာရင် ရိုက်ခဲ့တဲ့ပုံတွေနဲ့ ခရီးသွားပို့စ်တင်ပေးပါ။

Pinkgold said...

မမီရေ
ပြန်လာပြီလားဝေ
မောနေလား မောရင်ရေသောက်
အာဘွား

MELODYMAUNG said...

ဒီနေ့ မနက် အစောကြီး 2နာရီမှာ ပြန်ရောက်တယ်ဗျို မှာတာတွေ ၀ယ်လာတယ် ဓာတ်ပုံတွေနဲ့ ခရီးသွားပို့စ်တင်ပါမယ် ခဏစောင့်ပေးနော်..နော် (ခရီးသွားနေတုန်း ဘလော့မှာ လာလည်သွားတဲ့ ချစ်တယ်ရင်းများအားလုံးကို ပြုခဲ့သမျှကုသိုလ်ကောင်းမှုတွေအတွက်လဲ အမျှပေးပါတယ် အမျှရလို့ ထပ်ထူ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်)