Thursday, December 20, 2007

စစ်မှန်သောအမြတ်

ကျမရဲ့ ဖေဖေက ကျမလိုပဲ ကဗျာတွေရေးတတ်တယ် ပြီးတော့ ကျမဘလော့ကိုလဲဖတ်လေ့ ရှိတယ်။ (ငယ်ငယ်ကတည်းက ကျမဒိုင်ယာရီတွေ ယူဖတ်တာလေ :P)

စိတ်တိုနေတဲ့ ကျမကို ချစ်သောဖေက ပြောတယ်

စစ်မှန်သောအမြတ်ဆိုတာတဲ့


လုပ်နေတာက တခြား

ဖြစ်နေတာက တခြား

အဲဒါသဘာဝတရား။


ကိုယ်ဖြစ်ချင်တာကို

ဖြစ်အောင်လုပ်လို့ရတာက

ရာခိုင်နှုံးနည်းပေမဲ့

သူဖြစ်ချင်တာဖြစ်နေတာက

ရာခိုင်နှုံးများတယ်ဆိုတာ

(ငါ) သိလိုက်ပြီ။


အဲဒါဘာကြောင့်လဲ

အဖြေရှာကြည့်တော့

ဘယ်သူမပြုမိမိမှုတဲ့။


ယုံရဲ့လား…

တကယ်ပါနော်

တကယ်..တကယ်..စဉ်းစားကြည့်လိုက်

(မင်း) သိသွားမှာပါ။


လုပ်နေရမှာက ကိုယ့်အလုပ်

သူဖြစ်ချင်ရာဖြစ်နေတာက သူ့အလုပ်

သူနဲ့ကိုယ်အားပြိုင်နေမှ

အနိုင်အရှုံးဆိုတဲ့ အဖြေ ထွက်လာမှာပေါ့။


သူရှုံးသူခံ ကိုယ်ရှုံးကိုယ်ခံ

သရေဆိုတော့လဲ

ကျေနပ်ရမှာပဲ…


ဘာပဲဖြစ်ဖြစ်

ဆုံးရှုံးမှုနဲ့ ညီတဲ့တန်ဖိုး ပြန်ရခဲ့ရင်

ကိုယ့်အတွက်တော့

စစ်မှန်တဲ့ အမြတ်ပါပဲလေ.. တဲ့


အဲဒီကဗျာလေး ချစ်သောဖေရေးပေးတယ်။

ကျမတို့ စစ်မှန်တဲ့ အမြတ်ရပါ့မလား…

1 comment:

chaos said...

ဆုံးရှုံးမှုနဲ့ ညီတဲ့တန်ဖိုး

အစ်မရေ
ဒီကဗျာရေးတဲ့ ချစ်မ ဖေရော
ပြန်တင်ပေးတဲ့ ချစ်မကိုရော
ကျေးဇူးပါ
အပြည့်အ၀ခံစားသွားပါတယ်