Wednesday, December 19, 2007

မှန်း…လွမ်း…နမ်း..

ကြည့်လေရာရာ တ၀ဲဝဲမြင် မင်းရုပ်သွင်

“မှန်း”

မင်းပုံရိပ်ပဲ စိတ်ကမှန်း


ခွဲနေရတာ မခံသာလို့ လွမ်းစိတ်ဝင်

“လွမ်း”

ရင်ထဲတိတ်တိတ် ကြိတ်ကာလွမ်း


သံယောဇဉ်နှောင်ကြိုး တစ်ရစ်တိုးလို့ အနမ်းဖိတ်စဉ်

“နမ်း”

အိပ်မက်မှာပဲ စိတ်ကူးယဉ်နမ်း

6 comments:

MELODYMAUNG said...

ဒီကဗျာလေးနဲ့ ပတ်သက်ပြီးတော့ လူဆိုးစာရင်းဝင် သူများကဗျာကို ဂျီတော့ခ်မက်စိ၌ဖျက်လိုဖျက်ဆီးလုပ်ကြသူများ-
ညီလင်းဆက်က စပြီးလာစတာ
နမ်း..စမ်း..ဖမ်း..ကြမ်း...ဖြန်း..ငမ်း..တဲ့ ပြီးတော့ အင့်..ဟင့်..ပင့်..ဆင့်..တဲ့
မင်းယွန်းကလဲ ဖျမ်း..ဗွမ်း..ဗြန်းးးးးတဲ့
မျက်လုံးကလဲ အရမ်း..ကြမ်း..သရမ်း..ဖမ်း..၀ရမ်း..တဲ့
ကိုသန့်ကလဲ အဝေး..ကြွေး..ပြေး..အဝေးး…မတွေးးးး..မပေးးးးတဲ့
ပင့်ဂိုးလ်ကလဲ ၀ုန်း..ဒိုင်း..ဂွမ်း..ဖျန်း..တဲ့
ပီကေကတော့ ဖွတ်..ရွှတ်..ဒိုင်း..တဲ့

Anonymous said...

မိုက်တယ်ကွာ.... ကာရံလေးတွေက... :P

tzm

Pinkgold said...

ဒီမိုကတော့ အလုပ်..လုပ်..ချက်.. မအား.. တအား..
မမ ခွန်မြလှိုင်ကတော့ မှန်း.. နမ်း.. ဖျန်း...
ပါတဲ့ ရှင်.. နောက်ဆက်တွဲများပါ့ိါိ့ါ

thamudayanwe said...

မှန်း..စမ်း..ဖမ်း..ကြမ်း...ရမ်း..တန်း.
ဟားဟား..
ကဗျာလေးကမိုက်တယ်ကွ

ညလေး said...

ကြမ်း....ရမ်း....ဖျန်း..... နောက်ဆုံးကတော့ ပါးချသံပါချင်။ :P

Anonymous said...

ဘာတွေလဲ ဖတ်ရင်းနဲ့ ရှက်လာပီ

မြန်မာ ဘလော့ဂ်ကာ တစ်ဦး
:P