Friday, December 14, 2007

စာတိုပေစ(၄)

“ငါ့စကားနွားရ မပြောရ”

များသောအားဖြင့် ငါသိ၊ ငါတတ်၊ ငါမှန် တယ်လို့ ထင်နေတတ်သေးတာလဲ ပြင်ရဦးမယ်ဗျ။


“အကျိုးမဲ့ ငြင်းခုန် မပြုရ”

အပေါ်ကလို ပြောတတ်သူချင်းတွေ့လို့ ငြင်းခုန်မိမှာမျိုးကတော့ ရှောင်တယ်ဗျို။ လေကုန်တယ် ပင်ပန်းတယ်။ မအားပါဘူးလေ။


“ဂုဏ်ဟူသမျှကို မိမိသာ မလိုချင်နှင့် ”

ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့ ပတ်သက်သူတိုင်းကနေ ကိုယ့်ကို အကောင်းချည်းမြင်စေချင်သားဗျ


“ချီးမြှင့်ထိုက်သူကို ချီးမြှင့် ရမည်”

ဒါကတော့ ကျမသူဌေးကို ပြောပြရမယ် အဟိ :P


“ပြည့်စုံအောင် ဆောင်ရွက်နိုင်မည်မဟုတ်သော ကတိကိုမထားရ”

ဒါကတော့ တို့က ပါးပြီးသား လုံးဝ ကတိမပေးဘူး။ အသေသတ်ချင်သတ်ပစ်လိုက် အဟက်ဟက်


“ကတိထားခြင်း၌ မလွယ်ကူအပ်”

အမှားကို ၀န်ချတောင်းပန်လွယ်တဲ့သူနဲ့ ကတိထားတာ လွယ်တဲ့သူက တမျိုးတစားတည်းလို့ လဲ ထင်ပါတယ်။


“ထားပြီးသော ကတိကိုလည်းတည်စေရမည်”

ယောက်ကျားကတိ မိန်းမကတိ မခွဲပဲ လူမှာကတိတည်ရင်တော့ နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်မတဲ့။


ဆရာကြီး ပီမိုးနင်း၏ “တိုးတက်အောင်မြင်ကြီးပွားလိုလျှင်” စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

No comments: