Wednesday, December 12, 2007

သံယောဇဉ်မြစ်တစ်စင်း

ကမ္ဘာကြီးက ရွာကြီးတစ်ရွာ

တစ်နေရာနဲ့ တစ်နေရာ

ကွာဝေးနေတာ မရှိပါတဲ့…


ဒီလိုနီးကပ်စေတာ

အဖြေရှာစရာမလိုပါ

အင်တာနက်ဆိုတဲ့ မြစ်တစ်စင်းကြောင့်သာ..


ရင်ထဲမှာ အကြင်နာကမ္ဘာ

နှလုံးသားရပ်ဝန်းတစ်စုံမှာ

တွယ်တာနေတာကိုယ်စီအသိပါတဲ့..


အကြိမ်ကြိမ်အခါခါတွေ့ချင်တာ

အကြောင်းပြချက်ဖွေရှာ

သံယောဇဉ်ဆိုတဲ့ မြစ်တစ်စင်းကြောင့်သာ..

4 comments:

Chit Lay Pyay said...

ကဗျာမဲ့ လေးပေမယ့် ဟာ့တ်ထိတယ်နော်၊ အင်တာနက်ကြီးကို ကျေးဇူးတင်ပါတယ်၊ မမီ တွေ့ချင်တယ်ဆိုရင် ပြန်လာရင် လာတွေ့ မယ်လေ၊ မုန့်ဝယ်ကျွေးမှာလား၊ ပြီးရင် မန်းလေးလဲ လိုက်လည်မယ်နော်

Angel said...

Let's go by a boat together,
to the same goal of "Peace".

ကောင်းကင်ကို said...

ကဗျာလေးကတိုက်ဆိုင်တယ်ဗျို့။ ရန်ကုန်မှာ နေတုန်းကဆို အင်တာနက်ဆိုတဲ့ မြစ်ကြီး လုံးဝစီးခွင့်မရှိတော့ရင်ဆိုတာ တွေးပူပြီး အိပ်မပျော်တာတွေ ဘာတွေ ဖြစ်ခဲ့ဖူးသေးတာပေါ့။ :D

ဂျစ်တူး - gyit_tu said...

လွမ်းစရာကြီးး)