Monday, December 10, 2007

ရိုးရိုးလေးတွေးမိ..

ဆောင်းနှင်းဖွေးဖွေး
လေနုအေးသွေးလို့
စောင်ခြုံကွေးရင်း
ရိုးရိုးလေးတွေးမိ..
နင့်ကို..ငါ..ချစ်၏

6 comments:

Tesla said...

အော်.. ချမ်းမှချစ်တာကိုး မချမ်းရင်တော့ ဆန်းဆန်းတွေးတာလား မချစ်တာလား. ဆိုကြပါစို့..
နေပူကျဲကျဲ လေပူတရှဲရှဲတွင် အိုက်လှောင်စပ်ရင်း ဆန်းဆန်းတွေးသည် နင့်. ကို ငါ မုန်း သည်.။ အဲ့လိုလား. :P

MELODYMAUNG said...

လေပူကလဲ ဘာပုလို့ တရှဲရှဲ မြည်ရတာတုန်း
အော် အော် သိပီ သိပီ မြည်ချင်မြည်မှာပေါ့ ကိုကိုတက်စ်က နားရွက်ကားတော့ လေတိုးတာကိုး အဟက်ဟက်

chaos said...

အားပါး
စာသားလေးက
နဲနဲနဲ့ ထိထိမိမိပါလား
ချစ်မရ

MYO HAN HTUN said...

စောင်ခြုံကွေးမှ ချစ်တတ်ရင် ..

အင်း ... ဘန်ကောက်လို ဆောင်းတွင်းတောင် ပူတဲ့နေရာမျိုးဆိုရင် အရေခွံတွေကျွတ်ပြီထင်တယ် .. မမယ်လိုဒီရေ .. :P :D :D

ကိုတိုး

Chit Lay Pyay said...

ရိုးရိုးလေးတွေက ဆန်းတယ်ကွ၊ မိုက်တယ်
ကိုယ်ကတော့ အလွန်အေးတဲ့ ရာသီ ၊ အလွန်ချမ်းတဲ့ ရာသီ ဆိုတဲ့ သီချင်းကို သွားသတိရသွားတယ်၊ ကိုယ့်ဘာသာကိုယ်ပဲ ဆက် ဆိုလိုက်တော့နော်

ဂျစ်တူး - gyit_tu said...

ဟင် .. မီး ကို ချစ်တာလားဟင် အဟီးးး ။