Tuesday, December 4, 2007

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား … တဲ့

သူငယ်ချင်းနေဘုန်းလတ်က သူ့ပို့စ်မှာ ( http://www.nayphonelatt.net/2007/12/blog-post.html) ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လားဆိုပြီး ပို့စ်တင်ထားတာ။ သွားဖတ်မိရင်းနဲ့  ကွန့်မန့်ရေးမလို့သက်သက်ပါပဲ။ ဒီရက်ပိုင်း ကော်နက်စုတ်နေသည် ရုံးမှာ hub ရော broad band indoor unit ကပါ ဂိန်ချင်နေတာ။  ဒေါ့ အိုအာဂျီမဟုတ်သော ဘန်းကျော်မှ ဖတ်၍ရသော ဘလော့များအား မဖတ်ရ၍ လွမ်းနေပါသည်။ ကိုယ့်ဘလော့ကိုလဲ sign in ၀င်မရပါ။ mail to blogger နှင့် ပို့စ်တင်နေရတယ်။ အဲတော့ ကွန့်မန့်ကလဲ ရေးမရလို့ ဒီပို့စ်လေးနဲ့ သူငယ်ချင်းရေ အိတ်ဖွင့်ပေးလိုက်တယ်လေ။

 

သူငယ်ချင်းရေ နင်အာပေါက်အောင်ပြောလဲ အဆိပ်ခွက်တွေပဲ ချပေးထားတာလေ ဆေးခွက်တွေက ဘန်းခံထိထားတယ်ဟ လောလောဆယ် ငါစိတ်နာနေမိတာက မြန်မာပြည်နဲ့ ပါတ်သက်ပြီး ပွဲတော်၊ ယဉ်ကျေးမှု၊ နိုင်ငံခြား ခရီးသွားမြှင့်တင်ဖို့ ရည်ရွယ်ရေးထားတဲ့ ငါ့အတွက်ဆို ဆေးတခွက်၊ ငါတို့ ခရီးသွားလုပ်ငန်းကုမ္ပဏီ industry ထဲက ၀န်ထမ်းတွေ stakeholder တွေပါဝင်ပါတ်သက် အသက်မွေးဝမ်းကျောင်း ပြုမဲ့သူတွေအတွက် လည်း ဆေးတခွက် ဖြစ်ကောင်းဖြစ်မယ်လေ။ ဒီမှာ (http://topics192.blogspot.com/search/label/Myanmar) အဲဒီလင့်ခ်လေးလဲ ဘန်းခံထိလိုက်တော့  ငါ့ဆေးခွက်လေး မှောက်သွန်ခံရသလိုပဲ ချက်ချင်း ခံစားမိတယ်။ ဆိုလိုတာကလေ ဒီမှာရေးသမျှက positive thinking တွေချည်းပဲဆိုတော့  ဘာအကျိုးမှ မထိခိုက်ဘူးလို့ ထင်တာပဲ။

 

ပြန်စစ်ကြည့်တော့မှ တော်သေးတာပေါ့ အဲဒီ ဆိုဒ်တခုလုံးကို ဘန်းထားတာ မဟုတ်ပါဘူး။ ဘလော့စပေါ့ကိုဘန်းထားတာပါ။ MPT ကလည်း ဘလော့တွေကို ဘန်းလိုက်တာကို rapster88(http://blog.atomicdevelopment.net/2007/11/mpt-blog-ban.html ) ဆီမှာ (၂၇.၁၁.၀၇) မနက်ကပဲ Ban လိုက်တယ် ဖတ်မိလိုက်တော့  လူက ထူပူခံစားသွားတာပါ။ ဘန်းသွားသမျှတော့ မည်သူ့ကိုမျှလဲ အပြစ်မတင်လိုပါဘူး။ ဒါပေသိ စေ့စေ့ကြည့်တော့ ရေးရေးပေါ် ဆိုသလိုပဲ အမှန်မှာက အစကတည်းက ဘလော့စပေါ့တွေ ဘန်းထားလျက်နဲ့တောင် ဘန်းကျော်ဖတ်တာ၊ ဘန်းကျော်ပီး ပို့စ်တင်တာ အခုလို ခက်ခက်ခဲခဲ လုပ်ရတဲ့ အခြေအနေ၊ အချိန်တွေကို အကျိုးရှိရှိ အဆိပ်ခွက်တွေ ဘယ်လိုချထားချထား ဆေးခွက်တွေသာ ရှာဖွေသောက်ကြဖို့  အကျိုးရှိမဲ့စာပေတွေလိုမျိုး ဆေးခွက်တွေသာ များများတိုက်နိုင်ဖို့ ကြိုးစားကြရင်း မြန်မာဘလော့ဂါ အသိုက်အမြုံလေး ရှေ့ဆက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်လေးတင်လိုက်တယ်နော်။

4 comments:

CowBoi said...

မမီရေ.. MPT ကပြန်ဖွင့်လိုက်ပီထင်တယ်ဗျ အကုန်ရသွားဘီ ကျနော့ဆီမှာတော့ .. တော်သေးတယ်

ကလိုစေးထူး said...

ဂျာနယ် တစောင်မှာ ဖတ်ရဖူးတယ်ကွ။ အဲဒီတုန်းက ဂျီမေးလ်တွေကို ပိတ်တုန်းကထင်ပါတယ်။ ပညာရှင် တယောက်က ပြောသတဲ့...၊ မြန်မာကွန်ပြူတာ ပညာရှင်နော်။ ဆိုက်တွေကို ဟိုပိတ်ဒီပိတ် လိုက်လုပ်တာဟာ တကယ်တော့ ပုရွက်ဆိတ် အကိုက်ခံရတာလောက်ပဲ ရှိပါတယ်တဲ့။ ရှုပ်တယ်ကွာ။ ကိုက်တဲ့ ပုရွက်ဆိတ်ကို ဖိသတ်လိုက်။ :D

MELODYMAUNG said...

>> ဟုတ်လား cowboi ဒါဆိုရင်လဲပြီးရော
>> ကိုကြီးစေးထူးရေ မကိုက်ရင်တော့ ဖိသတ်ချင်သား ဒါပေသိ အနော်က ကိုက်ခံရဘူးလို့ ကြောက်တယ်ဗျ :(

LIN LET KYAL SIN said...

ဘန်းခံထားရတဲ့ကြားက ခက်ခက်ခဲခဲနဲ့ ရအောင်ရေးသားနေတဲ့ ၊ စာဖတ်ပေးတဲ့ မြန်မာပြည်က မောင်နှမ သူငယ်ချင်းတွေအားလုံးအတွက် စိတ်မကောင်းမိပါဘူး .. ။ မိုးဆိုတာ အမြဲတမ်းမရွာနေသလို အမြဲတမ်းချည်း မိုးခြိမ်းသံ မိုးကြိုးပစ်သံတွေ မထွက်ပေါ်နိုင်ပါဘူး ။ အေးချမ်းတဲ့ ဆောင်းရာသီဆိုတာလည်း ရောက်ကိုရောက်ရှိလာမှာပါ :)