Tuesday, November 20, 2007

Happy Birthday ပါ ဟိုလိုလူရေ

မွေးနှေ့မှာ ပျော်ရွှင်ပါစေကွာ
မွေးနေ့မတိုင်ခင်မှာ ကြုံတွေ့ရသမျှ အဆိုးတွေအားလုံး ပိန်းကြာဖက်ပေါ်ရေမတင်သလို လျှောကျပျောက်ကင်းလို့
ခုလာမဲ့ နှစ်အတွက် အနာဂတ်ရဲ့ ရွှေရောင်နေ့သစ် မျှော်လင့် ချက် အိမ်မက်တွေနဲ့ အစစအရာရာ လုပ်သမျှ အဆင်ပြေပါစေ။
မွေးနေ့မှာ သူငယ်ချင်းတွေကို စားချင်တာကျွေးမယ်ဆိုလို့လဲ ကြားရတာနဲ့တင် ၀သွားပါပီဗျို
တကယ်ကျွေးချင်သပဆိုရင်တော့ ဟို flyer ကြီးက capsule ထဲမှာ မှာလို့ ရတာ စားမယ်ကွာ
မွေးနေ့မှန်းကြိုမသိလိုက်ဘူး ကြိုသိရင်တော့ မွေးနေ့လက်ဆောင် အထုပ်အကြီးကြီး ပို့ပေးလိုက်ပါတယ်။
(ဘာပါမလဲဆိုတာတော့ နောက်နှစ်မွေးနေ့ကျမှပဲ စောင့်ကြည့်တော့နော် ဒီနှစ်က မမီတော့ဘူးလေ ဟုတ်တယ်မလား :P )
ဖြစ်နိုင်ရင် Sedonaမှာ ဒင်နာလိုက်ကျွေးချင်တာ ဆိုတဲ့ မွေးနေ့ရှင်ကြီးရေ နောက်နှစ်မှာ အဲဒီဆန္ဒလဲ ပြည့်ပါစေနော်

အော် မေ့နေလိုက်တာ ဒီနှစ်မွေးနေ့တော့ ငါ က နင့်အတွက် ကားလေး ၀ယ်ပို့လိုက်တယ် သိလား :)

2 comments:

Zin Ko Latt said...

မမီရေ... မွေးနေ့ဆုတောင်းအတွက်၊ မွေးနေ့ပိုစ့်အတွက်၊ မွေးနေ့လက်ဆောင်အတွက်ရော အားလုံးကို ကျေးဇူးပါဗျာ။ နောက်ပိုင်း အခြေအနေပေးရင်တော့ Sedonaက အစားအစာတွေကို ဟို Flyerကြီးထဲက Capsule ထဲမှာစားကြမယ်နော်။ မမီပေးတဲ့ ကားကြီး စီးပြီးသွားကြတာပေါ့။

Mintasay said...

အဲဒါမောင်းလို့ရလား?