Monday, November 26, 2007

Happy Birthday! Winkabar lay (on 25th November)

ညီမလေး ၀င်္ကဘာက အသက် 18နှစ်ပြည့်မွေးနေ့ ဆိုပဲ။
မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမလေး။
မိဘရဲ့ ကျေးဇူးကိုဆပ် သမီးမြတ်ဖြစ်ပါစေကွယ်။
ဆုတောင်းလေးကတော့ နောက်ကျကောင်းနောက်ကျနေမယ် ထင်ပါရဲ့။
ဖတ်ဖူးတဲ့ ဟာသလေးနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ 18နှစ်ပြည့် မွေးနေ့တုန်းက အချိန်လေးကို သတိရမိလို့ ဒီပို့စ်လေး တင်လိုက်တယ်နော်။ စိတ်မဆိုးနဲ့ :P

England က ပန်းခြံတစ်ခုမှာ စုံတွဲတွေက ညဖက်ညဖက် လာလာသောင်းကျန်းသတဲ့။
အဲဒါကြောင့်မလို့ ည ၈နာနရီနောက်ပိုင်းဆိုရင် ရဲက အမြဲ ပတ္တရောင် လှည့်လေ့ရှိသတဲ့။
အဲဒီပန်းခြံမှာက ကန့်သက်ချက်တခု ရှိတယ်လေ။ အသက် ၁၈နှစ်မပြည့် ရင် မ၀င်ရဘူး။ ဘာမှလဲ လုပ်လို့ မရဘူးတဲ့။
တညမှာတော့ အဲဒီ ပန်းခြံအနားမှာ ကားတစင်းက ရပ်ထားရောတဲ့။ ကားထဲမှာက ကောင်မလေး တစ်ယောက်ရှိပြီး ကားခေါင်းရှေ့မှာက ကောင်လေးတစ်ယောက်ထိုင်နေသတဲ့။ အဲလိုနဲ့ ည၈နာရီကျ ရဲကရောက်လာလို့ တွေ့ပါရော။ သူတို့က ဒီလိုပဲ ပုံစံမပျက် ထိုင်နေလေရဲ့။ ကောင်မလေးကလဲ သိုးမွှေးချည်ကို ထိုးလို့ပေါ့။ ည၉နာရီကျလဲ ပုံစံက ဒီအတိုင်းပဲတဲ့။ ရဲက ကြည့်ပီး ပြန်လှည့်သွားပြန်ရော။ ဒီလိုနဲ့ ၁၀နာရီ ထိုးကာနီးကျ မနေနိုင် မထိုင်နိုင် ရဲကလာမေးတယ်တဲ့ ။ မင်းတို့ ဘာလုပ်နေကြတာလဲပေါ့။ ကောင်လေးက ပြန်ပြောလိုက်တယ် သူ့ကောင်မလေး နောက် ၁၀မိနစ်ဆို ၁၈နှစ်ပြည့်မှာကို စောင့်နေတာပါတဲ့ ။ အဟတ်ဟတ် :P

သူငယ်ချင်းကောင်လေးတုန်းကလဲ ၁၈နှစ်ပြည့်ရင် အဲဒီပန်းခြံသွားကြမလားလို့ မေးဖူးတယ်။
အဟဲဟဲ စတာပါ ညီမလေး။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ လိမ်မာတဲ့ ညီမငယ်လေး ဘ၀မှာ အများလေးစား အားကျရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါစေလို့ ထပ်မံ ဆန္ဒပြုလိုက်ပါတယ်ကွယ်။

5 comments:

Winkabar said...

စိတ်မဆိုးပါဘူး။ ဟာသ။ ရယ်ရတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်အစ်မ။ ကျေးဇူးတင်ပါတယ်။
သမီးလည်းသွားစောင့်နေရင်ကောင်းမလား။ စောစောသိလည်းကောင်းသားပဲ။ :P

နေလင်း said...

စစရာလား...:)

သဉ္ဇာ said...

ဟယ်.. ကလေးကို မြှောက်ပေးနေတယ်.. :P

Michael Sync said...

Oh. just read your profile... I found that you are writing in so many blogs.. that's nice..

Anonymous said...

ဒါကြောင့် မမယ်လိုဒီကြီး မန္တလေးက မန်းသီတာ ဥယျာဉ်ကြီးရဲ့တစ်နေရာမှာ ငုတ်တုတ်ထိုင်ပြီး အတွဲချောင်းနေတာကို တွေ့ဖူးသလိုလိုပဲ ဗျာ။ သူများတွေကို ပန်းခြံထဲသွားအောင် မြှောက်မပေးပါနဲ့ ဗျာ .. :P ဟီး ဟီး ဟီး

ကိုတိုး