Friday, November 30, 2007

နင်ဘယ်သူလဲ ..ငါဘယ်သူလဲ..


တက်ဂိမ်းထဲကမထွက်နိုင်သေးဘူးလေ
ခင်မင်သူတွေများလို့ပဲလို့ဖြေပါတယ် (ထင်ရတာကိုပြောတာနော် :P )
အာတာလွတ်မြို့စားကြီးဝင်စားသလားတော့ မသိပါဘူး။ 25ပြားစေ့ပုံ မျက်နှာပိုင်ရှင်(သူကိုယ်တိုင်ပြောသည်) ကဒေါင်းကထပ်တက်လာတယ် ကိုယ့်ကိုယ်ကို ဘယ်သူလဲပြောရမတဲ့

ပြောပြန်ရင် ယုံကြမှာလဲဟုတ်ပဲနဲ့ ခက်ပါတယ်လေ ပုံပဲပြတော့မယ်(ချက်ချာကြီး အဟိ)
ကဲ ဒီမှာကြည့်ကြ အဲဒါ နာ့ပုံကွ
ယုံချင်ယုံ မယုံချင်နေ(မြင်ဖူးတဲ့သူတွေ ကွန့်မန့် မရေးကြေး)

ပုံပန်းသဏ္ဌာန်တော့ ပြောပြီးပြီ။

အမူအကျင့်ကလဲ ဒီမှာရေးထားပီးသားပဲ ဖတ်လိုက်နော်။

လာထား စိတ်နေစိတ်ထားလေး
သဘောကောင်း အပြောချို ပညာတတ် ရုပ်ချော ဥစ္စာတော့ မပေါ အဟဲဟဲ

ဖြစ်ချင်တဲ့ အရည်အချင်းလေးကတော့
အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ တို့လို ကိုယ်အပါအ၀င် တော်ငါးဝ ၀င်ချင်တာပါ။

တော်သင့်ပြီထင်တယ်နော်။ ကြာရင် ချောင်းရိုက်ခံထိမှာစိုးလို့။

အားလုံးပျော်ရွှင်ပါစေ။ ပျော်တတ်လို့ပါဗျို။

12 comments:

နေဘုန်းလတ် said...

မြင်ဖူးသူတွေ ကွန်မန့်မရေးကြေးဆိုလို ၀င်ရေးတာ ...
ဘယ်သူ မယုံယုံ ကျွန်တော်ကတော့ ယုံလိုက်ပါမယ် ...
အမစိတ်ချမ်းသာမှာ ကမ္ဘာကြီး ငြိမ်းချမ်းမှာလေ ... အဟိ

pandora said...

မကြာခင် ပိုပိုအသက်ကြီးလာလို့ရင် တော်တော်လေး ၀ လာမှာပါ။ ပူနဲ့.

Mintasay said...

ငါ့အမကလှသားပဲ
စိတ်ချမ်းသာရင်ပြီးတာပါပဲ

Anonymous said...

ဆေးလှုတ်သောက်ဗျို့ 

Tesla said...

မမီက အင်္ကျီလည်း ပါဘူး ချက်ချာကြီး ခွီခွီ ..

chaos said...

တူကြောတာဟုတ်တယ်
လခထုတ်ပီမလား
အင်္ကျီဝယ်ဝတ်တော့လေ
နာ့မကလဲ
တော်တော်ချောတယ်နော်
စိတ်ချမ်းသာတယ်ဟုတ်
ဟိဟိ

ချမ်းမြေ့ဦး said...

မမရေချောလိုက်တာ မမကိုပြောတာ ဟုတ်ဖူးနော် ပုံထဲကသူ့ကိုပြောတာ အလကားစတာပါ ငါ့အမကလှပြီးသား ကော်ကော်တိုက်နော်

ကလိုစေးထူး said...

ဆေးမလှုပ်မိရင် နည်းနည်းထခုန်လိုက်။ :P

Winkabar said...

အစ်မကသူ့ထက်ပိုပါတယ်။ သူတို့ကမင်းသမီးလေ။ဘယ်သူကသူတို့အကြောင်းသေသေချာချာသိမှာလဲနော်။ အစ်မကပိုကောင်းပါတယ်။
တကယ်ပြောတာပါ။
ဟဲဟဲ မုန့်ကျွေးတော့။ :P

ပီကေ said...

အဲလောက် တကယ် မိုက်ရင် မနက်ဖြန် အမေနဲ့ လာခဲ့မယ်နော်။ ဟတ်ဟတ်။

ရန်ကင်း said...

blog seminar မှာမတွေ့ ထားဖူးဘူးဆိုတော့မော်မယ်မမကိုဒီပုံပါလို့ ယုံလိုက်တော့မယ်ဝေ့....အပြင်မှာတွေ့ ရင်ကော်ကော်တိုက်နော်...
အမကပိုလှပါတယ်ဗျာ။ဒီဓာတ်ပုံကပိန်ပိန်ခြောက်ခြောက်ကြီး။
မြန်မာပြည်ကမမတွေကတစ်ကမ္ဘာလုံးမှာအလှဆုံးဝေ့။
ဟားဟား

tuzzaung said...

blog seminar ဓါတ်ပုံတွေမှာတွေ့ဖူးတယ်။ သူ့ထက်ပိုလှပါတယ်။