Wednesday, November 28, 2007

မောင်ပွတ်သို့ ကိန်းဂဏန်းများနှင့် တမ်းချင်း

ဘလော့တိုင်းမ် 3 ထွက်ပြီဆိုတော့ အလုပ်မအားတဲ့ကြားက အလုပ်တွေဘေးချ ပြုံးဖြီးဖြီးကြီးဖတ်ရင်း အလုပ်ပြုတ်ကိန်းနီးလို့ အမြင်ကတ်လောက်အောင် ရယ်ရတဲ့ စီစဉ်သူတွေကို ကြိတ်ပြီး မေတ္တာပို့ရင်း မောင်ပွတ်ကို သတိရမိလို့ပါ။

သို့ .. မောင်ပွတ်ရေ

တစ်နေ့တစ်ခြား ကြက်အရိုးအသားတွေချည်း အလကားရတိုင်းစားရင်း ကြက်ရုပ်တော့ မပေါက်စေနဲ့နော် (ဘလော့တိုင်းမ် 3 ပါ သတင်းအရ)
နှစ် ဂဏန်းပေးတဲ့ ခြူသစ်ကြောင့် ချဲထိုးကောင်းလို့ လောင်းကစားမှုနဲ့ သံတိုင်နောက် ရောက်ခဲ့ရလေသလားလို့ ဆက်စပ် တွေးတောမိပါရဲ့နော် (ဘလိုင်းတုတ် နှင့် ဘလော့တိုင်းမ် 3 ပါ သတင်း အရ)
သုံးအဖြုံးတွေလဲ လျှော့ဦးနော် ရန်ကုန်မှာ ကိုတက်စ်တို့ ကို ရှောင်လို့ လွတ်ခဲ့ပေမဲ့ စလုံးမှာက မလွယ်လောက်ဘူးကွ သိတဲ့ အတိုင်းပဲလေ
လေးစားရမဲ့ လူကြီး ငါ့ကိုလဲ ဘလော့တိုင်းမ် 3မှာ ဆိုခိုင်းကခိုင်း၊ ဆပ်ပြာပူဖောင်းမှုတ်ခိုင်းနဲ့ တကယ်မလိမ္မာတော့ ပါလားနော်
ဘာပဲဖြစ်ဖြစ် ပါတ်ဝန်းကျင်သစ်ကလူတွေနဲ့လဲ ရေလိုက်ငါးလိုက်နေတတ်ပါစေ။
ဒါနဲ့ ခုနေ စလုံးမှာ တစ်ယောက်တည်းအလုပ်လုပ်နေရတော့လဲ ခြောက်ခြောက်ကပ်ကပ် ဖြစ်နေဦးမလားကွာ
ခုနှစ်ရက် လုံးလဲ အလုပ်တွေချည်း ဖိလုပ်မနေနဲ့ဦးနော် ကျန်းမာရေးကို ဂရုစိုက်ဦး သိလား
ဟာ.. နာရီတောင် ထိုးနေပီ၊ ဗိုက်ဆာလာလို့ ထမင်းသွားစားတော့မယ်ဗျို
သွန်သင် ဆုံးမမဲ့ လူကြီးတွေ (ငါတို့ ) မမြင်ကွယ်ရာ ဆိုပြီးတော့ ကိုးရို့ကားယားတော့ နေ မနေနဲ့နော်
ကဲ..ကဲ ဘာမှ အားကိုးပြီး ရှင်းမပြနဲ့ ငါ့ကို တစ်ဆယ်ချေး အဟီး :P

ဘာရယ်မဟုတ်ပါဘူး သတိရလို့ အပျော်သဘောနဲ့ လွမ်းလိုက်တာပါ။ အမှတ်ရနေဆဲကတော့…
မြို့စားကြီးမွေးနေ့မှာ တိတ်တိတ်လေး ကိတ်ယူလာတာ မပြောပြဖို့ ကြိတ်ကြံတာလဲ သတိရတယ်။
နိုင်ဂန်ဂျားသွားဖို့ သတ်သတ်လွတ်စားလို့ ထည့်လာတဲ့ ထမင်းကြော်ချိုင့်လေးလဲ သတိရတယ်။
ငါ့ကို အင်တာဗျူးချင်လို့ Eleven က ကိုေ-း-ျမ်း ဆိုတဲ့ လူကြီးအနေနဲ့ လုပ်ကြံနောက်ပြောင်တဲ့ အသံကိုလဲ မှတ်မိသေးတယ်။
Blog day seminar မှာ ကိုယ်တိုင်မပါရလို့ ၀မ်းပန်းတနည်း အသံကြီးနဲ့ ဖုန်းပြောခဲ့တာလဲ သတိရတယ်။
ပြီးတော့ ပြီးတော့ … သတိရတယ်ပေါ့ကွာ။

> My dear: Some of us are apart even together with us. But, you are always be with us and we are always be with you forever.Cheers! စော်ကြည် အကြွေးကျေ အသက်ရှည် အလုပ်မလုပ်ပဲ ချမ်းသာပါစေပေါ့နော်။

8 comments:

Mintasay said...

၁၁ ပါးသောမီးငြိမ်းပါစေဗျာ

CowBoi said...

မမီက အရေးကောင်းတော့ ကျနော်က ၁၂ မျိုးဟင်းချိုတိုက်မယ်ဗျာ.. :P

Angel said...

စက်ကြီး 13 ပါးမှန်မှန်ရွတ်နော်။

Angel said...

I say that စက်ကြီး 13 ပါး everyday since I was (14) years old.
If I did not do that, my father did not give me money more than
(15) kyats.

နေလင်း said...

တစ်ဆယ့်တစ်မှာ တစ်နေလို့ ဒုက္ခရောက်နေပြီလား

Mr.Pooh @ မောင်ပွတ် said...

မမီရေ - သတိတရ ရှိနေသေးတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒီပို့စ်လေးက ကျွန်တော်ရဲ့ ရန်ကုန်က အချိန်လေးတွေကို ပြန်သတိရစေပါတယ်။ မမီပြောတဲ့ အဖြစ်ကလေးတွေသာမက လသာလမ်းက ကော်ဖီဆိုင်မှာ၊ ဘုန်းကြီးလမ်းက ကြေးအိုးဆိုင်မှာ၊ နောက်ဆုံး မမီတို့ တိုက်အောက်က လက္ဘ်သုတ်ဆိုင်လေးအထိ ကျွန်တော်တို့ Blogger မောင်နှစ်မတွေ စည်းလုံးပျော်ရွှင်ခဲ့ကြတာတွေကို ခုထိ မြင်ယောင်နေတုန်းပါပဲ။ ကျွန်တော်နဲ့ ကိုနဘလ ရန်ဖြစ်ပြီး စကားမပြောတော့ဘူးလို့ စတုန်းကလည်း ပျော်စရာကောင်းတာပဲနော်။ ကျွန်တော်တို့ ဘယ်လောက်စစ စိတ်မဆိုးတဲ့ မမီကို ဘာကြောင့်မှန်းတော့ မသိ၊ ကျွန်တော် ဘာလုပ်လုပ် နည်းနည်းတော့ စလိုက်ရမှ ကျေနပ်တယ်။း) ကျေးဇူးပါမမီ။ ကျွန်တော်တို့ စုစုစည်းစည်း နေခဲ့တဲ့ အချိန်လေးတွေ မြန်မြန်ပြန်ရဖို့ ဆုတောင်းပါတယ်။ သတိတရနဲ့ ... ခင်တဲ့ မောင်ပွတ်

နေဘုန်းလတ် said...

အဟီး ... လွမ်းစရာလေးတွေ လာပြောနေပြန်ပြီ ...
အဟင့် ... ရွှတ်း-(

ကလိုစေးထူး said...

တစ်ခါတရံအားလပ်ချိန်ရတိုင်း လာဖတ်ဖြစ်တယ်။
နှစ်သက်စရာကောင်းတဲ့ ငြိမ်းချမ်းသံစဉ်တွေက
သုံးစွဲလိုက်ရတဲ့ အချိန်တွေအတွက် အကျိုးရှိစေပါတယ်။
လေးလံထိုင်းမှိုင်းနေတတ်တဲ့ စိတ်က
ငါးမရှိတဲ့ ရေအိုင်တခုလိုမျိုး
ခြောက်တီးခြောက်ကပ် နိုင်လွန်းလှတော့
ခုနှစ်တွေ၊ သက္ကရာဇ်တွေကိုတောင် မေ့တတ်လာတယ်။
ရှစ်ခွင်တိုင်း မှိုင်းချင်းတိုင်း မှိုင်းနေစမ်းပါစေ
ကိုးစား ယုံကြည်နေချင်တဲ့ စိတ်ဓာတ်တွေကို
ဆယ်ယူကြရင်း ရှေ့ဆက်ကြမယ်လေ။