Thursday, November 15, 2007

ပို့စ် တစ်ရာမြောက်ပို့စ်

သူများတွေ ဘလော့ဂ်ရေးတာ တစ်နှစ်မြောက် နှစ်နှစ်မြောက်တွေ ပို့စ်တင်တုန်းက သွားပြီး ကြည်နူးပြီး ဆုတောင်းတွေခြွေဖူးတယ်ဗျ။
ကိုယ့်မှာတော့ ဘလော့ဂ်နှစ်ခုရှိတယ်။ တစ်ခုက English လိုရေးပြီး တစ်ခုက မြန်မာလိုရေးခဲ့တာ။ အဲဒီ ဘလော့ ဂ်နှစ်ခုလုံးက တပြိုင်နက်မွေးဖွားလာတဲ့ အမွှာ မဟုတ်ပေမဲ့လဲ ပိုင်ရှင်က တစ်ယောက်တည်းမလို့လား မသိဘူး မရည်ရွယ်ပါပဲ ထူးဆန်းစွာနဲ့ ဘလော့ ဂ်နှစ်ခုလုံးမှာ တပြိုင်နက်တည်း ပို့စ်တစ်ရာမြောက်ပို့စ်ကို ရေးဖို့ ကြုံလာတော့လဲ မယုံကြည်နိုင်စွာနဲ့ပဲ ထူးထူးခြားခြား ဘာပို့စ်လေး တင်ရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ပဲ ဒီပို့စ်လေးကိုပဲ English လိုရော မြန်မာလိုပဲ တင်ချင်မိတော့တယ်။

လူ့အသက်တစ်ချောင်းကို မွေးဖွားပြီး ကြီးထွားအောင် ပြုစုပျိုးထောင်ခဲ့တဲ့ မွေးမေမေကို ကျေးဇူးအနန္တ တင်သလိုမျိုး ဒီဘလော့ဂ်နှစ်ခုလုံး အဓွန့်ရှည်ရပ်တည်အောင် ထူမတ် စောင့်ရှောက်ပေးခဲ့တဲ့ ဘလော့ဂါရပ်ဝန်းက မောင်နှမ အပေါင်းအသင်း သူငယ်ချင်းအားလုံးကိုပဲ ကျေးဇူးတင်ကြောင်းပြောပါရစေ။
ကျေးဇူးရှင်ဆိုတာမှာ ကောင်းတာပြောပြီး ဖေးမပေးတဲ့ သူရှိသလို မကောင်းတာ အပြစ်ပြောပြီး ဖိနှိပ်သွားတဲ့သူတွေလဲ ရှိတာပဲ။ အဲတော့ ဒုတိယတစ်မျိုးကိုတော့ စိတ်ထဲမှာထားပြီးပဲ ကျေးဇူးတင်ပါရစေ။ ပထမတန်းစား ကျေးဇူးရှင်တွေကိုတော့ နာမည်နဲ့တကွ ဖေါ်ပြပြီး ကျေးဇူးတင်ပါရစေနော်။

28 Feb ကျမမွေးနေ့မှာပဲ ဘလော့ဂ်တစ်ခု ဖန်တီးဖြစ်ပါတယ်။ ဘလော့ဂ်ဆိုတာကို သိမိလိုက်တာကတော့ မြန်မာကျူးပစ် ဖိုရမ်ထဲမှာ ကိုမောင်လှ ဘလော့ကို တွေ့မိရာက စပါတယ်။ ဘလော့ဂ်တခု ရှိပေမဲ့လဲ ဘယ်ကစလို့ ဘာအကြောင်းရေးရမှန်း မသိသေးလို့ နှစ်ပါတ်လောက်ကြာအောင် သူများ ဘလော့ဂ်တွေမှာပဲ လျှောက်လည်ရင်း ဖတ်ဖြစ်ပါတယ်။
အဲဒီလိုနဲ့ 13 March မှာတော့ ပထမဆုံး ပို့စ်လေး စတင်ဖြစ်ပြီး ကျမရဲ့ English Blog လေး အသက်ဝင်လာတာပါ။ ရေးချင်တာလေးတွေ လက်တည့်စမ်းရေးရင်းနဲ့ပဲ မြန်မာဘလော့ဂါ ဖိုရမ်လေး ထဲမှာလဲ မင်ဘာဖြစ်ပြီး လျှောက်မေးလျှောက်နှုတ်ဆက်ရင်း ဘလော့ဂါတွေ တော်တော်များများ ပိုသိလာပါတယ်။ English Blog လေးမှာ ပင်တိုင် လာအားပေးတာကတော့ ကိုရန်အောင်၊ ဘာညာ၊ မဟေမာ၊ မိုက်ကယ်ဆင့် နဲ့ လင်းလက်တို့ပါပဲ။ ဖိုရမ်မှာတော့ ဘလော့ဂါတွေစုစည်းထုတ်ဝေမဲ့ စာအုပ်အစီအစဉ်လေး ဖတ်မိ သိရှိရာကစလို့ အလှူငွေ ထည့်ဝင်ဖို့ ပါဝင်ကူညီဖို့ စိတ်ကူးမိတဲ့အတိုင်း ဆက်သွယ်မိရာက ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုစေတန်ဂေါ့ တို့နဲ့ ခင်မင်ရင်းနှီးလာပါတယ်။ ပထမဆုံးတွေ့ဖူးတဲ့ ဘလော့ဂါကတော့ အလှူငွေ လာကောက်ပေးတဲ့ စေတန်ဂေါ့ပါ။ အွန်လိုင်းကနေ စကားပြောဖြစ်တဲ့ ပထမဆုံး ဘလော့ဂါကတော့ ဟိုလိုလူ(ဇင်ကိုလတ်)ပါ။ ဂျီတော့ခ်မှာ အက်လိုက်ပေမဲ့ ဟိုလိုလူက ဘယ်သူမှန်း စစချင်းမသိလို့ အဆဲခံရတာ အမှတ်တရပါ။ အပြင်မှာ ဘလော့ဂါတွေစုဆုံဖို့ မတိုင်ခင် ရင်းရင်းနှီးနှီး စကားပြောဖူးရာက ယနေ့ထိ ဘလော့ဂါ လှုပ်ရှားမှု မှန်သမျှအတွက် အရင်းနှီးဆုံး တိုင်ပင်ဆွေးနွေးဖြစ်တဲ့ ဘလော့ဂါက မြို့စားကြီး နေဘုန်းလတ်ပါ။

ဒီလိုနဲ့ ဘလော့ဂ်ရေးတာ နှစ်လခွဲလောက်ကြာလို့ 22 May ကျမှ မြန်မာ ဘလော့ဂ်တခု ထပ်ရေးဖြစ်ပါတယ်။ အဲဒီမှာလဲ ညီမလေး အိမွန်စိုးကနေ အများနဲ့ မတူ တမူထူးခြားတဲ့ အမူအကျင့် (၁၀) ခု ရေးရမယ်ဆိုပြီး တက်လာတာနဲ့ ကြိုးစားပြီး ၀င်းဖွန့်နဲ့ ရိုက်ပြီးမှ ကိုရန်အောင်က ဇော်ဂျီဖွန့် ကူညီပြောင်းပေးတာကို ပို့စ်ပြန်တင်ခဲ့ရတာလေ။ အဲဒီ မြန်မာဘလော့ဂ်လေး ရေးဖြစ်အောင် တတွတ်တွတ်ပြောပြီး အားပေးကူညီခဲ့တာ ကိုရန်အောင်၊ ဆီဗုံးမှာ နှုတ်ဆက်အားပေးစကားတွေ လာပြောပေးခဲ့တာ နိုင်းနိုင်းစနေ၊ ကွန့်မန့်တွေကို မကြာမကြာ လာရေးပေးကြတဲ့ ကိုစေးထူး၊ ကိုချမ်းမြစိုး၊ Mayvelous ၊ သမုဒယ၊ ကိုသန့်ဇော်မင်း နဲ့ ကိုတိုး တို့ပါ။

ဘလော့ဂ်မှာ ကလိချင်တိုင်း ကလိလို့ လိုအပ်သမျှ မညီးမညူ ကူညီ ပြင်ဆင် ပြောကြားပေးတာကတော့ ကိုရန်အောင် နဲ့ ကိုချမ်းမြစိုးပါ။

ဘလော့ဂါ လိပ်စာတွေလိုတိုင်း ဘလော့ထဲမှာ ဟိုဟာလေး ဒီဟာလေးတွေ ထည့်ချင်တိုင်း သွားသွားဖတ်ရင်း လူချင်းမတွေ့ခင်ကတည်းက ရင်းနှီးနေမိတာကတော့ ဘလော့ဂါဘိုးအေကြီး ညီလင်းဆက်ပါ။

မြန်မာဘလော့ဂ်လေးလဲ အရှိန်ရလာတော့ ရော ခုနောက်ပိုင်းမှာမှပါ ဘလော့ဂါရပ်ဝန်းထဲကို အသစ်ဝင်လာရင်း ခင်မင် ရင်းနှီးခွင့်ရလို့ လာလည်အားပေးဖတ်ရှုကြတဲ့ ဒီဘလော့နှစ်ခုလုံးမှာ မပျင်းမရိ မငြီးမငွေ့ ဆီဗုံးတွေမှာ နှုတ်ဆက် ကျီစယ်နောက်ပြောင်သွားကြတဲ့ ဘလော့ဂါ မောင်နှမ သူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးအထူး တင်ရှိပါကြောင်းဗျို။

အဲတော့ ဒီပို့စ်ထဲမှာ နာမည် ပါသူအားလုံးရော မမှတ်မိလို့ ကျန်ခဲ့ပေမဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရင်း မှတ်တမ်းမှတ်ရာနဲ့ တကွ ကျေးဇူးတင်လိုက်ပါတယ်နော်။

26 comments:

.မင်းတစေ said...

ကျွန်တော်အမကြီး မသံစဉ်မောင်မောင်ရဲ့ post 100 ပြည့် မြောက်မှာ မထမဦးဆုံး commant ရေးခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါကြောင်း၊ ....post 100 ပြည့်သလို အသက်လည်း ၁၀၀ ကျော်ပါစေဗျာ။

Khunmyahlaing said...

ကျေးဇူးရှင် မှတ်တမ်းလွှာနဲ့ ဘလော့သမိုင်းကြောင်း
ဖတ်ကောင်းအောင် ရောကာရေး
တယ်မွှေးပါတဲ့ ဘလော့သတင်း
ပန်းသတင်း လေညင်းဆောင်
ဘလော့သတင်း ဘလော့ချင်းဆောင်လို့
အမြဲသာပ အောင်မြင်စေကြောင်း ဆန္ဒခြွေ
ကဲ.. ဆရာမ ဆက်ကာသာ ဘလော့ တော့လေ

Tesla said...

အမ် ဒီလောက် ရေးနေတာတောင် အခုမှ တရာပဲ ရှိသေးတာလား ကျွှတ်.. ကျွှတ်.. အနော်လား ငါးဆယ်လား ခြောက်ဆယ်လားသိဘူး .. ဟဲ..

သန့်ဇော်မင်း said...

ဖြောင်း... ဖြောင်း... ဖြောင်း...။

ပိုစ့်၁၀၀ တိုင်မှသည်.... ပိုစ့် ထောင်၊ သောင်း တိုင်အောင် ဘလော့ရပ်ဝန်းလေးထဲမှာ ပျော်ရွင်စွာ ခိုနားနိုင်ပါစေ.....။

ကျွန်တော့်နံမယ်ပါလာလို့.... ကျေးးးးးးးးးဇူး :D

tzm

thamudayanwe said...

အယ်..eng ဘလော့ပါ ၁၀၀ပြည့်သွားတာကိုး
ကျေးဇူးတင်လွှာကို အမှတ်တရpost ၁၀၀မှာရေးတယ်ဆိုတော့ ..မှတ်မှတ်ရရပါပဲ
သူများတွေ၁၀၀ပြည့်ဆိုတော့ကမန်းကတန်းကိုယ့်ဘလော့
ကိုယ်ပြန်ကြည့်ရတယ် ဘယ်တုန်းက၁၀၀ပြည့်သွားမှန်းတောင်မသိလိုက်ဘူး
ဘလော့ကတော့ ဘာပဲဖြစ်ဖြစ် post ၁၀၀ပြည့်သွားပြီနော်..တကယ်တော့၁၀၀ဆိုတာမနဲဘူး
ဘလော့ဆိုတာ..ဘ၀မှာလေ့လာတွေ့ရှိချက်တွေနဲ့ရောပြွန်းနေတော့
စာရေးဆရာတွေထက်တောင်ရေးနိုင်သေးတယ်နော်..
ဘာပဲဖြစ်ဖြစ်ဘလော့လေးရှိတော့စိတ်ညစ်တာတွေရော
ဝမ်းသာတာတွေရောရေးလို့ရနေလို့..
အသက်ရူနေကမျှခံစားချက်တွေ၊တွေ့မြင်ချက်တွေ မျှဝေနိုင်ပါစေလို့..

ခင်မင်စွာဖြင့်

မျက်လုံး said...

မမမယ်လိုဒီမောင်ခင်ဗျားး

ပို့စ်တစ်ရာမြောက်အတွက် ၀မ်းသာ ချီးကျူးပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ ဘလော့လေးကိုလဲ လာရောက်ဖတ်ရှုဝေဖန်ပေးပါဦးလို့။ :-)

မျှားပြာ said...

ဘလော့ပိုစ့် ၁၀၀ မြောက်မှသည် နောင်နှစ်များစွာတိုင်
အဆင်ပြေပြေ ပိုစ့်များဆက်လက်တင်နိုင်ပါစေဗျာ ..။
မု့န်လဲကျွေးဘူး :P

Nhin Pwint Phyu Lay said...

ကျွန်မလည်း ဘလော့ မရေးခင် ကတည်းက အစ်မမောင် ဘလော့နဲ့ ရင်းနှီးနေပီးသားပါ..
ဘလော့လုပ်လိုက်တော့ ပိုရင်းနှီးခွင့်ရသွားတော့ ပိုရင်းနှီးသွားတာပေါ့.. :D
100 မြောက်ပို့စ်မှ.. ၁၀၀၀ မြောက်ပို့စ်မှာလည်း ကွန့်မန် ထပ်ရေးမယ်နော်...
မွား............................ :-*

ခင်တဲ့
နှင်းပွင့်ဖြူလေး

လေးမ said...

၁၀၀ မြောက်မှာ အသာနှောက်ဦးမဟဲ့ လို့ ပုဝါခေါက်ရင်းနဲ့  (ဇာတ်ကရင်းထ လာတာ) လာခဲ့တယ် ...။ နာမည်မပါလို့ ချိတ်ကောက်ပြီးပြန်သွားပြီ...။ ပို့စ်ရာကျော်ထောင်ကျော်ရှည်ပါစေ...။ ပို့စ်တွေရဲ့ အရှင်သခင် ပန်းသီးလေးလည်း ... ဒန်..တန့် ဒန်...။

ကလိုစေးထူး said...

ဆုမတောင်းခင်…၊ တရာမြောက် ပို့စ်ကို ဖတ်ပြီးတော့ စချင်လာတာကို အရင်စလိုက်အုံးမယ်။ ညီမမယ်လိုဒီ ပို့စ်ကို ဖတ်ရင်းနဲ့ အဆိုတော်တွေရဲ့ Live Show ပွဲကို မျက်စိထဲမြင်လာတယ်။ :D အဲဒါနဲ့ တင်စားပြောရမယ်ဆိုရင်တော့ အခုလဲ မယ်လိုဒီမောင် လိုက်ဖ်ရှိုးပေါ့ကွာ။ :P မိုက်ခွက်ကြီး ရှေ့ကနေ ပို့စ်တရာမြောက်အတွက် ကျေးဇူးတင်စကားတွေပြော နာမည်တွေ ကျန်ကုန်မှာစိုးလို့ စာရွက်ကို ငုံ့ကြည့်လိုက်၊ ကျေးဇူးတင်စကားပြောလိုက်၊ တခါတခါဆိုရင် မိုက်ခွက်နဲ့ ပါးစပ်နဲ့ ခလုတ်တိုက်လိုက် :D ။ စိတ်မဆိုးလောက်တဲ့ လူမို့လို့ နောက်တာနော်။ :)

ကဲ…၊ ဆုတောင်းဇာတ်လမ်းပေါ့ကွာ။

ပို့စ် တရာမြောက်မှသည် နောက်ထပ် ပို့စ်များစွာ၊ များစွာကို ပျော်ရွှင်စွာ၊ စိတ်အေးကြည်လင်စွာ၊ ဘလော့ဂ်ဖော် ဘလော့ဂ်ဖက် သူငယ်ချင်းတွေနဲ့ အတူတူ စည်းလုံးစွာ ဆက်ရေးသွားနိုင်ပါစေဗျာ။

ကလိုစေးထူး

Winkabar said...

အစ်မ ဒီတစ်ရာပြည့်မှသည်နောက် အများကြီးဆက်လက်ဘလော့နိုင်ပါစေ။ ဘလော့ရင်းကိုယ့်ကိုကူညီမယ့်သူတွေ့နိုင်သလို ဒီထက်ပိုပြီးလည်းသူများတွေကိုကူညီနိုင်ပါစေနော်။ ဘလော့ရင်းလည်းပျော်ရွှင်ပါစေနော်အစ်မ။

Zin Ko Latt said...

အယ်... တကယ်လား။ တကယ်အွန်လိုင်းမှာ စကားစပြောတဲ့ ဘလော့ခ်ကာက ကျွန်တော်? ဟီးဟီး မြှောက်သွားပြီ။ ကဲ ပိုစ့်တစ်ရာမြောက်မှသည် ထောင်သောင်းချီတဲ့အထိ ရေးနိုင်ပါစေနော်။

ဂျစ်တူး - gyit_tu said...

အိုးး ပထမဆုံးအွန်လိုင်းမှာပြောတာ ဟိုလိုလူ ဆိုပါလား ... ။

မယ်လိုဒီရေ .. လှပတဲ့သံစဉ်တွေနဲ့အတူ ညိမ်းညောင်းစွာ ဆက် ဘလော၈့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ...

အာဘွား အာဘွားး)

နိုင်းနိုင်းစနေ said...

အဓွန့်ရှည်ပါစေ မိလိုဒီရေ...
ပို့စ် (၁၀၀)မှသည် (၁၀၀၀) (၁၀၀၀၀)
နောင်နှစ်ပေါင်း များစွာ များစွာ ရေးနိုင်ပါစေလို့..
အမြဲရောက်ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့်
အရင်လို ခြေရာလေးတွေ မချန်ခဲ့မိဘူး..
မိလိုဒီ နားလည်နိုင်ပါစေး)

ပို့စ်တစ်ရာပြည့်နေ့မှာ အလာနောက်ကျခဲ့ပေမဲ့
ရှန်ပိန်လေးဖောက်လို့ ကောင်းချီးပေးလိုက်ပါတယ်...
“ငြိမ်းချမ်းသံစဉ်နဲ့ ဆက်လက်ချီတက်နိုင်ပါစေ”

ပီကေ said...

ပို့စ် (၁၀၀) ပြည့် ပွဲဆိုပဲ။ အင်း အားကျတယ်ဗျ။
ကျနော် မှတ်မိသေးတယ်။ မမီ မြန်မာဘလော့ဂ် စတင်တော့။ ကျနော်ကို ရော့ ဒါငါဘလော့ဂ်၊ ဖတ်ကြည့်လို့ ပြောတော့ ကျနော်သွားကြည့်တာ၊ ကြည့်ရင်းကြည့်ရင်း ပျင်းလာလို့ ဖတ်ချင်ယောင်ဆောင်ပြီး ဟာ သိပ်ကောင်းတာပဲ မမီရယ် လို့ အားပေးခဲ့ဖူးတယ်။ ဟဲဟဲ။ ချိတ်ချိုးနဲ့နော်။ အခုတော့ တကယ်အားပေး၊ တကယ်ဖတ်နေပါပြီ။ များများရေး၊ များများကျွေးနိုင်ပါစေဗျာ။

စိုးထက် - Soe Htet ! said...

ပို့စ် (၁၀၀) မြောက် အမှတ်တရ ... ကော်ဖီတစ်ခွက် လက်ဆောင် ပို့ထားတယ် ...

နေဘုန်းလတ် said...

မမီရေ ... အမက ပိုစ့်တစ်ရာပြည့်တွေဘာတွေလုပ်လိုက်ဖို့ သတိရသေးတယ်နော်။ ကျွန်တော်ကတော့ ၁၀၁ ကြိမ်မြောက်ပို့စ်ကိုတင်တော့မှာ ဟာ ... ငါ ပို့တစ်ရာတောင်ကျော်သွားပြီဟဆိုပြီး သတိရတယ်ဗျ။
ဘာပဲဖြစ်ဖြစ်ပါဗျာ ... ဘာမှမဖြစ်လာကြတဲ့သူတွေထက်စာရင် ... ကျွန်တော်တို့တွေကတော့ ခြေလှမ်း ၁၀၀ကိုလှမ်းအပြီးမှာ တစ်ခုခုဖြစ်ခဲ့ကြပြီလို့ ခံယူလို့ရပြီပေါ့ ...။ ထပ်တူထပ်မျှ ၀မ်းမြောက်မိကြောင်းပါ ...။

မိုးချစ်သူ said...

ချစ်သော မမမီ
ပို့စ်တရာမှသည် နောက် ထပ် မရေမတွက်နိုင်
သော ပို့စ် များ ဆက်လက်ရေးသားနိုင်ပြီး
ပျော်ရွှင်ငြိမ်းချမ်းသော ဘ၀လေးကို ပါ
ပိုင်ဆိုင်နိုင်ပါစေ

su wai said...

မမီရေ...ပို့စ်တစ်ရာပြည့်သွားပြီဆိုတော့ ခံစားချက် အခုတစ်ရာကို ချပြခဲ့ပြီးပြီပေါ့...။ နောက်ထပ်ရော...ဘယ်လို ငြိမ်းချမ်းသံစဉ်လေးတွေကို ဆက်ပြီး သီကြွေးပြဦးမလဲ ဆိုတာ မျှော်လင့်နေတယ်နော်...။ ပို့စ်တစ်ရာ...တစ်ထောင်...ဆက်ပြီး အမှတ်တရပို့စ်တွေ တင်နိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။

စိုင်းစိုင်း said...

ပိုစ့်တွေများများ ရေးနိုင်ပါစေဗျာ.. မမီရေ

Chit Lay Pyay said...

၁၀၀ မြောက် ပို့စ်မှသည် ၁၀၀၀ မြော်၊ ၁၀၀၀၀ ခု၊ သိန်းခု မြောက်ထိ သက်ဆုံးတိုင် ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

တပြည်သူ အိမ့်ချမ်းမြေ့ said...

မမီရေ…
ငြိမ်းချမ်းသံစဉ်လေးတွေ ဆက်လက် အဒွန့်ရှည်ပါစေနော်..
ခင်တဲ့…

BLACK DREAM said...

ရေးထားတာတွေက တော်တော်ဆုံနေတော့ ဘာရေးရမှန်းတောင် မသိတော့ဘူး..ဟီး..အောင်မြင်တဲ့ blog တစ်ခုကိုပိုင်ဆိုင်နိုင်သလို အောင်မြင်တဲ့ ဘ၀တစ်ခုကိုလည်းပိုင်ဆိုင်နိုင်ပါစေ

BLACK DREAM

pandora said...

ပို့စ်တစ်ရာကနေ ပို့စ်ပေါင်း ထောင်သောင်းများစွာ.
ချစ်မယ်လ် အတွက် ဆုတောင်းရင်း
အာဘွားးးးးးးးးးးး

HH said...

ဟိုက်.. မမီရဲ့ ပိုစ့်ကိုလာပြန်ကြည့်တာ.. အနော့်ကောမန့်ပွတ်ထားတာရှိတော့ဘူး။ အီး.။ ကဲ.. ဒုတိယ တစ်ခေါက်ထပ်ပြန် ကောမန့်လိုက်မယ်အမရေ။ ဘိုလိုရေးကတည်းက နေအခုအပြင်မှာ ပါသိတဲ့အထိ.. မမီရဲ့ ဘလောက်ဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့ ကော ဘလောက်ဖေါ်ဘလောက်ဖက် အနေနဲ့ပါ ဆုတောင်းပေးလိုက်ပါတယ်။ ဆက်၍ ဆက် ၍ ဘလောက်သွားနိုင်ပါစေသော်ဝ်။

ဘာညာပိစိ

MELODYMAUNG said...

17 Nov 07, 18:19
မစ်မက်: post တရာမြှောက်အတွက် မင်္ဂလာပါ ခင်ဗျ။
17 Nov 07, 11:20
လုလု: မီရေ့ ရာပြည့်အမှတ်တရနော်။ လာဖတ်သွားပါတယ်နော်။ နောက်လည်း ပို့တွေ အများကြီးရေးနိုင်ပါစေနော်။
17 Nov 07, 11:09
လူပေ: အစ်မ ရေ ကျေးဇူးပါဗျာ. ကျွန်တော် ယူဇာနိမ်းက mr lupay ပါဗျာ ။ အစ်မ ပို့စ်တွေခုထက်အများကြီးပိုပိုတင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ ။
16 Nov 07, 19:39
ကဗျာလမ်း: ဒီထက်ပိုပြီး ပေါက်ရောက်လာပါစေဗျ။ ခုမှ အွန်လိုင်းတက်လာခဲ့လာပေါ့။ တစ်ရာမြောက်ပို့စ်ကို ဖတ်သွားပါတယ်။
16 Nov 07, 16:31
ဆုဝေ: မမီရေ...အားဆေးတစ်ခွက်လာတိုက်ပါတယ်ဗျို့:)
16 Nov 07, 15:07
မင်းတစေ: လ္ဘက်ရည်ဖိုးလာပေးတာဗျို့
16 Nov 07, 14:59
KM: ပို့စ်တွေထပ်ပြီးတင်နိုင်ပါစေဗျာ။ ပျော်ရွှင်ပါစေ။
16 Nov 07, 14:49
မိုးချစ်သူ: မမမီ ပို့စ်တရာ ကနေ ထောင်သောင်းပေါင်းများစွာ တင်နိုင်ပါစေနော်။ ပျော်ရွှင်ပါစေ
16 Nov 07, 13:43
chaos: ကောင်းတယ်မ တစ်ရာပြည့်ပိုစ့်လေး
16 Nov 07, 11:04
tu tu: ၁၀၀ မြောက်ပိုစ့်ကို လာဖတ်သွားပါတယ် နောက်ထပ်ထောင်သောင်းမကရေးနိုင်ပါစေ..
16 Nov 07, 09:23
စိုးထက် - Soe Htet !: ပို့စ် (၁၀၀) မြောက် အမှတ်တရ ...
16 Nov 07, 09:22
စိုးထက် - Soe Htet !: ကော်ဖီတစ်ခွက် လက်ဆောင် ပို့ထားတယ် ...
16 Nov 07, 09:00
ုကိုဝေ: ၁၀၀ မြောက်ပိုစ့်ကို လာဖတ်သွားပါတယ် တက်ထားတယ်နော် ခင်ရင်ရေးရမယ် ဒါဘဲ ဒါဘဲ
16 Nov 07, 07:53
balargout: I'll comment to you for 100 post
16 Nov 07, 07:50
ပီကေ: မောနင်းဗျို့၊ မနေ့က ၀င်မရလို့ ဒီနေ့မှ ၀င်ရတယ်။ ပို့စ် ၁၀၀ မြောက်တဲ့ပွဲက ဘာမှလဲ ကျွေးဘူး။
နောက်ဆို လာဘူးနော်။
16 Nov 07, 05:29
စိုးထက် - Soe Htet !: ပို့စ်ပေါင်း ထောင် သောင်း သိန်း သန်း အထိ ရေးနိုင်ပါစေ ...
16 Nov 07, 03:22
မင်းတစေ: ၁၀၀ မြောက် post မှာ comment ၁၄ ခှမြင်ရ၍ ၀မ်းသာကြောင်းပါ
15 Nov 07, 23:53
နေသွေးညို: post ၁၀၀ မြောက်ကနေ အသက် ၁၀၀ ထိ ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ ။
15 Nov 07, 14:23
chaos: မမီရေ တစ်ရာမြောက်ပိုစ့်လေးမျှော်နေတယ်နော်

p.s: ကွန့်မန့်ရေးမရလို့ ဆီဗုံးမှာပဲ အော်သွားတဲ့ သူတွေရဲ့ အသံလေးတွေပါ လာကူးထည့်ထားလိုက်တယ်ဗျို