Tuesday, November 13, 2007

အိတ်ထဲမှာ ဘာပါသလဲ ဆိုတော့

စိုင်းစိုင်းက တက်ထားတယ်။ မမီ အိတ်ကို သွန်ချကြည့်ရင် ဘာပါမလဲတဲ့။
သွန်ချချင်ပါဘူး။ အဲလိုလုပ်ရမှာလဲ ရှက်စရာကြီး။

အဲတော့ ချောင်းပဲကြည့်လိုက်တယ်။ ပြန်ပြောပြမယ်။

လွယ်တဲ့ အိတ်က ငယ်ငယ်ကတော့ ဘေးလွယ်အိတ် ခပ်ကြီးကြီး (သို့မဟုတ်) ကျောပိုးအိတ် တောင်တက်အိတ်မျိုး လွယ်တာကြိုက်ပေမဲ့ အသက်ကြီးလာတော့ ရုံးအလုပ်နဲ့ ကိုက်အောင် အမျိုးသမီးလွယ် စလင်းဘက်အိတ် မကြီးမသေးပဲ လွယ်ရတော့တယ်ကွ။
အိတ်ထဲမှာက နှစ်ပိုင်းခွဲထားတယ်ဗျ။ ရှေ့တပိုင်းမှာ visiting card တွေထည့်ထားတဲ့ လိပ်စာ စာအုပ် 3အုပ်၊ ရုံးတံဆိပ်ပါ နာမည်နဲ့ ရင်ထိုးတခု၊ ရုံးသော့ တတွဲ၊ အကြမ်းရေးဖို့ note pad သေးသေးလေးတအုပ် နဲ့ ဖုံးပြောတဲ့အခါ သုံးဖို့ လိုလိုမယ်မယ် hand free တခု ပါတယ်ကွ။
နောက်တပိုင်းမှာကတော့ အကြွေးစာရင်း(အဟဲ အသုံးစာရင်း)မှတ်ထားတဲ့ စာအုပ်သေးတအုပ်၊ tissue တထုတ်၊ မိတ်ကပ်(2way) နဲ့ နှုတ်ခမ်းနီ တစ်စုံပါတဲ့ အိတ်လေးတခု၊ hand cream cube တစ်တောင့်( keyboard ကိုင်တော့ လက်ညစ်ပတ်တယ်ခံစားရင်လိမ်းဖို့ )၊ တွေ့ကရာ ကောက်သိမ်းထားတဲ့ လက်ကမ်းစာရွက်၊ ဆေးစစ်ချက်တွေ၊ ဟို ဘောင်ချာ (ဒီဘောင်ညာ)တွေ :P ပြီးတော့ wallet တခု(အထဲမှာက ဟိုကဒ်ဒီကဒ်တွေနဲ့ သုံးစရာ ပိုက်ပိုက်အနည်းငယ် ပါပါတယ်ဗျ)။
အိတ်နောက်ဘက်က ဇစ်အိတ်အသေးထဲမှာတော့ ဘောလ်ပင်နဲ့ အိမ်သော့ ထည့်ထားလေ့ ရှိပါတယ် (ဖွက်မထားကြေးနော်)။

ကဲ.. ထွေလီကာလီ သိပ်မထည့်ထားပါဘူးနော်။ အိတ်အရောင်ကတော့ အသစ်တုန်းက အဖြူရောင်ဗျာ။ ခုတော့ သုံးရင်းနဲ့ပဲ မီးခိုးရောင်လိုလို မန်ကျည်းမှည့်ရောင်လိုလို ဖြစ်လာသလိုပဲ အဟဲ (တို့က ညစ်ပတ်တယ်နော် အချစ် အဟတ်ဟတ်)

စာကြွင်း။ ။ စာရွက်စုတ်လေးတွေနဲ့ မှတ်ထားတဲ့ အကြွေးစာရင်း(အသုံးစာရင်း ဂဏန်းအတိုလေးတွေ)ကိုတော့ သူငယ်ချင်းတွေက ဖုန်းနံပါတ်တွေမှတ်ထားတယ်လို့ ထင်ဖူးသဗျ :P

No comments: