Monday, November 12, 2007

ကျွန်မကြောက်သော သတ္တ၀ါအပေါင်း

Chaos လေးက တက်ထားတယ်ဗျာ။ ဘာကောင်တွေကြောက်လဲ ပြောပြတဲ့။ Chaos ရေ စာတတန်ပေတဖွဲ့ ကြီးပြောရမှာလားဟင် ။ အားပါဘူး ပျင်းပါတယ်ဆိုမှ။
ဘာပဲဖြစ်ဖြစ် ၀တ္တရားမကင်းတော့လဲ လာလေရော့ ။ ကြောက်တာက မြွေ၊ တီကောင်၊ မျှော့၊ ကျွတ်၊ ခရု၊ ပက်ကျိ ပြောမယ်ဆိုရင် တွန့်လိမ်တွန့်လိမ် ယားကျိကျိကို ကြောက်၏။ ဒါပေသိ သူတို့ထက် ပိုကြောက်ရတဲ့သူ နောက်ထပ် ၃မျိုးရှိသေးတယ်။

နံပါတ်(၁) ပုရွက်ဆိတ်
ကန်တော်ကြီးထဲက သစ်ပင်အောက်မှာ ညောင်းလို့ ထိုင်ပြီးမှ အိမ်ပြန်လာတော့ တက်စီ ကားပေါ်မှာတင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ဖူးတယ်။
သူက ဘောင်းဘောင်းထဲ ၀င်ပြီး နှိပ်စက်လို့ အောင့်ခံပြီး ကားရပ်တာနဲ့ အိမ်ထဲအမြန် ပြေးဝင်ပြီး သူနဲ့ ဖိုက်တင် ပလေးဖူးလို့ ကြောက်တယ်။

နံပါတ်(၂) လင်းနို့
သူငယ်ချင်းအိမ်ထဲ လင်းနို့ ၀င်တော့ မကြောက်နဲ့ မကြောက်နဲ့ ငါ ခြောက်ပေးမယ်ဆိုပြီး ကြက်မွေးနဲ့ ရိုက်ပြီး သူရဲကောင်းဝင်လုပ်တာ။ လင်းနို့က ကိုယ့်မျက်နှာဆီ တည့် တည့် ၀င်တိုးလာလို့ “အမေရေ” အော်ပြီး ကြမ်းပြင်မှာ ပြားပြားဝပ် ငိုခဲ့ ရဘူးလို့ လဲ ကြောက်တယ်။

နံပါတ်(၃) ခွေးစုတ်ဖွား
သွားနေကျ ဆရာမအိမ်ကို စကတ်တိုတိုဝတ်ပြီး ဒန်းအောက်မှာ အိပ်နေတဲ့ ခွေးစုတ်ဖွားကို မမြင်ပဲ ဒန်းပေါ်ကနေ ခြေထောက်လေးရမ်းပြီး သီချင်းလေးညီးလို့ ဆရာမကို စောင့်နေတုန်း သကောင့်သားက နိုးလာပြီး ခြေသလုံးကို နှစ်ချက်တောင် ကိုက်ခဲလို့ သွားရာ ၀နှစ်လုံးပူး ဖြစ်ပြီး ဆေးခန်းမှာလဲ မေးခိုင်ကာကွယ်ဆေးထိုးလိုက်ရလို့ သူတို့ ကို လဲကြောက်တယ်ဗျို။

ကဲ.. အကြမ်းဖျဉ်းလေး ပြောပြလိုက်ပြီ။ အသေးစိတ် ပြောပြရင် ရှက်စရာကြီးမလို့ ဒီလောက်နဲ့ ပဲ ကျေနပ်တော့နော်..နော်။

2 comments:

chaos said...

ကျေးဇူးပါ ချစ်မမရေ
အဟီး ရီတော့ရီရတယ်
မမီကြီးက
လင်နို့် မျက်နှာတည့်တည့်ဝင်လို့ ငိုတဲ့ပုံ ကြည့်ချင်လိုက်တာနော်

Zin Ko Latt said...

ပုရွတ်ဆိတ်တော့ မကြောက်ဘူးဗျ။ လင်းနို့တော့ ကျွန်တော်လည်း တော်တော်ကြောက်တယ်။