Saturday, November 3, 2007

“ငိုင်..ငေး..ငူ..ငေါင်”

မေ့လို့မရတဲ့ အလွမ်းနေ့ညတွေပေး

အတူရှိခဲ့ဖူးတဲ့

တို့ နှစ်ယောက်ရဲ့ အချိန်လေးတွေ ပြန်တွေးရင်း

မနေ့တနေ့ကလိုပဲ သတိရနေဆဲပါ..


ရင်မှာအဖြေရှာ

ဒီဝေဒနာ မဖြေသာပါဘူး

ရက်တွေလတွေ အကြိမ်ကြိမ် ပြောင်းလဲ

အချိန်ဆိုတဲ့ သမားတော်လဲ ကုစားဆဲ..


အစားထိုးမရတဲ့ အချစ်အတွက်

မသာယာတဲ့ အလွမ်းများက နှိပ်စက်

မှိုင်တွေးအပူဆောင်

ငိုင်..ငေး..ငူ..ငေါင်..

3 comments:

ကလိုစေးထူး said...

မှိုင်တွေးအပူဆောင်
ငိုင် ငေး ငူ ငေါင်
ထိုင်ရေးသူ မောင်
:P

MELODYMAUNG said...

ကိုကြီးစေးထူး တော်တယ် တစ်မှတ် အဟတ်ဟတ် အဲလို ဖြည့်လိုက်ရမလား :)

မျှားပြာ said...

ဟင် လုပ်ချလိုက်ပြန်ပြီ ငိုင် ငေး ငူ ငေါင်တဲ့
မမီရေ လိုက်လို့ကို မမှီတော့ဘူးဗျး)