Tuesday, October 30, 2007

ကော်ကော်ခရေဇီ မီမီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

(ကော်ကော် ခရေဇီ မီမီ နဲ့ အတူ ကော်ဖီသောက်မယ်နော်)



ကော်ဖီဘယ်လောက်ကြိုက်သလဲဆိုရင် espreeso လဲသောက်နိုင်တယ်။ mocha နဲ့ cappucino ကတော့ favorite ပါ။ တနေ့ကို အနဲဆုံး 4ခွက်ကနေ 6ခွက် သောက်တယ်။ တပါတ်ကို 7ရက် မသောက်တဲ့ ရက်ကတော့ မရှိသလောက်ပဲ။ တောထဲသွားတောင် ကော်ဖီမစ်ကို ရေနွေးမရရင် လျက်ဆားလို လျက်စားပစ်တယ် အဟဲ။ ကော်ဖီဆိုတာနဲ့ အရသာကို အရောင်ကြည့်ပြီး သိတယ်။ အနံ့ခံပြီးလဲ စွဲတယ်။ အိမ်မှာလဲ မနက်စာ မစားလို့ ဖြစ်တယ်။ မိုးလင်းလို့ မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီမသောက်လို့ မဖြစ်ဘူး။ မသောက်ရသေးရင် လျှာမှာရော ရင်ထဲမှာပါ တခုခုလိုနေသလိုမျိုး ဟာတာတာနဲ့။ ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် ကော်ကော်နဲ့ အတူတူ နေဖို့ဆိုရင်... မေးဖို့ မလိုဘူးနော်။ အိမ်အလည်ခေါ်လဲ ကော်ကော်တိုက်ပြီး ဧည့်ခံတာနဲ့ ချောင်းပေါက်အောင် လာလည်မယ်နော်။ ပြီးတော့ ရှိသေးတယ် တိုးတိုးလေးပြောမယ် စိတ်ဆိုးစိတ်ကောက်နေလဲ ကော်ကော်တိုက်မယ်ဆိုရင် ပြန်ခေါ်တတ်တယ် အဟတ်ဟတ် :P

ကဲ ဒီလို ကော်ကော်ခရေဇီ မယ်လိုဒီ (သို့) မီမီ နဲ့ အတူ ဘယ်လောက် ကော်ဖီ စွဲလန်းလဲ ဆိုတာ ဒီမှာ သွားစစ်ကြည့် ရအောင်နော်။


4 comments:

စိုးထက် - Soe Htet ! said...

27% ထဲပါ ...

MELODYMAUNG said...

နှင်းပွင့်လေး: >:D< ဂွတ်မောနင်း မင်္ဂလာရှိသော မနက်ခင်းပါ.. မီးက ၁မှတ်နဲ့ ကပ်ပီးကျန်ခဲ့တယ် .. ရင်ထု မနာ.. ရန်ထုမနာတွေ ဖြစ်ရပါ ကောတကား :D
31 Oct 07, 03:28
စိုးထက် - Soe Htet !: ကော်ဖီမကြိုက်တော့ ပြဿနာ မရှိ ... :P
31 Oct 07, 01:32
မျှားပြာ: အဟတ် ဟတ် ဂုဏ်ထူးကပ်ထွက်သွားတယ်ဗျ ၇၅ တဲ့ အဟီးးးး အဲဒါကြောင့် ရင်တွေ တုန်တုန် နေပါတယ်လို့ ... ကောင်မလေးတွေ ကြည့်ရလွန်းလို့
30 Oct 07, 19:25
အဉ္ဇလီ: ဟဲလို ... ဘလော့အရှင်ကြီး ... ကျနော့် ကော်ဖီသောက်နှုန်းက ၆၅% ပဲရှိတယ်တဲ့ ... အမလောက် မများသေးဘူး ... ဟီဟီး
30 Oct 07, 17:49
ခွန်မြလှိုင်: ၀ါးး မမီ အဲလောက်ကြီး ကော်ကော် သောက်နဲ့နော် နေမကောင်း ဖြစ်တတ်တယ် တနေ့ ၃ခွက်ထက် ပိုရင် ကောင်းဘူးတဲ့ လှိုင်တော့ ၂ခွက်နဲ့ ရပ်ထားတယ် ၃ခွက်ဆို မှောက်သွားလို့။ မသောက်ရင်လဲ ခေါင်းကိုက်ရော

30 Oct 07, 17:04
မိုးချစ်သူ: ချစ်မ ကော်ကော်က 48% ပဲရတယ်ဗျ။ ချစ်မ နဲ့ကော်ကော်လုသောက်တော့ဝူးနော်။

မယ်လိုဒီမောင်>ကိုစိုးထက်: ဘလော့ဂ်စွဲတာကို စစ်မကြည့်ပဲ မှန်းထားတာက 99% လို့ စစ်ကြည့်လိုက်တော့မှ 65%ပဲ ရှိတယ်ဗျာ၊ ကော်ဖီကတော့ 71% စွဲနေသတဲ့ အဟတ်ဟတ် သိုင်းခရုနော်
(ကော်ဖီခရေဇီတွေရဲ့ ဆီဗုံးမှာ အားပေးမှုလေးတွေလဲ အမှတ်တရအနေနဲ့ ကွန့် မန့်ထဲ လာထည့်ထားလိုက်မယ်ဗျို)

KhunMoung said...

100% စွဲလိုက်တာ မဟုတ်ဘူး။ လျှော့ဖြေထားတယ် ထင်တယ်နော။ :D :P

.မင်းတစေ said...

R u also from YIT?